တရုတ်(တိုင်ပေ) ချစ်ပ်ကုမ္ပဏီကြီးက အမေရိကန်တွင် အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

 329

Pika (NP News) - မတ် ၉

တရုတ်(တိုင်ပေ)ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီကြီး TSMC ၏ အမေရိကန်တွင် အမေရိကန်ဒေါ်လာ (၁၀ဝ) ဘီလျံ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်သည် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင် အခိုက်အတန့် တစ်ခုဖြစ်ကြောင်း တရုတ် (တိုင်ပေ)သမ္မတ လိုင်ချန်တေးက မတ်လ(၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံခြား ထုတ်ချစ်ပ်များပေါ်တွင် အခွန်စည်းကြပ်မှုလုပ်ဆောင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးနောက် Apple နှင့် Nvidia ကုမ္ပဏီတို့ကို ၎င်း၏ဖောက်သည်များကြားတွင် ထည့်သွင်းရေတွက် သည့် TSMC ကုမ္ပဏီသည် အဆိုပါအစီအစဉ်ကို ယခုသီ တင်းပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် TSMC ကုမ္ပဏီ၏ အမေရိကန် တွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် အမေရိကန်ဒေါ် လာ(၁၆၅)ဘီလျံအထိ ရှိလာမည်ဖြစ်ပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံးနိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း TSMC ကပြောကြားခဲ့ သည်။ TSMC ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ C.C. Wei နှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တရုတ် (တိုင်ပေ) သမ္မတလိုင်ချန်တေးသည် တရုတ် (တိုင် ပေ)-အမေရိကန်ဆက်ဆံရေးအတွက် သမိုင်းဝင် အခိုက်အတန့်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
တရုတ်(တိုင်ပေ)သည် အမေရိကန်ချစ်ပ် လုပ်ငန်းကိုခိုးယူခဲ့ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး (၁၀ဝ) ရာခိုင်နှုန်း အခွန်စည်းကြပ်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နောက် TSMC ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထား သော တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် တရုတ်(တိုင်ပေ)-အမေရိကန် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် တစ်ခုဖြစ်သော အဆိုပါရင်းနှီးမြှုပ်နှံမှုထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ) ခ်စ္ပ္ကုမၸဏီႀကီးက အေမရိကန္တြင္ အေမရိကန္ေဒၚလာ(၁၀ဝ)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္
Pika (NP News) - မတ္ ၉

တ႐ုတ္(တိုင္ေပ)ခ်စ္ပ္ထုတ္လုပ္ေရးကုမၸဏီႀကီး TSMC ၏ အေမရိကန္တြင္ အေမရိကန္ေဒၚလာ (၁၀ဝ) ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံရန္ အစီအစဥ္သည္ တ႐ုတ္(တိုင္ေပ)-အေမရိကန္ ဆက္ဆံေရးအတြက္ သမိုင္းဝင္ အခိုက္အတန႔္ တစ္ခုျဖစ္ေၾကာင္း တ႐ုတ္ (တိုင္ေပ)သမၼတ လိုင္ခ်န္ေတးက မတ္လ(၆)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ႏိုင္ငံျခား ထုတ္ခ်စ္ပ္မ်ားေပၚတြင္ အခြန္စည္းၾကပ္မႈလုပ္ေဆာင္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ခဲ့ၿပီးေနာက္ Apple ႏွင့္ Nvidia ကုမၸဏီတို႔ကို ၎၏ေဖာက္သည္မ်ားၾကားတြင္ ထည့္သြင္းေရတြက္ သည့္ TSMC ကုမၸဏီသည္ အဆိုပါအစီအစဥ္ကို ယခုသီ တင္းပတ္အတြင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ TSMC ကုမၸဏီ၏ အေမရိကန္ တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈစုစုေပါင္းသည္ အေမရိကန္ေဒၚ လာ(၁၆၅)ဘီလ်ံအထိ ရွိလာမည္ျဖစ္ၿပီး အေမရိကန္သမိုင္းတြင္ အႀကီးမားဆုံးႏိုင္ငံျခား တိုက္႐ိုက္ရင္း ႏွီးျမႇဳပ္ႏွံမႈတစ္ခုျဖစ္ေၾကာင္း TSMC ကေျပာၾကားခဲ့ သည္။ TSMC ကုမၸဏီ၏ စီအီးအိုျဖစ္သူ C.C. Wei ႏွင့္ပူးတြဲသတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း တ႐ုတ္ (တိုင္ေပ) သမၼတလိုင္ခ်န္ေတးသည္ တ႐ုတ္ (တိုင္ ေပ)-အေမရိကန္ဆက္ဆံေရးအတြက္ သမိုင္းဝင္ အခိုက္အတန႔္ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္း သိရသည္။
တ႐ုတ္(တိုင္ေပ)သည္ အေမရိကန္ခ်စ္ပ္ လုပ္ငန္းကိုခိုးယူခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ၿပီး (၁၀ဝ) ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈမ်ား လုပ္ေဆာင္သြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး ေနာက္ TSMC ကုမၸဏီ၏ ရင္းႏွီးျမႇဳပ္ႏွံမႈအစီအစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။ တ႐ုတ္(တိုင္ေပ)ကို ၎၏ ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထား ေသာ တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)ကြၽန္းအေပၚ စစ္ေရးႏွင့္ ႏိုင္ငံေရးအရ ဖိအားေပးမႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္တြင္ တ႐ုတ္(တိုင္ေပ)-အေမရိကန္ ဆက္ဆံေရးအတြက္ သမိုင္းဝင္အခိုက္အတန႔္ တစ္ခုျဖစ္ေသာ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.