ဖေဖော်ဝါရီလအတွင်း တရားမဝင်ကုန်စည်များဖမ်းမိရန်အတွက် သတင်းပေးခဲ့သော တာဝန်သိပြည်သူများကို အမြန်ဆုံးဆုချီးမြှင့်ရန် ပြင်ဆင်နေ

 1003

ချယ်ရီ(NP News)- မတ် ၇
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တရားမဝင်ကုန်စည်များဖမ်းမိရန်အတွက် သတင်းပေးခဲ့သော တာဝန်သိပြည်သူများကို အမြန်ဆုံးဆုချီးမြှင့်ရန် ပြင်ဆင်နေကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့်စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြီးခဲ့သည့်(ဖေဖော်ဝါရီလ)အတွင်း တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများဖြင့် သတင်းရရှိမှု (၅၇) ကြိမ်ရရှိခဲ့ပြီး သတင်းမှားနှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု (၅၅) ကြိမ်ရှိခဲ့ရာ ဖမ်းဆီးရမိအမှုတွဲ (၉၆)မှု ဖွင့်လှစ်ထားကြောင်း သိရသည်။

ထိုနောက် ဖမ်းဆီးရမိမှုများတွင် ငွေကျပ် (၅၄၉၃ ဒသမ ၂၂၄ သန်း) တန်ဖိုးရှိသော ကုန်ပစ္စည်း ၅၈ မျိုးအပါအဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် ရေယာဉ်နှင့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်(ဖေဖော်ဝါရီလ)အတွင်း သတင်းပေးတိုင်ကြားခဲ့သော တာဝန်သိပြည်သူများကို ဖမ်းဆီးရမိမှုပစ္စည်းများ၏တန်ဖိုး ငွေကျပ် (၅၄၉၃ ဒသမ ၂၂၄ သန်း)၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၁၀၉၈ ဒသမ ၆၄၅ သန်း)ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှလည်း မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Zawgyi Version:
ေဖေဖာ္ဝါရီလအတြင္း တရားမဝင္ကုန္စည္မ်ားဖမ္းမိရန္အတြက္ သတင္းေပးခဲ့ေသာ တာဝန္သိျပည္သူမ်ားကို အျမန္ဆုံးဆုခ်ီးျမႇင့္ရန္ ျပင္ဆင္ေန
ခ်ယ္ရီ(NP News)- မတ္ ၇
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း တရားမဝင္ကုန္စည္မ်ားဖမ္းမိရန္အတြက္ သတင္းေပးခဲ့ေသာ တာဝန္သိျပည္သူမ်ားကို အျမန္ဆုံးဆုခ်ီးျမႇင့္ရန္ ျပင္ဆင္ေနေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ၏ထုတ္ျပန္ခ်က္အရ သိရသည္။

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၌ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕မ်ား၊ အေကာက္ခြန္ဦးစီးဌာနက ဦးေဆာင္သည့္ One Stop Service ဌာနဆိုင္ရာအဖြဲ႕မ်ား၊ နယ္စပ္ ဝင္/ထြက္ဂိတ္မ်ား၊ နယ္စပ္ကုန္သြယ္ေရး႐ုံးႏွင့္စခန္းမ်ား၊ အၿမဲတမ္းစစ္ေဆးေရးစခန္းမ်ား၊ ကုန္သြယ္မႈလမ္းေၾကာင္းတစ္ေလွ်ာက္ႏွင့္ ကုန္ပစၥည္းသိုေလွာင္႐ုံမ်ား၊ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းမ်ားႏွင့္ ေလဆိပ္မ်ား၊ ကမ္း႐ိုးတန္းဆိပ္ကမ္းမ်ားတြင္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီလ)အတြင္း တာဝန္သိျပည္သူမ်ား၏ သတင္းေပးတိုင္ၾကားမႈမ်ားျဖင့္ သတင္းရရွိမႈ (၅၇) ႀကိမ္ရရွိခဲ့ၿပီး သတင္းမွားႏွစ္ႀကိမ္ႏွင့္ ဖမ္းဆီးရမိမႈ (၅၅) ႀကိမ္ရွိခဲ့ရာ ဖမ္းဆီးရမိအမႈတြဲ (၉၆)မႈ ဖြင့္လွစ္ထားေၾကာင္း သိရသည္။

ထိုေနာက္ ဖမ္းဆီးရမိမႈမ်ားတြင္ ေငြက်ပ္ (၅၄၉၃ ဒသမ ၂၂၄ သန္း) တန္ဖိုးရွိေသာ ကုန္ပစၥည္း ၅၈ မ်ိဳးအပါအဝင္ သစ္မ်ိဳးစုံ၊ လုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ တရားမဝင္ကုန္စည္မ်ား တင္ေဆာင္လာသည့္ ေရယာဥ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီလ)အတြင္း သတင္းေပးတိုင္ၾကားခဲ့ေသာ တာဝန္သိျပည္သူမ်ားကို ဖမ္းဆီးရမိမႈပစၥည္းမ်ား၏တန္ဖိုး ေငြက်ပ္ (၅၄၉၃ ဒသမ ၂၂၄ သန္း)၏ ၂၀ ရာခိုင္ႏႈန္းျဖစ္ေသာ ေငြက်ပ္ (၁၀၉၈ ဒသမ ၆၄၅ သန္း)ကို သတင္းေပးဆုေၾကးေငြအျဖစ္ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ၿပီး သက္ဆိုင္ရာဌာနမ်ားမွလည္း ျမန္ျမန္ဆန္ဆန္ဆုခ်ီးျမႇင့္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.