ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား တွေ့ဆုံမှု ထပ်မံလုပ်ဆောင်နိုင်ဖွယ်ရှိနေ

 329

Pika (NP News) - စက်တင်ဘာ ၁၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့တွေ့ဆုံနိုင်ဖွယ် ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်း ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေဖို့အတွက် ကြားဝင်စေ့စပ်ပေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က မျှော်လင့်နေတယ်လို့လည်း မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးရယူဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ ပူတင်နဲ့ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုမှု၊ ဇီလန်စကီးနဲ့အကြိမ်ပေါင်းများစွာ တွေ့ဆုံမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း မာကိုရူဘီအိုက ထပ်မံပြောကြားခဲ့ပါတယ်။
မာကိုရူဘီအိုက “ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဒေါ်နယ်ထရမ့်က ဆက်လက်ကြိုးပမ်းနေပါလိမ့်မယ်။ ငြိမ်းချမ်းရေးရယူဖို့က ဖြစ်နိုင်တယ်ဆိုရင် ဒေါ်နယ်ထရမ့်က အဲဒါကို ချက်ချင်းရယူဖို့ လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့်လည်း တစ်ချိန်ချိန်မှာတော့ ငြိမ်းချမ်းရေးရယူဖို့က မဖြစ်နိုင်ဘူးဆိုပြီး ဒေါ်နယ်ထရမ့်က ကောက်ချက်ချသွားနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ေတြ႕ဆုံမႈ ထပ္မံလုပ္ေဆာင္ႏိုင္ဖြယ္ရွိေန
Pika (NP News) - စက္တင္ဘာ ၁၇
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ လာမယ့္သီတင္းပတ္မွာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ေတြ႕ဆုံႏိုင္ဖြယ္ ရွိတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္း ၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိေစဖို႔အတြက္ ၾကားဝင္ေစ့စပ္ေပးမႈေတြ ထပ္မံလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က ေမွ်ာ္လင့္ေနတယ္လို႔လည္း မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။
႐ုရွားသမၼတပူတင္ဟာ ၿငိမ္းခ်မ္းေရးရယူဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ ႐ုရွားအေပၚ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္သြားမယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ ပူတင္နဲ႔ အႀကိမ္ေပါင္းမ်ားစြာ ဖုန္းေခၚဆိုမႈ၊ ဇီလန္စကီးနဲ႔အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ဆုံမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း မာကို႐ူဘီအိုက ထပ္မံေျပာၾကားခဲ့ပါတယ္။
မာကို႐ူဘီအိုက “႐ုရွား-ယူကရိန္း ၿငိမ္းခ်မ္းေရးအတြက္ ေဒၚနယ္ထရမ့္က ဆက္လက္ႀကိဳးပမ္းေနပါလိမ့္မယ္။ ၿငိမ္းခ်မ္းေရးရယူဖို႔က ျဖစ္ႏိုင္တယ္ဆိုရင္ ေဒၚနယ္ထရမ့္က အဲဒါကို ခ်က္ခ်င္းရယူဖို႔ လုပ္ေဆာင္သြားမွာပါ။ ဒါေပမယ့္လည္း တစ္ခ်ိန္ခ်ိန္မွာေတာ့ ၿငိမ္းခ်မ္းေရးရယူဖို႔က မျဖစ္ႏိုင္ဘူးဆိုၿပီး ေဒၚနယ္ထရမ့္က ေကာက္ခ်က္ခ်သြားႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.