AA ယာဘမှောင်ခိုတွင် ပါဝင်နေဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထုတ်ဖော်

265

ALynn (NP news)-စက်တင်ဘာ ၁၇
စက်တင်ဘာလ ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖော်ပြခဲ့သော ထုတ်ပြန်ကြေညာချက်အရ AA သည် တရားမဝင် ယာဘ (yaba) ဆေးပြား ကုန်သွယ်မှု၌ ပါဝင်ပတ်သက်နေကြောင်း The Daily Star မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
"ဘင်္ဂလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) တွေက ယာဘ မူးယစ်ဆေးဝါးမှောင်ခိုမှုရဲ့ အဓိက သယ်ယူပို့ဆောင်သူတွေ ဖြစ်ပါတယ်။ သူတို့က အရမ်းမြန်မြန် လှုပ်ရှားကြတဲ့အတွက် ဖမ်းမိဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့နိုင်ငံက မသမာသူတချို့က သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကြောင့် မြန်မာနိုင်ငံက AA ဆီကနေ ယာဘ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သယ်ဆောင်လာနေကြပါတယ်" ဟု Ramu စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်သည် Cox's Bazar ဟိုတယ်တစ်ခု၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ မူးယစ်ဆေးဝါးနှင့် လက်နက် ဖမ်းဆီးရမိမှုများတွင် မကြာသေးမီက အောင်မြင်မှုများကို မီးမောင်းထိုးပြခဲ့သလို၊ နယ်စပ်လုံခြုံရေး ပိုမိုခိုင်မာစေရန်အတွက် အစီအမံအသစ်များကိုလည်း ဖော်ပြခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး မိုဟီဒူဒင်က စာဖြင့်ရေးသားသည့် ကြေညာချက်တွင် ကမ်းရိုးတန်းဒေသများမှတစ်ဆင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုသည် ယခုအခါ အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်လာပြီဟု ပြောကြားခဲ့သည်။
"Ukhia-Teknaf နယ်စပ်တစ်လျှောက် တင်းကျပ်တဲ့ စောင့်ကြည့်မှုတွေကြောင့် မှောင်ခိုသမားတွေဟာ ပင်လယ်ရေကြောင်း လမ်းကြောင်းတွေမှာ အသက်ဝင်လှုပ်ရှားလာကြတယ်။ မူးယစ်ဆေးဝါးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ Maheshkhali, Banshkhali, Kutubdia, Anwara, နဲ့ Kuakata တို့ရဲ့ ကမ်းရိုးတန်းတွေကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်နေပါတယ်လို့ ခန့်မှန်းရတယ်။ ဒီလမ်းကြောင်းတွေကနေ မူးယစ်ဆေးဝါးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ပျံ့နှံ့နေရုံသာမကဘဲ တခြားနိုင်ငံတွေကိုပါ မှောင်ခိုတင်ပို့နေတာကြောင့် ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ စီးပွားရေးအပေါ် ကြီးလေးတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းသည် သူသည် ညအမှောင်ကို အကာအကွယ်ယူပြီး မြန်မာ့ရေပိုင်နက်တွင်းသို့ ဖြတ်ကျော်ဝင်ရောက်နေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများ၏ ရွေ့လျားမှုကို ပြသနေသည့် ရေဒါပုံရိပ် ဓာတ်ပုံများကိုလည်း ပြသခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)၊ ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့သည် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာအာဏာပိုင်များ၏ မကြာခဏ ဖမ်းဆီးခြင်းခံရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး မိုဟီဒူဒင်က ငါးဖမ်းသမားများသည် မှားယွင်း၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ မြန်မာ့ရေပိုင်နက်တွင်းသို့ ဖြတ်ကျော်ဝင်ရောက်သည့်အခါမှသာ ဖမ်းဆီးခံရသည်ဟု ပြောကြားခဲ့သည်။
"ငါးဖမ်းသမားတွေကို ဖမ်းဆီးဖို့အတွက် ရခိုင်တပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဖြစ်စဉ် လုံးဝမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ငါးဖမ်းသမားတွေကို ရေကြောင်းနယ်နိမိတ်ကို မဖြတ်ကျော်ဖို့ အဆက်မပြတ် သတိပေးနေပါတယ်" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် Cox's Bazar နယ်စပ်ဒေသများနှင့် Bandarban ဒေသအချို့မှ ယာဘဆေးပြား ၂၈ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။ ဤကာလအတွင်း အဆင့်မြင့် ရိုင်ဖယ်များ အပါအဝင် လက်နက် ၂၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
AA ယာဘေမွာင္ခိုတြင္ ပါဝင္ေနဟု ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ ထုတ္ေဖာ္
ALynn (NP news)-စက္တင္ဘာ ၁၇
