တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်

 156

ပြည့်ဖြိုး (NP News) - မတ် ၉

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ဈေးကွက်ကျဆင်းခြင်း ဆက်တိုက်ခံစားထားရအပြီး လက်ရှိအချိန်၌ မြွေမသေတုတ်မကျိုး အနေအထားဖြင့် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ကုန်သွယ်မှုအရ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ရပ်နားထားပြီး ပုံမှန်ကုန်သွယ်ရေးကိုသာ ဦးစားပေးနေရဆဲဖြစ်သည်။ စီးပွားရေးဈေးကွက် ကွင်းဆက်တစ်ခုလုံး ပုံမှန်လည်ပတ်မှုကျဆင်းလာပြီး လတ်တလောတွင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့နေရခြင်းဖြစ်သည်။ အိမ်ခြံမြေ၊ ရွှေ၊ ငွေကြေးနှင့် ကား လောကတွင် ကုန်ဈေးနှုန်းများ တည်ငြိမ်နေသော် လည်း အရောင်းအဝယ်အေးစက်နေဆဲဖြစ်ရာ ဈေးကွက်ပြန်လည် သွက်လက်လာရန် လိုအပ်နေပေသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းငွေကြေး နှင့် အင်တာနက် ဘဏ်လုပ်ငန်းများခေတ်စားနေပြီဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စံသတ်မှတ်ချက်တစ်ခုတည်း သုံးစွဲနိုင်မည့် မြန်မာကျူအာ (MMQR ) စနစ် ကို ယခုတစ်ပတ်အတွင်း ထုတ်ပြန်ကြေညာလာခဲ့ သည်။
ထို့သို့ ငွေကြေးစနစ်သစ် ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံအတွင်း ငွေကြေးလှည့်လည်စီးဆင်းမှု အတွင်း ငွေစက္ကူ သုံးစွဲမှုကျဆင်းစေနိုင်သော်လည်း လတ်တလောဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှုကို ဖြေရှင်းနိုင်ရန် အချိန်ယူရ မည်ဖြစ်သည်။ လတ်တလော အိမ်ခြံမြေဈေးကွက်အတွင်း အ‌ရောင်းအဝယ် အေးနေသော်လည်း အိမ်အငှား ဈေးကွက်မှာ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။ ရန်ကုန်မြို့အတွင်း နေရာအကွက်အကွင်းအလိုက် စီးပွား‌ရေး ပြုလုပ်နိုင်သည့်အိမ်ခြံမြေများမှာ တစ်လအငှားခ သိန်းဆယ်ချီ ပြီးရရှိနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
အခြေခံကုန်စည်များဖြစ်သည့်စားအုန်းဆီ၊ စက်သုံးဆီ နှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အပြောင်းအလဲ နည်းပါးစွာဖြင့် ကုန်ဈေးနှုန်းအမြင့်ပိုင်းတွင် ရပ်တည်နေပြီး အပြောင်းအလဲနည်းပါးခဲ့သည်။

