တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း YBS ယာဥ်များ ထပ်တိုးပြေးဆွဲပေးမည်

283

NP News မတ်လ (၉)ရက်
တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရသည်။
မတ်လ ၁၇ ရက်မှာ ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား ၊ ကျောင်းသူများ သွားလာရေး လွယ်ကူစေရန်အတွက် ယခုကဲ့သို့ စီစဥ်ပေးခြင်းဖြစ်ကြောင်း YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
" ပုံမှန်ပြေးဆွဲပေးနေတဲ့ YBS ယာဥ်စီးရေ ၃၀၀၀ နဲ့ ၃၅၀၀ လောက်ကနေ စာမေးပွဲအချိန်မှာ YBS ယာဥ်စီးရေ ၄၀၀၀ အထိ တိုးချဲ့ ပြေးဆွဲပေးမှာပါ။ အခုလို စာမေးပွဲဖြေမယ့် ကလေးတွေ အဆင်ပြေစွာ သွားလာလို့ရအောင် တိုးချဲ့ပြေးဆွဲပေးမယ့် YBS ယာဥ်တွေကိုလည်း CNG အလွယ်တကူ တန်းစီလို့ရအောင် YRTC ဘက်က စီစဥ်ပေးမှာ ဖြစ်ပါတယ် " ဟု ဦးလျန်ကျင့်မာန်က ပြောသည်။
၂ဝ၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား/သူများ သက်ဆိုင်ရာကျောင်းများသို့ သွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းတွေ စနစ်တကျ ပြေးဆွဲစေရန် ၊ ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှု မရှိစေရန်အတွက် စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေး ဌာနမှ စစ်ဆေးရေးအဖွဲ့(၁၀)ဖွဲ့ဖြင့် မှတ်တိုင်(၁၀)မှတ်တိုင်တို့မှာ ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရေး လမ်းကြောင်းများမှာ လမ်းကြောင်း(၁)။ ခရေပင်လမ်းခွဲကနေ ပြည်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ။ လမ်းကြောင်း(၂) (၈)မိုင်မှတ်တိုင်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင် လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အထိ။ လမ်းကြောင်း(၃)။ ပေါက်တောဝမီးပွိုင့်ကနေ ဘုရင့်နောင်လမ်းမကြီး၊ ကမ်းနားလမ်းအတိုင်း သခင်မြပန်းခြံ အထိ။လမ်းကြောင်း၄)။ အမှတ်(၃)လမ်းဆုံကနေ သုဓမ္မာလမ်းအတိုင်း မြောက်ဥက္ကလာပအဝိုင်းမှ အုတ်ပုံဆိပ်လမ်းအတိုင်း နဝဒေးမှတ်တိုင်အထိ။(၅)။ Down Town (၆) မြို့နယ်။
(လမ်းကြောင်း၆)။ ယုဇနပလာဇာ(ဗညားဒလလမ်း)၊ စက်ရုံလမ်း၊ အထက်ပုဇွန်တောင် လမ်း၊ သံသုမာလာလမ်း၊ အမှတ်(၂)လမ်းမကြီး၊ ပြည်ထောင်စုလမ်း၊ မဝ တလမ်းဆုံ၊ ပင်လုံလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ လေးထောင့်ကန် လမ်း၊အရှေ့မြင်းပြိုင်ကွင်းလမ်း အထိ။
