ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်မှု သံသယနဲ့ တောထဲ မှိုနှုတ်သွားတဲ့ အမျိုးသားတစ်ဦး သေဆုံး

174

ရောင်နီ (NP News) - အောက်တိုဘာ ၁၄
ဂျပန်မှာ တောအုပ်အတွင်း မှိုနှုတ်နေတဲ့အမျိုးသားတစ်ဦးကို ဝက်ဝံတစ်ကောင်က သတ်ဖြတ်ပစ်လိုက်ပုံရ တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ဝ ရက်မှာ အတည်ပြုခဲ့ပါတယ်။
"မှိုနှုတ်ဖို့ တောထဲကို သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး တောထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်” “အလောင်းမှာ ခြစ်ရာတွေ တွေ့ရှိရတာကြောင့် ဝက်ဝံက သူ့ကို တိုက်ခိုက်ခဲ့ တာလို့ ကျွန်တော်တို့ သံသယရှိပါတယ်” လို့ အီဝါထဲ မြောက်ပိုင်းဒေသမှ ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားပါ တယ်။ ဒေသခံရုပ်မြင်သံကြားဌာန TV Iwate မှ ဖော်ပြချက်အရ အမျိုးသားရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ ပြတ်တောက်နေပြီး လက်သည်းရာ အများအပြား တွေ့ရှိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဝက်ဝံတိုက်ခိုက်မှုကြောင့် သေဆုံးတယ်လို့ သံသယရှိထားပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါ တယ်။ ဒီနှစ် ဧပြီလမှ စက်တင်ဘာလထိ တစ်နိုင်ငံလုံးမှာ ဝက်ဝံကြောင့် ထိခိုက်ဒဏ်ရာရသူ ၁ဝ၃ ဦးရှိတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းက လူနေထူထပ်မှု၊ ရာသီဥတုဖောက်ပြန်မှု အပါအဝင် အကြောင်းရင်းတွေကြောင့် လူနေရပ်ကွက်တွေမှာတောင် တောဝက်ဝံရိုင်းတွေကိုတွေ့ရတာ ပိုများလာတယ်လို့ သိရပါတယ်။ ဝက်ဝံ တိုက်ခိုက်မှုကြောင့် တရားဝင်သေဆုံးသူဦးရေဟာ ၂၀၂၅ ခုနှစ် ဧပြီလမှစ ခြောက်ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ ဝက္ဝံတိုက္ခိုက္မႈ သံသယနဲ႔ ေတာထဲ မႈိႏႈတ္သြားတဲ့ အမ်ိဳးသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
ဂ်ပန္မွာ ေတာအုပ္အတြင္း မႈိႏႈတ္ေနတဲ့အမ်ိဳးသားတစ္ဦးကို ဝက္ဝံတစ္ေကာင္က သတ္ျဖတ္ပစ္လိုက္ပုံရ တယ္လို႔ ရဲတပ္ဖြဲ႕က ေအာက္တိုဘာ ၁ဝ ရက္မွာ အတည္ျပဳခဲ့ပါတယ္။
"မႈိႏႈတ္ဖို႔ ေတာထဲကို သြားၿပီးေနာက္ ေပ်ာက္ဆုံးသြားတဲ့ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး ေတာထဲမွာ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ပါတယ္” “အေလာင္းမွာ ျခစ္ရာေတြ ေတြ႕ရွိရတာေၾကာင့္ ဝက္ဝံက သူ႔ကို တိုက္ခိုက္ခဲ့ တာလို႔ ကြၽန္ေတာ္တို႔ သံသယရွိပါတယ္” လို႔ အီဝါထဲ ေျမာက္ပိုင္းေဒသမွ ေဒသခံရဲအရာရွိတစ္ဦးက ေျပာၾကားပါ တယ္။ ေဒသခံ႐ုပ္ျမင္သံၾကားဌာန TV Iwate မွ ေဖာ္ျပခ်က္အရ အမ်ိဳးသားရဲ႕ ဦးေခါင္းနဲ႔ ခႏၶာကိုယ္ဟာ ျပတ္ေတာက္ေနၿပီး လက္သည္းရာ အမ်ားအျပား ေတြ႕ရွိရပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ ဝက္ဝံတိုက္ခိုက္မႈေၾကာင့္ ေသဆုံးတယ္လို႔ သံသယရွိထားေပမယ့္ ေသဆုံးရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ သိရပါ တယ္။ ဒီႏွစ္ ဧၿပီလမွ စက္တင္ဘာလထိ တစ္ႏိုင္ငံလုံးမွာ ဝက္ဝံေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ၁ဝ၃ ဦးရွိတယ္လို႔ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာန က ဆိုပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းက လူေနထူထပ္မႈ၊ ရာသီဥတုေဖာက္ျပန္မႈ အပါအဝင္ အေၾကာင္းရင္းေတြေၾကာင့္ လူေနရပ္ကြက္ေတြမွာေတာင္ ေတာဝက္ဝံ႐ိုင္းေတြကိုေတြ႕ရတာ ပိုမ်ားလာတယ္လို႔ သိရပါတယ္။ ဝက္ဝံ တိုက္ခိုက္မႈေၾကာင့္ တရားဝင္ေသဆုံးသူဦးေရဟာ ၂၀၂၅ ခုႏွစ္ ဧၿပီလမွစ ေျခာက္ဦးအထိ ျမင့္တက္လာခဲ့ၿပီး ၂၀၂၃ ခုႏွစ္ကထက္ စံခ်ိန္တင္ျမင့္တက္လာခဲ့တယ္လို႔ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးဌာနရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။