စီးပွားရေးဈေးကွက်ကွင်းဆက်ချိတ်ဆက်မှု (Supply Chain) ကျဆင်းနေပြီလား

ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုအပေါ် အဓိကထား သုံးစွဲခြင်းကို ဈေးကွက်ဟူ၍နာမည်ခေါ်ယူခဲ့ပြီး လတ်တလော ကာလ ရောင်းလိုအားနှင့်ဝယ်လိုအားပေါ် မူတည်ကာ ဈေးနှုန်းများသတ်မှတ်ခဲ့ကြခြင်းဖြစ် သည်။ (၂၀၂၁) နိုင်ငံရေး အပြောင်းအလဲမှစတင်ကာ အထွေထွေကုန်ဈေးနှုန်းဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့် လတ်တလောအခြေခံ ကုန်စည်များ၏ ဈေးနှုန်းမှာ အမြင့်ဆုံးနှုန်းထားများဖြင့်ရောင်းချနေကြသည်။ ဈေးကွက်အတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း ဝယ်ယူသုံးစွဲသူ ဝယ်လိုအားဘက်တွင် တောက်လျှောက်ကျဆင်းနေရာ ကုန်စည်နှင့် ဝန်ဆောင်မှုနှစ်ခုစလုံး အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ဝယ်ယူသုံးစွဲသူများ၏ အဓိကပြဿနာမှာ လွန်ခဲ့သောသုံးလေးနှစ်ဝန်းကျင်က ဝင်ငွေအတိုင်း ရပ်တန့်နေပြီး ကုန်စည် နှင့် ဝန်ဆောင်မှုဈေးနှုန်းများသာ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ အထွေထွေကုန်ဈေးနှုန်းတွင် အိမ်ခြံမြေ၊ ရွှေ၊ ငွေကြေးနှင့် ကား လုပ်ငန်းများအပေါ်မူတည်ကာ တွက်ချက်ခြင်းသည် ယခင်ဈေးကွက်စီးပွားရေး လွတ်လပ်စွာစီးဆင်းချိန်တွင်သာ မှန်ကန်နိုင်သည်။ လက်ရှိကာလကဲ့သို့ ပို့ ကုန်/သွင်းကုန်များကို သက်ဆိုင်ရာမှ တင်ပို့/တင်သွင်းခွင့်များ ကန့်သတ်ထားချိန်တွင် အထွေထွေ ကုန် ဈေးနှုန်းသည် တရားသေ သတ်မှတ်ရန်ခက်ခဲ သွားသည်။ ဥပမာအားဖြင့် အိမ်သုံးဆေးဝါးနှင့် မော်တော် ယာဉ်အပိုပစ္စည်း တင်သွင်းသူများမှာ ဈေးကွက်သတ်မှတ် ဈေးအစား ကုန်စည်လက်ကျန် ပမာဏကိုမူတည်ကာ ဈေးနှုန်းသတ်မှတ်ခြင်းများဖြစ်ပေါ်လာသည်။ ကုန်စည် လက်ကျန်နည်းသော ကုန်စည်များမှာ ရောင်းသူစိတ်ကြိုက် ခေါ်ဈေးဖြင့်ရောင်းချခြင်းများ ဖြစ်ပေါ်လာပြီး စီးပွား‌ရေးဈေးကွက် ကွင်းဆက်တစ် ခုလုံးထိခိုက်လာလေသည်။ အသစ်ထွက်ရှိသော ကုန်စည်များသာမက လက်ကျန်ကုန်စည်များလည်း ဈေးကွက်သက်ရောက်မှုရှိနေရာ အခြေခံစားသောက်ကုန်အထိ ကုန်ဈေးနှုန်း မြင့်တက်မှုကြုံတွေ့နေရလေသည်။ ထို့ပြင် ယခင်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို အားထားရသော ကုန်စည် များ မှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်တောက်မှုဆက်လက်ကြုံတွေ့လာသည်။ မြန်မာနိုင်ငံအတွက် ပုံမှန် ရေ ကြောင်းကုန်သွယ်ရေးကိုသာ ဆက်လက်အားပြုနေရခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းများ ကျဆင်းရန် ခက်ခဲစွာဖြင့် ကျားကန်ပုံဖော်ကာဈေးကွက်ကို လည် ပတ်နေရဆဲဖြစ်သည်။ စီးပွားရေးဈေးကွက်အတွင်း ကုန်စည် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုနှစ်ခုစလုံးသည် လက်ရှိတွင် အကန့်အသတ်နှင့်ပုံဖော်နေခြင်းဖြစ်ရာ ဝယ်ယူသူဘက်မှ တစ်ဦးချင်းဝင်ငွေအရ ကုန်စည် ဝယ်နိုင်စွမ်းအားများ ကျဆင်းသွားလေသည်။
ကျဆင်းသွားသော ကုန်စည်ဝယ်ယူနိုင်စွမ်းအားကို နိုင်ငံတော်ပိုင်းမှ ပြန်လည်မဖြည့်ဆည်းနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။ လာမည့်ရက်ပိုင်း မြန်မာသင်္ကြန်ကာလနှစ်သစ်ကူး မတိုင်ခင်အထိ လူသုံးကုန်၊ စားသောက်ကုန် အပါအဝင်အခြေခံကုန်စည်များ ဆက်လက် အရောင်းအဝယ် အေးနေမည်ဖြစ်သည်။