(လမ်းကြောင်း၇)။ ဘုရင့်နောင်တံတားမှ ရန်ကုန်ပုသိမ်လမ်း - ဒဂုံဧရာအဝေးပြေး၊ အောင်ဇေ ယျတံတားမှ ညောင်တုန်းလမ်း - ဘီအိုစီမှတ်တိုင်၊ ရွှေပြည် သာတံတားမှ ခရေပင်လမ်း၊ အနော်ရထာလမ်း-သမကုန်းအဝိုင်း အထိ။
(လမ်းကြောင်း၈)။ ဒဂုံဆိပ်ကမ်းမြို့နယ်-ဒုဌဝတီမှတ်တိုင်မှ ဧရာဝဏ်လမ်းမကြီးအတိုင်းပွိုင့် ထိပ်မှတ်တိုင်အထိ၊ ပွိုင့်ထိပ်မှတ်တိုင်မှ မောင်းမကန်လမ်းမကြီး၊ စည်ပင် လမ်းအတိုင်း တောင်/မြောက်လမ်းဆုံအထိ၊ တောင်/မြောက်လမ်းဆုံမှ ပြည်ထောင်စုလမ်းမကြီးအတိုင်း - (၄၆)လမ်းဆုံ အထိ။
(လမ်းကြောင်း၉)။ တညင်းကုန်းလမ်းဆုံမှ အောက်မင်္ဂလာဒုံလမ်း၊ မင်းကြီးလမ်း၊ အင်းစိန် လမ်းမကြီး - လှည်းတန်း၊ နို့ဈေးမှဗဟိုလမ်း - ရွာမကျောင်းလမ်း အထိ။
၁ဝ)။ လှည်းတန်းလမ်းဆုံမှ ပြည်လမ်း- ဗိုလ်ချုပ်ဆောင်ဆန်းလမ်း အထိဖြစ်သည်ဟု သိရသည်။
အထက်ဖေါ်ပြပါလမ်းကြောင်းများတွင် အထူးအဖွဲ့များနှင့်ပူးပေါင်းအဖွဲ့ ၁၃ဖွဲ့ ကစစ်ဆေးသွားမည်ဖြစ်ပြီး YRTC၏ မီနီဘတ်(စ်) ၁၀စီးကိုအသင့်အနေအထားးဖြင့် စောင့်ဆိုင်းပြင်ဆင်ထားမည်ဖြစ်ကြောင်းနှင့်မော်တော်ယာဥ်သွားလာရန်ခက်ခဲသောနေရာများအတွက် မှတ်တိုင်များရှိ YRTC ဝန်ထမ်းများသို့အကူအညီတောင်းခံပါက တက္ကစီ ကူညီဌားရမ်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:.
တကၠသိုလ္ဝင္ စာေမးပြဲကာလအတြင္း YBS ယာဥ္မ်ား ထပ္တိုးေျပးဆြဲေပးမည္
NP News မတ္လ (၉)ရက္
တကၠသိုလ္ဝင္ စာေမးပြဲ ကာလအတြင္း YBS ယာဥ္ေတြ ထပ္တိုးေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက အမ်ားပိုင္သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ YRTC က သိရသည္။
မတ္လ ၁၇ ရက္မွာ က်င္းပသည့္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ ေျဖဆိုၾကမယ့္ ေက်ာင္းသား ၊ ေက်ာင္းသူမ်ား သြားလာေရး လြယ္ကူေစရန္အတြက္ ယခုကဲ့သို႔ စီစဥ္ေပးျဖင္းျဖစ္ေၾကာင္း YRTC ၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။
" ပုံမွန္ေျပးဆြဲေပးေနတဲ့ YBS ယာဥ္စီးေရ ၃၀၀၀ နဲ႔ ၃၅၀၀ ေလာက္ကေန စာေမးပြဲအခ်ိန္မွာ YBS ယာဥ္စီးေရ ၄၀၀၀ အထိ တိုးခ်ဲ႕ ေျပးဆြဲေပးမွာပါ။ အခုလို စာေမးပြဲေျဖမယ့္ ကေလးေတြ အဆင္ေျပစြာ သြားလာလို႔ရေအာင္ တိုးခ်ဲ႕ေျပးဆြဲေပးမယ့္ YBS ယာဥ္ေတြကိုလည္း CNG အလြယ္တကူ တန္းစီလို႔ရေအာင္ YRTC ဘက္က စီစဥ္ေပးမွာ ျဖစ္ပါတယ္ " ဟု ဦးလ်န္က်င့္မာန္က ေျပာသည္။
၂ဝ၂၅ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသည့္ ကာလအတြင္း ေက်ာင္းသား/သူမ်ား သက္ဆိုင္ရာေက်ာင္းမ်ားသို႔ သြားလာမႈအဆင္ေျပေစရန္အတြက္ YBS ယာဥ္လိုင္းေတြ စနစ္တက် ေျပးဆြဲေစရန္ ၊ ယာဥ္ေၾကာပိတ္ဆို႔ၾကပ္တည္းမႈ မရွိေစရန္အတြက္ စည္းကမ္းထိန္းသိမ္းေရးႏွင့္စစ္ေဆးေရး ဌာနမွ စစ္ေဆးေရးအဖြဲ႕(၁၀)ဖြဲ႕ႏွင့္ မွတ္တိုင္(၁၀)မွတ္တိုင္တို႔မွာ ေဆာင္႐ြက္သြားရန္ ၫႊန္ၾကားထားၿပီး ေၾကာင္းသိရသည္။
