တိလေးတွေနဲ့ အဆက်အသွယ်ပြုလုပ်နိုင်မယ့် ကမ္ဘာ့ပထမဆုံး PetPhone ထွက်ရှိလာ

461
ရောင်နီ (NP News) - မတ် ၆
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ Mobile World Congress(MWC) မှာ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ GlocalMe ကုမ္ပဏီက အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်မယ့် ကမ္ဘာ့ပထမဆုံး pet phone ကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။
5200 mah ဘက်ထရီနဲ့ 50 ma ကင်မရာ တပ်ဆင်ပေးထားတဲ့ Pet phone ဟာ သေးငယ်ပေမယ့် တိရစ္ဆာန်တွေရဲ့လည်ပင်းမှာ ချိတ်ဆွဲပေးထားရုံနဲ့ တိရစ္ဆာန်လေးတွေ လှုပ်ရှားမှုမှန်သမျှကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် ဖုန်းမှာ တိရစ္ဆာန်လေးတွေရဲ့အသံနဲ့ အပြုအမူကို မှတ်သားထားတဲ့ စနစ်ပါဝင်တာကြောင့် တိလေးတွေ ဒေါသထွက်တာ၊ ဆာလောင်တာ၊ ပျော်ရွင်တာ၊ ဝမ်းနည်းတာတွေကိုပါ အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ်။
သခင်နဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့စနစ်လည်း ပါဝင်တာကြောင့် ပိုပြီး ခံစားချက်တွေ ဖလှယ်နိုင်မယ်လို့ သိရပါတယ်။
အဲဒီ pet phone ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ GlocalMe ကုမ္ပဏီ ဟာ MWC ပွဲမှာ PetPhone အပြင် eSIM၊ OTA SIM၊ CloudSIM USB-C စက်ကိရိယာတွေနဲ့ ဒေတာ ထုတ်ကုန်တွေကိုလည်း ပြသခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
တိေလးေတြနဲ႔ အဆက္အသြယ္ျပဳလုပ္ႏိုင္မယ့္ ကမာၻ႔ပထမဆုံး PetPhone ထြက္ရွိလာ
ေရာင္နီ (NP News) - မတ္ ၆
စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕မွာ က်င္းပတဲ့ Mobile World Congress(MWC) မွာ စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ GlocalMe ကုမၸဏီက အိမ္ေမြးတိရစာၦန္ေတြနဲ႔ ဆက္သြယ္ႏိုင္မယ့္ ကမာၻ႔ပထမဆုံး pet phone ကို ထုတ္ေဖာ္ျပသလာခဲ့ပါတယ္။
5200 mah ဘက္ထရီနဲ႔ 50 ma ကင္မရာ တပ္ဆင္ေပးထားတဲ့ Pet phone ဟာ ေသးငယ္ေပမယ့္ တိရစာၦန္ေတြရဲ႕လည္ပင္းမွာ ခ်ိတ္ဆြဲေပးထား႐ုံနဲ႔ တိရစာၦန္ေလးေတြ လႈပ္ရွားမႈမွန္သမွ်ကို ေျခရာခံႏိုင္မွာ ျဖစ္ပါတယ္။ ဒါအျပင္ ဖုန္းမွာ တိရစာၦန္ေလးေတြရဲ႕အသံနဲ႔ အျပဳအမူကို မွတ္သားထားတဲ့ စနစ္ပါဝင္တာေၾကာင့္ တိေလးေတြ ေဒါသထြက္တာ၊ ဆာေလာင္တာ၊ ေပ်ာ္႐ြင္တာ၊ ဝမ္းနည္းတာေတြကိုပါ အလြယ္တကူ သိႏိုင္မွာျဖစ္ပါတယ္။
သခင္နဲ႔ဆက္သြယ္ေျပာဆိုႏိုင္တဲ့စနစ္လည္း ပါဝင္တာေၾကာင့္ ပိုၿပီး ခံစားခ်က္ေတြ ဖလွယ္ႏိုင္မယ္လို႔ သိရပါတယ္။
အဲဒီ pet phone ကို ကမာၻ႔ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္မွာ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ GlocalMe ကုမၸဏီ ဟာ MWC ပြဲမွာ PetPhone အျပင္ eSIM၊ OTA SIM၊ CloudSIM USB-C စက္ကိရိယာေတြနဲ႔ ေဒတာ ထုတ္ကုန္ေတြကိုလည္း ျပသခဲ့တယ္လို႔ သိရပါတယ္။