ငွေကြေးဖောင်းပွမှုနှင့် မြန်မာကျူအာ (MMQR)
ပြည်တွင်းငွေလှည့်လည်စီးဆင်းမှု ကဏ္ဍအတွင်းသို့ ငွေပေးချေမှုစနစ်အသစ် အသုံးပြုရန် မြန်မာ ကျူအာ (MMQR) ကို ယခုသီတင်းပတ်အတွင်း သက် ဆိုင်ရာကထုတ်ပြန်ကြေညာသည်။ ယင်းမြန်မာ ကျူအာ စနစ်သည် အသေးစား အလတ်စား ငွေပေးချေမှုများမှတစ်ဆင့် အကြီးစားဘဏ်ငွေစာရင်း အလွှဲအပြောင်းအထိအသုံးပြုနိုင်ကြောင်း ထုတ်ပြန်ကြေငြာချက်များအရသိရသည်။ မြန်မာကျူအာစနစ်သည် လတ်တလောအသုံးပြုနေသည့် ငွေပေးချေမှု စနစ်အားလုံးဖြင့် ချိတ်ဆက်သုံးစွဲနိုင်မည်ဖြစ်သည့်အပြင် တစ်နိုင်ငံလုံး စံအဖြစ်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာကျူအာ (MMQR) စနစ်ကို စတင်အကောင်အထည်ဖော်လိုက်ခြင်းဖြင့် နိုင်ငံအတွင်းရှိ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကျူအာကုတ်အမျိုးမျိုးကို ချိတ်ဆက်ပြီး ငွေပေးချေမှုစနစ်များကို ပိုမိုအဆင်ပြေစွာ သုံးစွဲ နိုင်မည်ဖြစ်သည်။ ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီ ငွေလွှဲပြောင်းပေးချေမှုများကို စရိတ်သက်သက်သာသာဖြင့် လွယ်ကူလျင်မြန်စွာပြုလုပ်နိုင်မည်ဖြစ်သည်။
ပြည်သူအများစုအနေဖြင့် နည်းပညာနှင့် စနစ်များအား နားလည်တတ်ကျွမ်းသူ နည်းပါးသဖြင့် မြန်မာကျူအာ (MMQR) မှတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံအဆင့်ဆင့်ကို သုံးစွဲသူပြည်သူများ ရှင်းလင်းလွယ်ကူစွာ နားလည်အသုံးပြုနိုင်အောင် အသိပညာပေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်သွားရမည် ဖြစ်သည်။ မြန်မာကျူအာ(MMQR)စနစ်ကို စတင်အသုံးပြုနိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသုံးပြု နိုင်ခြင်းမရှိသေးသူများသာမက ရှိပြီးသားသုံးစွဲသူများပါ ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေသား ကိုင်တွယ်အသုံးပြုမှုကို လျှော့ချနိုင်ခြင်းနှင့် ငွေကြေးဝန်ဆောင်မှုအမျိုးမျိုးတို့ကို ရယူနိုင်ရန် အထောက်အကူပြု ခြင်းတို့ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် (ကိုဗစ်-၁၉) ရောဂါမဖြစ်ပွားချိန်ကတည်းက မိုဘိုင်းငွေကြေးနှင့် အင်တာနက် ဘဏ် ဝန်ဆောင်မှုများ စတင်သုံးစွဲမှုမြင့်တက်ခဲ့သော်လည်း (၂၀၂၁) နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းတွင် ပြည်သူ လူထုက ပုဂ္ဂလိကဘဏ်များဝန်ဆောင်မှုကို သံသယဖြင့် ဘဏ်အပ်ငွေကြေးများ အလုံးအရင်းဖြင့်ပြန်လည်ထုတ်ယူ မှုဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင်မူ ဘဏ်အပ်ငွေကြေးများ ပြန်လည်မြင့်တက်လာပြီး ပြည်သူလူထု၏ယုံကြည်မှု ပြန်လည်ရရှိလာသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ မြန်မာကျူအာ(MMQR)စနစ်ကို ထုတ်ပြန် ကြေညာလာရာ အောင်မြင်မှုရရှိနိုင်သော်လည်း လတ်တလော ငွေကြေးဖောင်းပွမှုကိုဖြေရှင်းရန် စောင့်ကြည့်ရမည် ဖြစ်သည်။ ငွေကြေးဖောင်းပွမှုသည် လွန်ခဲ့သော ဘဏ္ဍာနှစ်တွင် (၂၅) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်အတွက် (၁၃) ရာခိုင် နှုန်းဝန်းကျင်အထိ ခန့်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရ သည်။
ထိုကြောင့် မြန်မာကျူအာ (MMQR) စနစ်သည် လက်ရှိဖောင်းပွနေသောငွေကြေးဈေးကွက် အပေါ် သက်ရောက်မှုရှိမရှိဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

