အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပိတ်ဆို့အရေးယူမှုအသစ်တွေနဲ့အတူ ရုရှားကို ခြိမ်းခြောက်

2044

Pika (NP News) - မတ် ၈
ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိမချင်း ရုရှားအပေါ် ကြီးမားတဲ့ပိတ်ဆို့အရေးယူမှုအသစ် တွေ ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အဲဒီပိတ်ဆို့ အရေးယူမှုတွေဟာ ရုရှားရဲ့ဘဏ်လုပ်ငန်းကဏ္ဍကိုပစ်မှတ်ထားပြီး ရုရှားနိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်မှုအပေါ်အခွန် စည်းကြပ်တာတွေ ပါဝင်လိမ့်မယ်လို့ Truth Social ပလက်ဖောင်းမှာ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ရုရှားစစ်တပ်ဟာ စစ်မြေပြင်မှာ ယူကရိန်းကို လုံးဝ ညှင်းပန်းနှိပ်စက်နေပါတယ်။ ဒီအချက်တွေအပေါ် အခြေခံပြီး ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးဖြေရှင်းရေးသဘောတူညီချက် မရရှိမချင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်ထန် ချမှတ်သွားဖို့ စဉ်းစားနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အချိန်မနှောင်းခင် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းကို ချက်ချင်းလာရောက်ကြဖို့ ရုရှားနဲ့ ယူကရိန်းတို့ ကို ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက် က ရုရှားအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အလွန်အားနည်းတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်ဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို တင်းကြပ်ဖို့ ပြင်ဆင်ထားတယ်လို့ Scott Bessent က ထပ်မံပြောကြားခဲ့ပါတယ်။
Zawgyi Version:
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ပိတ္ဆို႔အေရးယူမႈအသစ္ေတြနဲ႔အတူ ႐ုရွားကို ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၈
ယူကရိန္းအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မရရွိမခ်င္း ႐ုရွားအေပၚ ႀကီးမားတဲ့ပိတ္ဆို႔အေရးယူမႈအသစ္ ေတြ ခ်မွတ္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။ အဲဒီပိတ္ဆို႔ အေရးယူမႈေတြဟာ ႐ုရွားရဲ႕ဘဏ္လုပ္ငန္းက႑ကိုပစ္မွတ္ထားၿပီး ႐ုရွားႏိုင္ငံရဲ႕ႏိုင္ငံျခားကုန္သြယ္မႈအေပၚအခြန္ စည္းၾကပ္တာေတြ ပါဝင္လိမ့္မယ္လို႔ Truth Social ပလက္ေဖာင္းမွာ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “႐ုရွားစစ္တပ္ဟာ စစ္ေျမျပင္မွာ ယူကရိန္းကို လုံးဝ ညႇင္းပန္းႏွိပ္စက္ေနပါတယ္။ ဒီအခ်က္ေတြအေပၚ အေျခခံၿပီး ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေနာက္ဆုံးေျဖရွင္းေရးသေဘာတူညီခ်က္ မရရွိမခ်င္း ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ျပင္းျပင္းထန္ထန္ ခ်မွတ္သြားဖို႔ စဥ္းစားေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အခ်ိန္မေႏွာင္းခင္ ေစ့စပ္ညႇိႏႈိင္းေရးေဆြးေႏြးပြဲ စားပြဲဝိုင္းကို ခ်က္ခ်င္းလာေရာက္ၾကဖို႔ ႐ုရွားနဲ႔ ယူကရိန္းတို႔ ကို ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္ က ႐ုရွားအေပၚ ခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈေတြဟာ အလြန္အားနည္းတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Scott Bessent က ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို တင္းၾကပ္ဖို႔ ျပင္ဆင္ထားတယ္လို႔ Scott Bessent က ထပ္မံေျပာၾကားခဲ့ပါတယ္။