မလေးရှားမှာ ကျား အလောင်း ကားထဲထည့်သယ်လာတဲ့ အမျိုးသား ၃ ဦး ဖမ်းဆီးခံရ

86
ရောင်နီ (NP News) - စက်တင်ဘာ ၁၇
မလေးရှားနိုင်ငံ၊ ဖယ်ဒါတန်ဂါရော့မှာ တရားမဝင် အမဲလိုက်ခံရတယ်လို့ယူဆရတဲ့ မလေးယန်း ကျား တစ်ကောင်ရဲ့အလောင်းကို ကားနောက်ဖုံးတစ်ခုအတွင်း တွေ့ရှိရပြီးနောက် အာဏာပိုင်တွေက ၎င်းနဲ့ ဆက်စပ်တဲ့ လူသုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါ ပူးတွဲစစ်ဆင်ရေးကို အော်ရာစီ ဘာစီပါဒူ ခါဇာနက်လို့ အမည်ပေးထားပြီး Bukit Aman Federal Reserve Unit (FRU) မှ ထောက်လှမ်းရေးအရာရှိတွေက ဂျိုဟာ တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာန (Perhilitan) တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မလေးရှားမှာ ကျားတွေဟာ အပြည့်အဝ ကာကွယ်ထားတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာတော့ သံသယရှိသူ အသက် ၂၈ နှစ်မှ ၄၉ နှစ်ကြား အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး "မလေးယန်းကျားတွေဟာ အဖိုးမဖြတ်နိုင်တဲ့အမျိုးသားရတနာတစ်ခုပါ၊ လူသား တွေရဲ့လောဘကြောင့် ဆုံးရှုံးရတာဟာ ကျွန်တော်တို့ရဲ့ အမွေအနှစ်ကို သစ္စာဖောက်လိုက်ခြင်းပါပဲ" လို့ FRU တပ်မှူး၊ အကြီးတန်းလက်ထောက်ကော်မရှင်နာ ရိုဆယ်မက်ယုဆော့ဖ် က ပြောပါတယ်။
Zawgyi Version:
မေလးရွားမွာ က်ား အေလာင္း ကားထဲထည့္သယ္လာတဲ့ အမ်ိဳးသား ၃ ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
မေလးရွားႏိုင္ငံ၊ ဖယ္ဒါတန္ဂါေရာ့မွာ တရားမဝင္ အမဲလိုက္ခံရတယ္လို႔ယူဆရတဲ့ မေလးယန္း က်ား တစ္ေကာင္ရဲ႕အေလာင္းကို ကားေနာက္ဖုံးတစ္ခုအတြင္း ေတြ႕ရွိရၿပီးေနာက္ အာဏာပိုင္ေတြက ၎နဲ႔ ဆက္စပ္တဲ့ လူသုံးဦးကို ဖမ္းဆီးခဲ့ပါတယ္။
အဆိုပါ ပူးတြဲစစ္ဆင္ေရးကို ေအာ္ရာစီ ဘာစီပါဒူ ခါဇာနက္လို႔ အမည္ေပးထားၿပီး Bukit Aman Federal Reserve Unit (FRU) မွ ေထာက္လွမ္းေရးအရာရွိေတြက ဂ်ိဳဟာ ေတာ႐ိုင္းတိရစာၦန္နဲ႔ အမ်ိဳးသားဥယ်ာဥ္ဌာန (Perhilitan) တို႔နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ မေလးရွားမွာ က်ားေတြဟာ အျပည့္အဝ ကာကြယ္ထားတဲ့ မ်ိဳးစိတ္ေတြျဖစ္ပါတယ္။ ဒီျဖစ္ရပ္မွာေတာ့ သံသယရွိသူ အသက္ ၂၈ ႏွစ္မွ ၄၉ ႏွစ္ၾကား အမ်ိဳးသားသုံးဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး "မေလးယန္းက်ားေတြဟာ အဖိုးမျဖတ္ႏိုင္တဲ့အမ်ိဳးသားရတနာတစ္ခုပါ၊ လူသား ေတြရဲ႕ေလာဘေၾကာင့္ ဆုံးရႈံးရတာဟာ ကြၽန္ေတာ္တို႔ရဲ႕ အေမြအႏွစ္ကို သစၥာေဖာက္လိုက္ျခင္းပါပဲ" လို႔ FRU တပ္မႉး၊ အႀကီးတန္းလက္ေထာက္ေကာ္မရွင္နာ ႐ိုဆယ္မက္ယုေဆာ့ဖ္ က ေျပာပါတယ္။