ခြင်္သေ့ကြောင့် လူသေမှုနဲ့ တစ်လကြာပိတ်ထားရတဲ့ ဘန်ကောက် Safari World မှ သားရဲဇုန် ပြန်လည်ဖွင့်လှစ်မည်

179
ရောင်နီ (NP News) - အောက်တိုဘာ ၁၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ Safari World တိရစ္ဆာန်ဥယျာဉ် ဟာ အာဏာပိုင်တွေရဲ့တရားဝင်ခွင့်ပြုချက်နဲ့ သားရဲဇုန်ကို အောက်တိုဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပါတယ်။
ဥယျာဉ်မှာ စက်တင်ဘာ ၁၀ ရက်က ခရီးသွားတွေရှေ့ ခြင်္သေ့က ဝန်ထမ်းတစ်ဦးကို ကိုက်ဖြတ် သတ်လိုက်ခြင်းကြောင့် သားရဲဇုန်ဟာ ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။ ပြန်လည်ဖွင့်လှစ်ဖို့အတွက် Safari World အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ ခွင့်ပြုချက် ရရှိထားပြီး အောက်တိုဘာ ၁၃ ရက်မှ စတင်ဖွင့်လှစ်ကာ ဘေးကင်းရေးအစီအမံတွေအတိုင်း ဆက်တိုက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါအပြင် တိုးတက်လာတဲ့ ဘေးကင်းရေး ပရိုတိုကောတွေနဲ့အတူ ဧည့်သည်တွေ ကျားနဲ့ ရေမြင်းကို အစာကျွေးနိုင်မယ့် လူကြိုက်များတဲ့ "safari feeding” လှုပ်ရှားမှုကိုလည်း ပြန်လည်စတင်သွားမယ်လို့ ပန်းခြံမှ အတည်ပြု ပြောကြားခဲ့ပါတယ်။
Zawgyi Version:
ျခေသၤ့ေၾကာင့္ လူေသမႈနဲ႔ တစ္လၾကာပိတ္ထားရတဲ့ ဘန္ေကာက္ Safari World မွ သားရဲဇုန္ ျပန္လည္ဖြင့္လွစ္မည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္မွ Safari World တိရစာၦန္ဥယ်ာဥ္ ဟာ အာဏာပိုင္ေတြရဲ႕တရားဝင္ခြင့္ျပဳခ်က္နဲ႔ သားရဲဇုန္ကို ေအာက္တိုဘာ ၁၃ ရက္မွာ ျပန္လည္ဖြင့္လွစ္မယ္လို႔ ေၾကညာခဲ့ပါတယ္။
ဥယ်ာဥ္မွာ စက္တင္ဘာ ၁၀ ရက္က ခရီးသြားေတြေရွ႕ ျခေသၤ့က ဝန္ထမ္းတစ္ဦးကို ကိုက္ျဖတ္ သတ္လိုက္ျခင္းေၾကာင့္ သားရဲဇုန္ဟာ ပိတ္ထားလိုက္ရတာျဖစ္ပါတယ္။ ျပန္လည္ဖြင့္လွစ္ဖို႔အတြက္ Safari World အမ်ိဳးသားဥယ်ာဥ္၊ ေတာ႐ိုင္းတိရစာၦန္နဲ႔ အပင္ထိန္းသိမ္းေရးဦးစီးဌာနရဲ႕ ခြင့္ျပဳခ်က္ ရရွိထားၿပီး ေအာက္တိုဘာ ၁၃ ရက္မွ စတင္ဖြင့္လွစ္ကာ ေဘးကင္းေရးအစီအမံေတြအတိုင္း ဆက္တိုက္ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ဒါအျပင္ တိုးတက္လာတဲ့ ေဘးကင္းေရး ပ႐ိုတိုေကာေတြနဲ႔အတူ ဧည့္သည္ေတြ က်ားနဲ႔ ေရျမင္းကို အစာေကြၽးႏိုင္မယ့္ လူႀကိဳက္မ်ားတဲ့ "safari feeding” လႈပ္ရွားမႈကိုလည္း ျပန္လည္စတင္သြားမယ္လို႔ ပန္းၿခံမွ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။