အဆိုပါ စစ္ေဆးေရး လမ္းေၾကာင္းမ်ားမွာ လမ္းေၾကာင္း(၁)။ ခေရပင္လမ္းခြဲကေန ျပည္လမ္းအတိုင္း လွည္းတန္းလမ္းဆုံအထိ။ လမ္းေၾကာင္း(၂) (၈)မိုင္မွတ္တိုင္၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ ကမာၻေအးဘုရားလမ္း၊ ေ႐ႊဂုံတိုင္ လမ္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း အထိ။ လမ္းေၾကာင္း(၃)။ ေပါက္ေတာဝမီးပြိဳင့္ကေန ဘုရင့္ေနာင္လမ္းမႀကီး၊ ကမ္းနားလမ္းအတိုင္း သခင္ျမပန္းၿခံ အထိ။လမ္းေၾကာင္း၄)။ အမွတ္(၃)လမ္းဆုံကေန သုဓမၼာလမ္းအတိုင္း ေျမာက္ဥကၠလာပအဝိုင္းမွ အုတ္ပုံဆိပ္လမ္းအတိုင္း နဝေဒးမွတ္တိုင္အထိ။(၅)။ Down Town (၆) ၿမိဳ႕နယ္။
(လမ္းေၾကာင္း၆)။ ယုဇနပလာဇာ(ဗညားဒလလမ္း)၊ စက္႐ုံလမ္း၊ အထက္ပုဇြန္ေတာင္ လမ္း၊ သံသုမာလာလမ္း၊ အမွတ္(၂)လမ္းမႀကီး၊ ျပည္ေထာင္စုလမ္း၊ မဝ တလမ္းဆုံ၊ ပင္လုံလမ္း၊ ေဘလီထိပ္၊ သံသုမာလမ္း၊ ေလးေထာင့္ကန္ လမ္း၊အေရွ႕ျမင္းၿပိဳင္ကြင္းလမ္း အထိ။
(လမ္းေၾကာင္း၇)။ ဘုရင့္ေနာင္တံတားမွ ရန္ကုန္ပုသိမ္လမ္း - ဒဂုံဧရာအေဝးေျပး၊ ေအာင္ေဇ ယ်တံတားမွ ေညာင္တုန္းလမ္း - ဘီအိုစီမွတ္တိုင္၊ ေ႐ႊျပည္ သာတံတားမွ ခေရပင္လမ္း၊ အေနာ္ရထာလမ္း-သမကုန္းအဝိုင္း အထိ။
(လမ္းေၾကာင္း၈)။ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္-ဒုဌဝတီမွတ္တိုင္မွ ဧရာဝဏ္လမ္းမႀကီးအတိုင္းပြိဳင့္ ထိပ္မွတ္တိုင္အထိ၊ ပြိဳင့္ထိပ္မွတ္တိုင္မွ ေမာင္းမကန္လမ္းမႀကီး၊ စည္ပင္ လမ္းအတိုင္း ေတာင္/ေျမာက္လမ္းဆုံအထိ၊ ေတာင္/ေျမာက္လမ္းဆုံမွ ျပည္ေထာင္စုလမ္းမႀကီးအတိုင္း - (၄၆)လမ္းဆုံ အထိ။
(လမ္းေၾကာင္း၉)။ တညင္းကုန္းလမ္းဆုံမွ ေအာက္မဂၤလာဒုံလမ္း၊ မင္းႀကီးလမ္း၊ အင္းစိန္ လမ္းမႀကီး - လွည္းတန္း၊ ႏို႔ေဈးမွဗဟိုလမ္း - ႐ြာမေက်ာင္းလမ္း အထိ။
၁ဝ)။ လွည္းတန္းလမ္းဆုံမွ ျပည္လမ္း- ဗိုလ္ခ်ဳပ္ေဆာင္ဆန္းလမ္း အထိျဖစ္သည္ဟု သိရသည္။
အထက္ေဖၚျပပါလမ္းေၾကာင္းမ်ားတြင္ အထူးအဖြဲ႕မ်ားႏွင့္ပူးေပါင္းအဖြဲ႕ ၁၃ဖြဲ႕ ကစစ္ေဆးသြားမည္ျဖစ္ၿပီး YRTC၏ မီနီဘတ္(စ္) ၁၀စီးကိုအသင့္အေနအထားးျဖင့္ ေစာင့္ဆိုင္းျပင္ဆင္ထားမည္ျဖစ္ေၾကာင္းႏွင့္ေမာ္ေတာ္ယာဥ္သြားလာရန္ခက္ခဲေသာေနရာမ်ားအတြက္ မွတ္တိုင္မ်ားရွိ YRTC ဝန္ထမ္းမ်ားသို႔အကူအညီေတာင္းခံပါက တကၠစီ ကူညီဌားရမ္းေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။