နွားများကို အင်းဆက်များ ကိုက်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းကိုတွေ့ရှိခဲ့သော ဂျပန်သုတေသီအဖွဲ့ lg Nobel Prize ဆုကို ရရှိ

 392

Pika (NP News) - စက်တင်ဘာ ၂၈

ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့သည် နွားများ၏ ခန္ဓာကိုယ်ပေါ်တွင် မြင်းကျားပုံစံ အဖြူရောင် မျဉ်း များကိုရေးဆွဲ ခြင်းက ယင်ကောင်များအကိုက်ခံရခြင်းမှ သိသာထင်ရှားစွာ ကာကွယ်ပေးကြောင်း ပြသသည့် လေ့လာမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် lg Nobel Prize ဆုကို ရရှိခဲ့ကြောင်းသိရသည်။
lg Nobel Prize ဆုသည် လူများကို ရယ်မောအောင်လုပ်ဆောင်ကာ တွေးတောမှုများလုပ် ဆောင်စေနိုင်ခြင်း အတွက် ပေးအပ်သော ဆုတစ်ခုလည်းဖြစ်သည်။ နွားများ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်မျဉ်းများကိုရေးဆွဲခြင်းက ပုံမှန်အတိုင်းထား သောနွားများနှင့် နှိုင်းယှဉ်လျှင် ယင်ကောင်ကိုက်ခံရမှု(၅၀)ရာခိုင်နှုန်းနီးပါး လျော့နည်းသွားသည်ကို ဂျပန် သုတေသီအဖွဲ့တစ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ ယင်ကောင်များသည် ကျွဲနွားများအတွက် အဆိုးရွားဆုံးသော ပိုးမွှားများထဲမှတစ်ခုဖြစ်ပြီး စားကျက်များနှင့် အစာကျွေးခြင်းတို့အပေါ် သိသာ သော သက်ရောက်မှုများ ကို ဖြစ်ပေါ်စေကြောင်းလည်းသိရသည်။
ရလဒ်အနေဖြင့် အသားထုတ်လုပ်သည့် နွားများတွင် အလေးချိန်လျော့ကျသွားစေခြင်းနှင့် နို့စားနွားများတွင် နို့ထွက်နှုန်းကို လျော့ကျသွားစေ မှုများ ဖြစ်ပေါ်စေကြောင်းသိရသည်။ လယ်သမား များသည် ၎င်းတို့၏ ကျွဲနွားများကို ကာကွယ်ရန်အတွက် ပိုးသတ်ဆေးများအပေါ် မှီခိုနေရသော်လည်း ပိုးသတ်ဆေးဒဏ်ခံနိုင်သော ယင်ကောင်များကြောင့် အခက်ကြုံတွေ့နေရသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း ဂျပန် သုတေသအဖွဲ့ ရှာဖွေတွေ့ရှိခဲ့သော နွားများ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်မျဉ်းများ ရေးဆွဲခြင်းက ဓာတုပိုးသတ် ဆေးများအပေါ် မှီခိုအားထားရမှုကို လျှော့ချနိုင်စေလိမ့်မည်ဖြစ်ကာ လယ်သမားများ ကြုံတွေ့နေရသည့် ပြဿနာ အချို့ကို ဖြေ ရှင်းနိုင်စေလိမ့်မည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ႏြားမ်ားကို အင္းဆက္မ်ား ကိုက္ျခင္းမွ ကာကြယ္ႏိုင္မည့္ နည္းလမ္းကိုေတြ႕ရွိခဲ့ေသာ ဂ်ပန္သုေတသီအဖြဲ႕ lg Nobel Prize ဆုကို ရရွိ
Pika (NP News) - စက္တင္ဘာ ၂၈

ဂ်ပန္သုေတသီအဖြဲ႕တစ္ဖြဲ႕သည္ ႏြားမ်ား၏ ခႏၶာကိုယ္ေပၚတြင္ ျမင္းက်ားပုံစံ အျဖဴေရာင္ မ်ဥ္း မ်ားကိုေရးဆြဲ ျခင္းက ယင္ေကာင္မ်ားအကိုက္ခံရျခင္းမွ သိသာထင္ရွားစြာ ကာကြယ္ေပးေၾကာင္း ျပသသည့္ ေလ့လာမႈတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ lg Nobel Prize ဆုကို ရရွိခဲ့ေၾကာင္းသိရသည္။
lg Nobel Prize ဆုသည္ လူမ်ားကို ရယ္ေမာေအာင္လုပ္ေဆာင္ကာ ေတြးေတာမႈမ်ားလုပ္ ေဆာင္ေစႏိုင္ျခင္း အတြက္ ေပးအပ္ေသာ ဆုတစ္ခုလည္းျဖစ္သည္။ ႏြားမ်ား၏ ခႏၶာကိုယ္ေပၚတြင္ အျဖဴေရာင္မ်ဥ္းမ်ားကိုေရးဆြဲျခင္းက ပုံမွန္အတိုင္းထား ေသာႏြားမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ယင္ေကာင္ကိုက္ခံရမႈ(၅၀)ရာခိုင္ႏႈန္းနီးပါး ေလ်ာ့နည္းသြားသည္ကို ဂ်ပန္ သုေတသီအဖြဲ႕တစ္ဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ဆုခ်ီးျမႇင့္ခံခဲ့ရျခင္းျဖစ္သည္။ ယင္ေကာင္မ်ားသည္ ကြၽဲႏြားမ်ားအတြက္ အဆိုး႐ြားဆုံးေသာ ပိုးမႊားမ်ားထဲမွတစ္ခုျဖစ္ၿပီး စားက်က္မ်ားႏွင့္ အစာေကြၽးျခင္းတို႔အေပၚ သိသာ ေသာ သက္ေရာက္မႈမ်ား ကို ျဖစ္ေပၚေစေၾကာင္းလည္းသိရသည္။
ရလဒ္အေနျဖင့္ အသားထုတ္လုပ္သည့္ ႏြားမ်ားတြင္ အေလးခ်ိန္ေလ်ာ့က်သြားေစျခင္းႏွင့္ ႏို႔စားႏြားမ်ားတြင္ ႏို႔ထြက္ႏႈန္းကို ေလ်ာ့က်သြားေစ မႈမ်ား ျဖစ္ေပၚေစေၾကာင္းသိရသည္။ လယ္သမား မ်ားသည္ ၎တို႔၏ ကြၽဲႏြားမ်ားကို ကာကြယ္ရန္အတြက္ ပိုးသတ္ေဆးမ်ားအေပၚ မွီခိုေနရေသာ္လည္း ပိုးသတ္ေဆးဒဏ္ခံႏိုင္ေသာ ယင္ေကာင္မ်ားေၾကာင့္ အခက္ႀကဳံေတြ႕ေနရသည္မွာ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ရွိၿပီျဖစ္ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ဂ်ပန္ သုေတသအဖြဲ႕ ရွာေဖြေတြ႕ရွိခဲ့ေသာ ႏြားမ်ား၏ခႏၶာကိုယ္ေပၚတြင္ အျဖဴေရာင္မ်ဥ္းမ်ား ေရးဆြဲျခင္းက ဓာတုပိုးသတ္ ေဆးမ်ားအေပၚ မွီခိုအားထားရမႈကို ေလွ်ာ့ခ်ႏိုင္ေစလိမ့္မည္ျဖစ္ကာ လယ္သမားမ်ား ႀကဳံေတြ႕ေနရသည့္ ျပႆနာ အခ်ိဳ႕ကို ေျဖ ရွင္းႏိုင္ေစလိမ့္မည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.