အငှားအိမ်ရာဈေးကွက် နှင့် ရန်ကုန်
ရန်ကုန်မြို့တွင် အိမ်ငှားဈေးကွက်၌ အိမ်ငှားခများ ဆက်တိုက်ဈေးမြင့်တက်လာခြင်းကြုံတွေ့နေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ရန်ကုန်မြို့တစ်ခုတည်းသာမက နယ်မြို့များတွင်လည်း အိမ်ငှားခဈေးနှုန်း မြင့်တက်ခြင်းကြုံတွေ့နေရသော်လည်း လူဦး‌ရေ အထူထပ်ဆုံးနှင့် စီးပွားရေးအရ အကြီးမားဆုံး ရန်ကုန်မြို့ကိုသာ ဦးတည်ဖော်ပြရခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်းတိုက်ခန်းငှားခဈေးနှုန်းမှာ တည်နေရာအလိုက်ကွဲပြားသော်လည်း အနိမ့်ဆုံး တစ်သိန်းခွဲမှ စတင်ကာ ဈေးအမျိုးမျိုးဖြင့် ငှားရမ်းကြသည်။ နယ်စပ်‌ဒေသ အပါအဝင် တိုင်းရင်းသားဒေသများမှ နေထိုင်သူများ သည် လက်နက်ကိုင်တိုက် ပွဲများကြောင့် ရန်ကုန်မြို့သို့ ဦးတည်ပြောင်းလဲနေထိုင်မှုများဖြစ်ပေါ်လာချိန်တွင် အိမ်ငှားရမ်းခများမှာ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ အစိုးရမှအကောင်အထည်ဖော်သည့်တန်ဖိုးနည်းအိမ်ရာ ရောင်းချမှုများနှင့် တန်ဖိုးသင့်အငှားအိမ်ရာများသို့ ဝယ်ယူသူ နှင့် ငှားရမ်းသူများလည်းမြင့်တက်လာကြောင်း သိရသည်။
လတ်တလော ရန်ကုန်မြို့၌လူအများ အာရုံစိုက်ခံရသောအိမ်ရာများမှာ သုခဒဂုံအိမ်ရာနှင့် ရိုးမ ရိပ်သာအိမ်ရာများ ဖြစ်ကြသည်။ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာရှိ အခန်း (၈၇၄) ခန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသော ပြည်သူ့အငြိမ်းစား ဝန်ထမ်းများနှင့်တာဝန်ထမ်းဆောင် ဆဲ ဝန်ထမ်းငယ်များကို ရောင်းချသွားမည်ဟု နိုင်ငံပိုင်သတင်းစာများ မှတစ်ဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းကြေညာပြီးနောက်ပိုင်း လျှောက်လွှာဝယ်ယူသူ သုံသောင်း ကျော်ရှိပြီး လာရောက်လျှေက်ထားသူ (၂၈၀ဝဝ) ကျော်အထိရှိကြောင်း သိရသည်။ တန်ဖိုးနည်း အိမ်ရာငှားရမ်းမှုတွင်လည်း သုခဒဂုံပြည်သူ့အငှားအိမ် ရာအခန်းများ ၌ မြေညီထပ်တွင်တစ်လငှားရမ်းခ (၆၇၀ဝဝ) ကျပ်၊ ပထမထပ်တွင် (၆၀ဝဝဝ)ကျပ်၊ တတိယထပ်တွင် (၅၅၀ဝဝ) ကျပ်နှင့် စတုတ္ထထပ် တွင် (၄၆၀ဝဝ) ကျပ် အသီးသီးဖြင့် သက်ဆိုင်ရာက ငှားရမ်းပေးနေသည်။
ထို့ကြောင့်အစိုးရ အငှားအိမ်ရာနှင့်တိုက်ခန်း များကို ဝယ်ယူရန် (သို့) ငှားရမ်းနေထိုင်ရန် ပြည်သူလူထု အကြား ‌ရေပန်းစားနေခြင်းဖြစ်သည်။ ပြင်ပ ပုဂ္ဂလိက ပိုင်ဆိုင်သော အိမ်ခန်းတိုက်ခန်းများ ၏ ငှားရမ်းခဈေးနှုန်းမှာ မြေညီထပ်တွင် အနိမ့်ဆုံး ငါးသိန်းမှ ဆယ်သိန်းအကြား နေရာအလိုက်ပေါက် ဈေးမြင့်တက်နေခြင်းကြောင့် ဖြစ်သည်။ အထက်ပါအခြေအနေများကို လေ့လာခြင်းအားဖြင့် ရန်ကုန်မြို့တွင် နေစရာအိမ်ခန်း လိုအပ်ချက် ဆက်တိုက်မြင့် တက်နေကြောင်း သိရှိနိုင်သည်။ နေထိုင်ရာ ရှားပါးမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနိုင်သော ရန်ကုန်မြို့တွင် အိမ်ငှားရမ်းခမှာ ဆက်လက်မြင့်တက်နေမည်ဖြစ်သည်။

