နတ်ရေကန်တွင် တပ်မတော်နှင့် AA ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့် ချေမှုန်းနေ

343

Pearl (NP News) - မတ် ၈
နတ်ရေကန်တွင် တပ်မတော်နှင့် AA ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်း ပစ်ကူများဖြင့် ပြန်လည်ချေမှုန်းနေကြောင်း ဒေသခံများကို NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန် တပ်မတော်လုံခြုံရေးစခန်းကို AA ပူးပေါင်း တပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နှစ်ဖက်ကြားတိုက်ပွဲပြင်းထန်နေပြီး တပ်မတော်ဘက်မှ မြေပြင်စစ်ကူအများအပြား နတ်ရေကန်သို့ ပို့ဆောင်ကာ ပြန်လည်ခုခံနေကြောင်း သိရသည်။
“တပ်ကတော့ ဆော်တော့ ဆော်နေတာပဲ။ ဟိုကောင်တွေလည်း မဆုတ်သေးဘူး။ နတ်ရေကန်သာ ကျသွားရင် တော့ မလွယ်ဘူး။ ရခိုင်ရိုးမတောင်ထဲမှာ နတ်ရေကန်တောင်က အမြင့်ဆုံးလေ။ မနေ့ကကိုပဲ နတ်ရေကန်ကို စစ်ကူတွေ ထပ်ပြီးသွားတာတွေ့တယ်။ နတ်ရေကန်မှာလည်း နဂိုကတည်းက အင်အားများတယ်” ဟု ဒေသခံ တစ်ဦးက NP News သို့ ပြောသည်။
ထို့ပြင် အမြောက်ပစ်ကူများ၊ လေကြောင်း ပစ်ကူများဖြင့်လည်း တပ်မတော်ဘက်မှ ပြန်လည်ခုခံချေမှုန်းနေ ကြောင်း သိရသည်။
“လေယာဉ်တွေဖြတ်သွားတာလည်း မြင်ရတယ်။ တစ်ရက်ခြား တစ်ရက်ခြားလိုပါပဲ။ ပဒါန်း အမြောက်တပ် (၄၀၉) ကနေ လှမ်းလှမ်းထုတဲ့အသံတွေလည်းကြားရတယ်။ နေ့တိုင်းရယ်တော့ မဟုတ်ဘူး။ တစ်ခါတရံပေါ့။ မနက် အစောပိုင်းတွေ၊ ညပိုင်းတွေ။ အခုရက်ထဲတော့ နေ့တိုင်းလိုလိုထုနေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်၌ဖြစ်ပွားသောတိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ဒေသခံများသည် နေရပ်စွန့်ခွာစစ်ဘေးရှောင် နေကြရပြီး အများစုအနေဖြင့် အခက်အခဲများစွာရင်ဆိုင်နေရ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA အဖွဲ့က ထိန်းချုပ်ထားပြီး စစ်တွေမြို့၊ ကျောက်ဖြူမြို့ နှင့် မန်အောင်မြို့ စသည့် (၃) မြို့နယ်ကို တပ်မတော်လုံခြုံရေးအဖွဲ့က ထိန်းချုပ်ထားသည်။
Zawgyi Version:
နတ္ေရကန္တြင္ တပ္မေတာ္ႏွင့္ AA ပူးေပါင္းအဖြဲ႕ၾကားတိုက္ပြဲျပင္းထန္ေနၿပီး တပ္မေတာ္မွ ေလေၾကာင္းပစ္ကူ မ်ားျဖင့္ ေခ်မႈန္းေန
Pearl (NP News) - မတ္ ၈
နတ္ေရကန္တြင္ တပ္မေတာ္ႏွင့္ AA ပူးေပါင္းအဖြဲ႕တို႔ၾကားတိုက္ပြဲျပင္းထန္ေနၿပီး တပ္မေတာ္မွ ေလေၾကာင္း ပစ္ကူမ်ားျဖင့္ ျပန္လည္ေခ်မႈန္းေနေၾကာင္း ေဒသခံမ်ားကို NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ အမ္း- ပဒါန္း လမ္းေပၚရွိ နတ္ေရကန္ တပ္မေတာ္လုံၿခဳံေရးစခန္းကို AA ပူးေပါင္း တပ္ဖြဲ႕က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း အင္အားအမ်ားအျပားျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ႏွစ္ဖက္ၾကားတိုက္ပြဲျပင္းထန္ေနၿပီး တပ္မေတာ္ဘက္မွ ေျမျပင္စစ္ကူအမ်ားအျပား နတ္ေရကန္သို႔ ပို႔ေဆာင္ကာ ျပန္လည္ခုခံေနေၾကာင္း သိရသည္။
“တပ္ကေတာ့ ေဆာ္ေတာ့ ေဆာ္ေနတာပဲ။ ဟိုေကာင္ေတြလည္း မဆုတ္ေသးဘူး။ နတ္ေရကန္သာ က်သြားရင္ ေတာ့ မလြယ္ဘူး။ ရခိုင္႐ိုးမေတာင္ထဲမွာ နတ္ေရကန္ေတာင္က အျမင့္ဆုံးေလ။ မေန႔ကကိုပဲ နတ္ေရကန္ကို စစ္ကူေတြ ထပ္ၿပီးသြားတာေတြ႕တယ္။ နတ္ေရကန္မွာလည္း နဂိုကတည္းက အင္အားမ်ားတယ္” ဟု ေဒသခံ တစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ အေျမာက္ပစ္ကူမ်ား၊ ေလေၾကာင္း ပစ္ကူမ်ားျဖင့္လည္း တပ္မေတာ္ဘက္မွ ျပန္လည္ခုခံေခ်မႈန္းေန ေၾကာင္း သိရသည္။
“ေလယာဥ္ေတြျဖတ္သြားတာလည္း ျမင္ရတယ္။ တစ္ရက္ျခား တစ္ရက္ျခားလိုပါပဲ။ ပဒါန္း အေျမာက္တပ္ (၄၀၉) ကေန လွမ္းလွမ္းထုတဲ့အသံေတြလည္းၾကားရတယ္။ ေန႔တိုင္းရယ္ေတာ့ မဟုတ္ဘူး။ တစ္ခါတရံေပါ့။ မနက္ အေစာပိုင္းေတြ၊ ညပိုင္းေတြ။ အခုရက္ထဲေတာ့ ေန႔တိုင္းလိုလိုထုေနတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ရခိုင္ျပည္နယ္၌ျဖစ္ပြားေသာတိုက္ပြဲမ်ားေၾကာင့္ ေသာင္းႏွင့္ခ်ီေသာ ေဒသခံမ်ားသည္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ ေနၾကရၿပီး အမ်ားစုအေနျဖင့္ အခက္အခဲမ်ားစြာရင္ဆိုင္ေနရ ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္အနက္ ၁၄ ၿမိဳ႕နယ္ကို AA အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ ႏွင့္ မန္ေအာင္ၿမိဳ႕ စသည့္ (၃) ၿမိဳ႕နယ္ကို တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က ထိန္းခ်ဳပ္ထားသည္။