ဈေးကွက်လိုအပ်ချက်ရှိနေသည့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ရန် လိုအပ်သည်များ ကူညီထောက်ပံ့ပေးမည်

80

ချယ်ရီ (NP News) - စက်တင်ဘာ ၁၉
ဈေးကွက်လိုအပ်ချက်ရှိနေသည့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ရာ၌ လိုအပ်သည်များ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်) က ထားဝယ်မြို့ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများတွင် ငါး၊ ပုစွန်၊ ဂဏန်းနှင့် ရေထွက်ပစ္စည်း အသားလိုအပ်ချက်များစွာ ရှိနေရာ မိမိတို့မှ ငါးနှင့် ရေထွက်ပစ္စည်းများကို သဘာဝအလျောက် ဖမ်းယူရရှိနိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်၍ ထုတ်လုပ်နိုင်သည့်အတွက် ဈေးကွက်လိုအပ်ချက်ရှိနေသော ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် အစာကိုလည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုအပ်သည့်အတွက် မိမိတို့ရေပိုင်နက်အတွင်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများတိုးတက်လာစေရေး ဆောင်ရွက်သွားရန်လိုအပ်ပြီး လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထပ်မံပြောကြားသည်။
အလားတူ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မွေးမြူရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ပေးထားပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
ထို့နောက် အသား၊ ငါးနှင့် အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှခြင်းတို့ကြောင့်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုဖြစ်ပေါ်စေကာ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည်ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တရားမဝင် ကုန်စည်စီးဆင်းမှုများ မဖြစ်ပေါ်စေရေး တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်ငွေများသည်လည်းများစွာထိခိုက်နစ်နာရကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
ေဈးကြက္လိုအပ္ခ်က္ရွိေနသည့္ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ရန္ လိုအပ္သည္မ်ား ကူညီေထာက္ပံ့ေပးမည္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၉
ေဈးကြက္လိုအပ္ခ်က္ရွိေနသည့္ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ရာ၌ လိုအပ္သည္မ်ား ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။
ယမန္ေန႔ (စက္တင္ဘာလ ၁၈ ရက္) က ထားဝယ္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ငါး၊ ပုစြန္၊ ဂဏန္းႏွင့္ ေရထြက္ပစၥည္း အသားလိုအပ္ခ်က္မ်ားစြာ ရွိေနရာ မိမိတို႔မွ ငါးႏွင့္ ေရထြက္ပစၥည္းမ်ားကို သဘာဝအေလ်ာက္ ဖမ္းယူရရွိႏိုင္သကဲ့သို႔ ေမြးျမဴေရးလုပ္ငန္းကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္၍ ထုတ္လုပ္ႏိုင္သည့္အတြက္ ေဈးကြက္လိုအပ္ခ်က္ရွိေနေသာ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ဆိုသည္။
ထို႔ျပင္ ေမြးျမဴေရးလုပ္ငန္းအတြက္လိုအပ္သည့္ အစာကိုလည္း ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္ႏိုင္ရန္ လိုအပ္သည့္အတြက္ မိမိတို႔ေရပိုင္နက္အတြင္း ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းလုပ္ငန္းမ်ားတိုးတက္လာေစေရး ေဆာင္႐ြက္သြားရန္လိုအပ္ၿပီး လိုအပ္သည္မ်ားကိုလည္း ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ထပ္မံေျပာၾကားသည္။
အလားတူ ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ကာ ေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ ရင္းႏွီးမတည္ေငြမ်ား ထုတ္ေပးထားၿပီး လုပ္ငန္းမ်ားေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားသည္။
ထို႔ေနာက္ အသား၊ ငါးႏွင့္ အေျခခံစားကုန္ပစၥည္းမ်ား ေဈးႏႈန္းႀကီးျမင့္ရျခင္းမွာ ထုတ္လုပ္မႈကုန္က်စရိတ္ျမင့္မားျခင္း၊ ဝယ္လိုအားႏွင့္ ေရာင္းလိုအား မမွ်ျခင္းတို႔ေၾကာင့္ျဖစ္ၿပီး တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္လည္း ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကိုျဖစ္ေပၚေစကာ မိမိတို႔အေနျဖင့္ ကုန္ေဈးႏႈန္းမ်ား ထိုက္သင့္သည္ေဈးႏႈန္းအတိုင္းျဖစ္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး တရားမဝင္ ကုန္စည္စီးဆင္းမႈမ်ား မျဖစ္ေပၚေစေရး တိုက္ဖ်က္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းအျပင္ ႏိုင္ငံေတာ္မွ ရသင့္ရထိုက္သည့္အခြန္ေငြမ်ားသည္လည္းမ်ားစြာထိခိုက္နစ္နာရေၾကာင္းလည္း ေျပာၾကားသည္။