စွန့်ပစ်မိုးလေဝသဌာနမှာ ဝင်ရိုးစွန်းဝက်ဝံတွေ စုပြုံနေနေတဲ့ ဒရုန်းဗီဒီယိုဖိုင် ပျံ့နှံ့လာ

787

ရောင်နီ (NP News) - စက်တင်ဘာ ၂၈
စွန့်ပစ်ထားတဲ့ရုရှားရာသီဥတုစခန်းတစ်ခုမှာ ဝင်ရိုးစွန်းဝက်ဝံ တစ်ဒါဇင်ကျော်နေထိုင်နေတဲ့ ဒရုန်းဗီဒီယိုဖိုင်အသစ် အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။
ဒီဗီဒီယိုကို ရုရှားခရီးသွားနဲ့ ဓာတ်ပုံဆရာ ဗာဒင်မက်ခိုရော့ဗ် က YouTube မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Associated Press က ၄င်းရဲ့ X အကောင့်မှာ ပြန်လည်ဝေမျှခဲ့ပြီးနောက် ပျံ့နှံ့သွားတာဖြစ်ကာ ကြည့်ရှု သူ ၃၅၀,၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။
စက္ကန့် ၃၀ ကြာတဲ့ အဲဒီဗီဒီယိုမှာ ရုရှားနိုင်ငံ အရှေ့မြောက်ဘက်စွန်း၊ ချုကော့တာ ကျွန်းဆွယ် မြောက်ဘက် ကမ်းရိုးတန်း၊ ချော့ချိုင်ပင်လယ်၊ လူမနေထိုင်တဲ့ ကိုလီယူချင် ကျွန်းရှိ ဆိုဗီယက်ခေတ် မိုးလေဝသဌာန အပျက်အစီး တွေထဲမှာ ဝင်ရိုးစွန်းပိုလာဝက်ဝံ အကောင် ၂၀ ခန့် ပျံ့နှံ့နေထိုင်နေကြတာ တွေ့ရပါတယ်။ ဝက်ဝံတစ်ကောင်ဟာ ဒရုန်းကို သူ့ရဲ့ ပါးစပ်နဲ့ကိုက်ချီ လုယူဖို့ ကြိုးပမ်းနေပြီး အခြားဝက်ဝံတွေကလည်း ဒရုန်းတွေကို ပြတင်းပေါက်မှ ချောင်းကြည့်ခြင်း၊ စူးစိုက်ကြည့်ခြင်းတို့ ပြုလုပ်နေကြကာ တချို့ကလည်း အဆောက်အဦး တံခါးဝမှာ ပျင်းရိစွာ လှဲလျောင်းနေကြတာကို မြင်တွေ့ရပါတယ်။
ဒီလို ဝင်ရိုးစွန်းဝက်ဝံတွေကို အဲဒီနေရာမှာ မြင်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလကလည်း ရုရှားတောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာ ဒီမီထရိုင်နဲ့ အဖွဲ့က ဝရန်ဂျယ် ကျွန်းကို သွားရာ လမ်းမှာ ဝက်ဝံအဖွဲ့မှ ရုတ်တရက် ထိပ်တိုက်တွေ့ခဲ့ဖူးပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ရာသီဥတု ပူနွေးမှု ကြောင့် နေရာပျောက်လာတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ဆင့်ကဲပြောင်းလဲမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Zawgyi Version:
စြန႔္ပစ္မိုးေလဝသဌာနမွာ ဝင္႐ိုးစြန္းဝက္ဝံေတြ စုၿပဳံေနေနတဲ့ ဒ႐ုန္းဗီဒီယိုဖိုင္ ပ်ံ႕ႏွံ႔လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၈
စြန႔္ပစ္ထားတဲ့႐ုရွားရာသီဥတုစခန္းတစ္ခုမွာ ဝင္႐ိုးစြန္းဝက္ဝံ တစ္ဒါဇင္ေက်ာ္ေနထိုင္ေနတဲ့ ဒ႐ုန္းဗီဒီယိုဖိုင္အသစ္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။
ဒီဗီဒီယိုကို ႐ုရွားခရီးသြားနဲ႔ ဓာတ္ပုံဆရာ ဗာဒင္မက္ခိုေရာ့ဗ္ က YouTube မွာ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ Associated Press က ၄င္းရဲ႕ X အေကာင့္မွာ ျပန္လည္ေဝမွ်ခဲ့ၿပီးေနာက္ ပ်ံ႕ႏွံ႔သြားတာျဖစ္ကာ ၾကည့္ရႈ သူ ၃၅၀,၀၀၀ ေက်ာ္ထိ ရွိခဲ့ပါတယ္။
စကၠန႔္ ၃၀ ၾကာတဲ့ အဲဒီဗီဒီယိုမွာ ႐ုရွားႏိုင္ငံ အေရွ႕ေျမာက္ဘက္စြန္း၊ ခ်ဳေကာ့တာ ကြၽန္းဆြယ္ ေျမာက္ဘက္ ကမ္း႐ိုးတန္း၊ ေခ်ာ့ခ်ိဳင္ပင္လယ္၊ လူမေနထိုင္တဲ့ ကိုလီယူခ်င္ ကြၽန္းရွိ ဆိုဗီယက္ေခတ္ မိုးေလဝသဌာန အပ်က္အစီး ေတြထဲမွာ ဝင္႐ိုးစြန္းပိုလာဝက္ဝံ အေကာင္ ၂၀ ခန႔္ ပ်ံ႕ႏွံ႔ေနထိုင္ေနၾကတာ ေတြ႕ရပါတယ္။ ဝက္ဝံတစ္ေကာင္ဟာ ဒ႐ုန္းကို သူ႔ရဲ႕ ပါးစပ္နဲ႔ကိုက္ခ်ီ လုယူဖို႔ ႀကိဳးပမ္းေနၿပီး အျခားဝက္ဝံေတြကလည္း ဒ႐ုန္းေတြကို ျပတင္းေပါက္မွ ေခ်ာင္းၾကည့္ျခင္း၊ စူးစိုက္ၾကည့္ျခင္းတို႔ ျပဳလုပ္ေနၾကကာ တခ်ိဳ႕ကလည္း အေဆာက္အဦး တံခါးဝမွာ ပ်င္းရိစြာ လွဲေလ်ာင္းေနၾကတာကို ျမင္ေတြ႕ရပါတယ္။
ဒီလို ဝင္႐ိုးစြန္းဝက္ဝံေတြကို အဲဒီေနရာမွာ ျမင္တာ ဒါ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလကလည္း ႐ုရွားေတာ႐ိုင္းတိရစာၦန္ဓာတ္ပုံဆရာ ဒီမီထ႐ိုင္နဲ႔ အဖြဲ႕က ဝရန္ဂ်ယ္ ကြၽန္းကို သြားရာ လမ္းမွာ ဝက္ဝံအဖြဲ႕မွ ႐ုတ္တရက္ ထိပ္တိုက္ေတြ႕ခဲ့ဖူးပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြဟာ ရာသီဥတု ပူေႏြးမႈ ေၾကာင့္ ေနရာေပ်ာက္လာတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ဆင့္ကဲေျပာင္းလဲမႈကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္။