တရုတ်နိုင်ငံရဲ့ထိပ်တန်း ကြောင်အလှပြုပြင်ရေးပြိုင်ပွဲမှာ စင်ကာပူက တတိယရရှိ

48

ရောင်နီ (NP News) - စက်တင်ဘာ ၁၅
တရုတ်နိုင်ငံ၊ ဂျာရှင်း၊ ကျဲကျန်းမှာ သြဂုတ် ၁၆ ရက်က ကျင်းပတဲ့ Universal Cat Association Cat Groomer Elite ပြိုင်ပွဲမှာ စင်ကာပူနိုင်ငံကိုယ်စားပြုအဖြစ် တိရစ္ဆာန်အလှပြုပြင်ရေးပညာရှင် မစ္စအက်ဇီမက် ဇာကီယက်အက်မီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယဆုကို ရရှိခဲ့ပါတယ်။
ပြိုင်ပွဲမှာ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ လေးရှားနိုင်ငံတို့မှ ပြိုင်ပွဲဝင် ၁၂ ဦး ပါဝင်ခဲ့ပြီး မစ္စ အက်ဇီမက် က Elite Show Final Cat Grooming Competition နဲ့ Creative Cat Grooming Competition ပွဲစဉ် ၂ ခုလုံးမှာ တတိယရရှိခဲ့တယ်လို့ သိရတယ်။ ပွဲအတွက် မစ္စ အက်ဇီမက် ဟာ ရက်သတ္တပတ်နှစ်ပတ်ခန့် အချိန်ယူခဲ့ပြီး အလှပြုပြင် နည်းပညာတွေကို အာရုံစိုက် လေ့ကျင့်ခဲ့ကာ ပွဲအတွင်းမှာတော့ ကြောင်အမွှေးကို နဂါးပုံစံဖြစ်အောင် အချိန် နှစ်နာရီအတွင်း ပုံသွင်းကာ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ နဂါးပုံစံ အကြေးခွံတွေ တူစေဖို့ ပြုလုပ်ရခြင်းဟာ သူမ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပြီး ပြိုင်ပွဲမှာ သူမရရှိတဲ့ ကြောင်ကလည်း အမွှေးညှပ်ရတာ ခက်ခဲတယ်လို့ ဆိုပါ တယ်။
ပြိုင်ပွဲရဲ့ထိပ်တန်းဆုတွေကိုတော့ တရုတ်၊ ဟောင်ကောင်နဲ့ မလေးရှားနိုင်ငံတို့မှ ဝါရင့်အလှပြုပြင်ရေးဆရာတွေက ရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version: