မက္ကဆီကိုကုန်စည်များ အခွန်ကောက်ခံခြင်းကို ဆိုင်းငံမည်ဖြစ်သော်လည်း ကနေဒါနိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဆက်ဖြစ်မည်ဟု ဒေါ်နယ်ထရမ့် ပြော

 335

ဂျန်ဇက် (NP News) - မတ် ၈

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကိုတင်နိုင်ငံမှတင်သွင်းသော ကုန်စည်များကိုအခွန်ကောက်ခံမည်အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သော်လည်း ကနေဒါနိုင်ငံကို ကုန်သွယ်ခွန်ကောက်ခံခြင်းများလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းတွင် မက္ကဆီကိုသမ္မတ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့တင်သွင်းသည့် မက္ကဆီကိုနိုင်ငံ၏ ကုန်စည်များအား အခွန်ကောက်ခံမည့်အစီအစဉ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က "မက္ကဆီကိုသမ္မတအပေါ် လေးစားမှုရှီပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးကောင်းမွန်မှုရှိပါတယ်" ဟု ပြောသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက် ကုန်သွယ်ခွန်များကောက်ခံရန် စီစဉ်ခဲ့ရာ အငြင်းပွားမှုများရှိနေကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် မကြာသေးမီက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အငြင်းပွားမှုများရှိခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က ဂျက်စတင်ထရူးဒိုးသည် အမေရိကန်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကိုအသုံးချပြီး အာဏာဆက်လက်တည်မြဲရန် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။
ကနေဒါဝန်ကြီးချုပ်က ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ကနေဒါဝန်ကြီးချုပ်က "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ တင်သွင်းတဲ့ ကုန်စည်းအားလုံးနဲ့ပတ်သက်ပြီး အခွန် အားလုံး ဖယ်ရှားပေးရေးဖြစ်တယ်" ဟု ပြောသည်။ ဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ကို ပြီးခဲ့သောရက်ပိုင်းတွင် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေး ဈေးကွက်အတွင်း အလှုပ်အခတ်များစွာဖြစ်ခဲ့ကြောင်း သိရသည်။
ကနေဒါနိုင်ငံကလည်း အမေရိကန်နိုင်ငံမှ တင်သွင်းသောကုန်စည်များကို အခွန်ကောက်ခံမည်ဖြစ်ရာ အမေရိကန် နှင့် ကနေဒါနိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာဖွယ်ရှိနေသည်။ အမေရိကန်အစိုးရသည် ၎င်းနိုင်ငံအတွင်းသို့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်ခြင်း၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓါတုဆေးဝါးများ ဝင်ရောက်ခြင်းကိုတားဆီးရန်အတွက် တရုတ်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့ကို ပစ်မှတ်ထားကာ အခွန်ကောက်ရန်ပြင်ဆင်ခြင်းဖြစ်သည်။
ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကအခွန်ကောက်ခံခြင်းသည် အမေရိကန်နိုင်ငံအတွက် ဝင်ငွေ ရရှိစေမည့်အဓိက ဝင်ငွေလမ်းကြောင်းဖြစ်လာနိုင်ပြီး ကုန်သွယ်ရေးမညီမျှမှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ အလေ့အကျင့်များကို ကုစားရာတွင် အဓိကအရေးပါလာမည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
မကၠဆီကိုကုန္စည္မ်ား အခြန္ေကာက္ခံျခင္းကို ဆိုင္းငံမည္ျဖစ္ေသာ္လည္း ကေနဒါႏိုင္ငံႏွင့္ ကုန္သြယ္ေရးစစ္ပြဲ ဆက္ျဖစ္မည္ဟု ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၈

အေမရိကန္သမၼတေဒၚနယ္ထရမ့္က မကၠဆီကိုတင္ႏိုင္ငံမွတင္သြင္းေသာ ကုန္စည္မ်ားကိုအခြန္ေကာက္ခံမည္အစီအစဥ္ကို ဆိုင္းငံ့ထားလိုက္ေသာ္လည္း ကေနဒါႏိုင္ငံကို ကုန္သြယ္ခြန္ေကာက္ခံျခင္းမ်ားလုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္သမၼတသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ မကၠဆီကိုသမၼတ ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံသို႔တင္သြင္းသည့္ မကၠဆီကိုႏိုင္ငံ၏ ကုန္စည္မ်ားအား အခြန္ေကာက္ခံမည့္အစီအစဥ္ကို ဆိုင္းငံ့ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္က "မကၠဆီကိုသမၼတအေပၚ ေလးစားမႈရွီပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ဆံေရးေကာင္းမြန္မႈရွိပါတယ္" ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ ကုန္သြယ္ခြန္မ်ားေကာက္ခံရန္ စီစဥ္ခဲ့ရာ အျငင္းပြားမႈမ်ားရွိေနေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္သည္ မၾကာေသးမီက ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒိုးႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အျငင္းပြားမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က ဂ်က္စတင္ထ႐ူးဒိုးသည္ အေမရိကန္ႏွင့္ျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲကိုအသုံးခ်ၿပီး အာဏာဆက္လက္တည္ၿမဲရန္ လုပ္ေဆာင္ေနေၾကာင္း စြပ္စြဲခဲ့သည္။
ကေနဒါဝန္ႀကီးခ်ဳပ္က ကေနဒါႏိုင္ငံသည္ အေမရိကန္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးစစ္ပြဲ ဆက္လက္လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ေျပာဆိုထားသည္။
ကေနဒါဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ဟာ တင္သြင္းတဲ့ ကုန္စည္းအားလုံးနဲ႔ပတ္သက္ၿပီး အခြန္ အားလုံး ဖယ္ရွားေပးေရးျဖစ္တယ္" ဟု ေျပာသည္။ ေဒၚနယ္ထရမ့္သည္ မကၠဆီကိုႏွင့္ ကေနဒါႏိုင္ငံတို႔ကို ၿပီးခဲ့ေသာရက္ပိုင္းတြင္ အခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံရန္ အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ ကမာၻ႔ကုန္သြယ္ေရး ေဈးကြက္အတြင္း အလႈပ္အခတ္မ်ားစြာျဖစ္ခဲ့ေၾကာင္း သိရသည္။
ကေနဒါႏိုင္ငံကလည္း အေမရိကန္ႏိုင္ငံမွ တင္သြင္းေသာကုန္စည္မ်ားကို အခြန္ေကာက္ခံမည္ျဖစ္ရာ အေမရိကန္ ႏွင့္ ကေနဒါႏိုင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲ အရွိန္ျမင့္တက္လာဖြယ္ရွိေနသည္။ အေမရိကန္အစိုးရသည္ ၎ႏိုင္ငံအတြင္းသို႔ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ဝင္ေရာက္ျခင္း၊ တရားမဝင္မူးယစ္ေဆးဝါးႏွင့္ မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္အသုံးျပဳသည့္ ဓါတုေဆးဝါးမ်ား ဝင္ေရာက္ျခင္းကိုတားဆီးရန္အတြက္ တ႐ုတ္၊ မကၠဆီကို၊ ကေနဒါႏိုင္ငံတို႔ကို ပစ္မွတ္ထားကာ အခြန္ေကာက္ရန္ျပင္ဆင္ျခင္းျဖစ္သည္။
ထို႔အျပင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကအခြန္ေကာက္ခံျခင္းသည္ အေမရိကန္ႏိုင္ငံအတြက္ ဝင္ေငြ ရရွိေစမည့္အဓိက ဝင္ေငြလမ္းေၾကာင္းျဖစ္လာႏိုင္ၿပီး ကုန္သြယ္ေရးမညီမွ်မႈမ်ားႏွင့္ ကုန္သြယ္ေရးဆိုင္ရာ အေလ့အက်င့္မ်ားကို ကုစားရာတြင္ အဓိကအေရးပါလာမည္ျဖစ္ေၾကာင္း ေျပာသည္။

Related news

© 2021. All rights reserved.