စက္တင္ဘာလ ၁၅ ရက္တြင္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) က ေဖာ္ျပခဲ့ေသာ ထုတ္ျပန္ေၾကညာခ်က္အရ AA သည္ တရားမဝင္ ယာဘ (yaba) ေဆးျပား ကုန္သြယ္မႈ၌ ပါဝင္ပတ္သက္ေနေၾကာင္း The Daily Star မီဒီယာ၏ ေဖာ္ျပခ်က္အရ သိရသည္။
"ဘဂၤလီ (မူရင္းသတင္းတြင္ ႐ိုဟင္ဂ်ာဟုေဖာ္ျပ) ေတြက ယာဘ မူးယစ္ေဆးဝါးေမွာင္ခိုမႈရဲ႕ အဓိက သယ္ယူပို႔ေဆာင္သူေတြ ျဖစ္ပါတယ္။ သူတို႔က အရမ္းျမန္ျမန္ လႈပ္ရွားၾကတဲ့အတြက္ ဖမ္းမိဖို႔ ခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံက မသမာသူတခ်ိဳ႕က သူတို႔ရဲ႕ ကိုယ္က်ိဳးစီးပြားေၾကာင့္ ျမန္မာႏိုင္ငံက AA ဆီကေန ယာဘ ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲကို သယ္ေဆာင္လာေနၾကပါတယ္" ဟု Ramu စစ္ဌာနခ်ဳပ္မႉး ဗိုလ္မႉးႀကီး မိုဟီဒူဒင္ အာမက္သည္ Cox's Bazar ဟိုတယ္တစ္ခု၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ သတင္းစာရွင္းလင္းပြဲတြင္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) ၏ မူးယစ္ေဆးဝါးႏွင့္ လက္နက္ ဖမ္းဆီးရမိမႈမ်ားတြင္ မၾကာေသးမီက ေအာင္ျမင္မႈမ်ားကို မီးေမာင္းထိုးျပခဲ့သလို၊ နယ္စပ္လုံၿခဳံေရး ပိုမိုခိုင္မာေစရန္အတြက္ အစီအမံအသစ္မ်ားကိုလည္း ေဖာ္ျပခဲ့ေၾကာင္း သိရသည္။
ဗိုလ္မႉးႀကီး မိုဟီဒူဒင္က စာျဖင့္ေရးသားသည့္ ေၾကညာခ်က္တြင္ ကမ္း႐ိုးတန္းေဒသမ်ားမွတစ္ဆင့္ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈသည္ ယခုအခါ အႀကီးမားဆုံးေသာ စိန္ေခၚမႈ ျဖစ္လာၿပီဟု ေျပာၾကားခဲ့သည္။
"Ukhia-Teknaf နယ္စပ္တစ္ေလွ်ာက္ တင္းက်ပ္တဲ့ ေစာင့္ၾကည့္မႈေတြေၾကာင့္ ေမွာင္ခိုသမားေတြဟာ ပင္လယ္ေရေၾကာင္း လမ္းေၾကာင္းေတြမွာ အသက္ဝင္လႈပ္ရွားလာၾကတယ္။ မူးယစ္ေဆးဝါးရဲ႕ ၈၀ ရာခိုင္ႏႈန္းနီးပါးဟာ Maheshkhali, Banshkhali, Kutubdia, Anwara, နဲ႔ Kuakata တို႔ရဲ႕ ကမ္း႐ိုးတန္းေတြကေနတစ္ဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲကို ဝင္ေရာက္ေနပါတယ္လို႔ ခန႔္မွန္းရတယ္။ ဒီလမ္းေၾကာင္းေတြကေန မူးယစ္ေဆးဝါးေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းကို ပ်ံ႕ႏွံ႔ေန႐ုံသာမကဘဲ တျခားႏိုင္ငံေတြကိုပါ ေမွာင္ခိုတင္ပို႔ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ လူငယ္ေတြနဲ႔ စီးပြားေရးအေပၚ ႀကီးေလးတဲ့ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ေနပါတယ္" ဟု ၎က ဆိုသည္။
ထို႔ျပင္ ၎သည္ သူသည္ ညအေမွာင္ကို အကာအကြယ္ယူၿပီး ျမန္မာ့ေရပိုင္နက္တြင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ေနသည့္ ဘဂၤလားေဒ့ရွ္ ငါးဖမ္းေလွမ်ား၏ ေ႐ြ႕လ်ားမႈကို ျပသေနသည့္ ေရဒါပုံရိပ္ ဓာတ္ပုံမ်ားကိုလည္း ျပသခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈကို တားဆီးရန္အတြက္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB)၊ ေရတပ္ႏွင့္ ကမ္းေျခေစာင့္တပ္တို႔သည္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္ဟုလည္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့သည္။
ျမန္မာအာဏာပိုင္မ်ား၏ မၾကာခဏ ဖမ္းဆီးျခင္းခံရသည့္ ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမားမ်ား ကိစၥႏွင့္ပတ္သက္၍ ဗိုလ္မႉးႀကီး မိုဟီဒူဒင္က ငါးဖမ္းသမားမ်ားသည္ မွားယြင္း၍ျဖစ္ေစ၊ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ျဖစ္ေစ ျမန္မာ့ေရပိုင္နက္တြင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္သည့္အခါမွသာ ဖမ္းဆီးခံရသည္ဟု ေျပာၾကားခဲ့သည္။
"ငါးဖမ္းသမားေတြကို ဖမ္းဆီးဖို႔အတြက္ ရခိုင္တပ္ေတာ္ (AA) က ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲကို ဝင္ေရာက္လာတဲ့ ျဖစ္စဥ္ လုံးဝမရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ငါးဖမ္းသမားေတြကို ေရေၾကာင္းနယ္နိမိတ္ကို မျဖတ္ေက်ာ္ဖို႔ အဆက္မျပတ္ သတိေပးေနပါတယ္" ဟု သူက ထပ္ေလာင္းေျပာၾကားခဲ့သည္။
ဇူလိုင္လ ၁၅ ရက္ေန႔မွစ၍ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ (BGB) သည္ Cox's Bazar နယ္စပ္ေဒသမ်ားႏွင့္ Bandarban ေဒသအခ်ိဳ႕မွ ယာဘေဆးျပား ၂၈ သိန္းခန႔္ကို သိမ္းဆည္းရမိခဲ့သည္။ ဤကာလအတြင္း အဆင့္ျမင့္ ႐ိုင္ဖယ္မ်ား အပါအဝင္ လက္နက္ ၂၂ လက္ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။