မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတယ်လို့ယူဆရတဲ့ နောက်ထပ်သင်္ဘောတစ်စီးကို အမေရိကန် ထပ်မံတိုက်ခိုက်

414

Pika (NP News) - စက်တင်ဘာ ၁၇
အမေရိကန်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်လာတယ်လို့ ယူဆရတဲ့ နောက်ထပ်သင်္ဘောတစ်စီးကို နိုင်ငံတကာရေပြင်မှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဖျက်ဆီးမှုဟာ ကာရေဘီယံပင်လယ်မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖြိုခွင်းမှု အတွက် ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်စစ်တပ်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ယူဆရတဲ့သင်္ဘောကိုတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ဗီဒီယိုဖိုင်ကို ဒေါ်နယ်ထရမ့်က ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က “အားလုံးကို သတိပေးချင်တာကတော့ အမေရိကန်နိုင်ငံသားတွေကို သတ်ပစ်တဲ့ မူးယစ်ဆေးဝါး တွေ သယ်ဆောင်လာတာဆိုရင် ကျွန်တော်တို့က အမဲလိုက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့အချက်ပဲဖြစ်ပါ တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂)ရက်တုန်းက ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ ယူဆရတဲ့သင်္ဘောတစ်စီးကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ(၁၁)ဦး သေဆုံးခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ကျော်အကြာမှာ ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
မူးယစ္ေဆးဝါးေတြသယ္ေဆာင္လာတယ္လို႔ယူဆရတဲ့ ေနာက္ထပ္သေဘၤာတစ္စီးကို အေမရိကန္ ထပ္မံတိုက္ခိုက္
Pika (NP News) - စက္တင္ဘာ ၁၇
အေမရိကန္ႏိုင္ငံဟာ ဗင္နီဇြဲလားႏိုင္ငံကေန မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္လာတယ္လို႔ ယူဆရတဲ့ ေနာက္ထပ္သေဘၤာတစ္စီးကို ႏိုင္ငံတကာေရျပင္မွာ ဖ်က္ဆီးပစ္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီဖ်က္ဆီးမႈဟာ ကာေရဘီယံပင္လယ္မွာ မူးယစ္ေဆးဝါးဂိုဏ္းေတြကို ၿဖိဳခြင္းမႈ အတြက္ ႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္စစ္တပ္က မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတယ္လို႔ယူဆရတဲ့သေဘၤာကိုတိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတဲ့ဗီဒီယိုဖိုင္ကို ေဒၚနယ္ထရမ့္က ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ေဒၚနယ္ထရမ့္က “အားလုံးကို သတိေပးခ်င္တာကေတာ့ အေမရိကန္ႏိုင္ငံသားေတြကို သတ္ပစ္တဲ့ မူးယစ္ေဆးဝါး ေတြ သယ္ေဆာင္လာတာဆိုရင္ ကြၽန္ေတာ္တို႔က အမဲလိုက္မႈေတြ လုပ္ေဆာင္သြားမယ္ဆိုတဲ့အခ်က္ပဲျဖစ္ပါ တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလ(၂)ရက္တုန္းက ဗင္နီဇြဲလားႏိုင္ငံကေန မူးယစ္ေဆးဝါးေတြ သယ္ေဆာင္လာတယ္လို႔ ယူဆရတဲ့သေဘၤာတစ္စီးကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ရာ အနည္းဆုံးလူ(၁၁)ဦး ေသဆုံးခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ေက်ာ္အၾကာမွာ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။