အခြေခံကုန်စည်များဖြစ်သည့် စားအုန်းဆီ၊စက်သုံးဆီနှင့်အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ပြည်တွင်းဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များတွင်းစားအုန်းဆီတစ်ခုသာ ဈေးနှုန်းကျဆင်းခဲ့သော် လည်း အခြားကုန်စည်များနှင့်စက်သုံးဆီမှာ ဈေးနှုန်းအမြင့်ပိုင်းတွင်ရပ်တည်နေသည်။ အခြေခံလိုအပ်ချက်ဖြစ် သော စက်သုံးဆီနှင့် စားအုန်းဆီမှာ ပြည်ပမှ တင်သွင်းရခြင်းကြောင့် ကုန်သွယ်ရေးအရ သက်ရောက်မှုများရှိ ကြောင်း သိရသည်။ စားအုန်းဆီ ဈေးကျဆင်းချိန်တွင် စက်သုံးဆီဈေး အနည်းငယ် တက်လာခြင်းသည် ကုန်သွယ်ရေးလိုငွေကို အစားထိုးနိုင်ကြောင်း သက်ဆိုင်ရာ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များ ထံမှသိရသည်။ လက်ရှိ စက်သုံးဆီ ပေါက်ဈေးများမှာလည်း ယခင်သီတင်းပတ် နှင့် တူညီမှုနီးပါးရှိနေပြီး စားအုန်းဆီဈေးမှာ ယခင်ဖေဖော် ဝါရီလဆန်း ပေါက်ဈေးအောက် (၂၆၀) ကျပ် ခန့် ကျဆင်းနေခြင်းဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည်များအပြောင်းအလဲနည်းပါးစွာ ဖြင့် ဈေးနှုန်းအမြင့်ပိုင်းသို့ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - မတ္ ၉

ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနသည္ ေဈးကြက္က်ဆင္းျခင္း ဆက္တိုက္ခံစားထားရအၿပီး လက္ရွိအခ်ိန္၌ ေႁမြမေသတုတ္မက်ိဳး အေနအထားျဖင့္ ဆက္လက္လည္ပတ္ေနဆဲျဖစ္သည္။ ကုန္သြယ္မႈအရ နယ္စပ္ကုန္သြယ္ ေရးလုပ္ငန္းမ်ား ရပ္နားထားၿပီး ပုံမွန္ကုန္သြယ္ေရးကိုသာ ဦးစားေပးေနရဆဲျဖစ္သည္။ စီးပြားေရးေဈးကြက္ ကြင္းဆက္တစ္ခုလုံး ပုံမွန္လည္ပတ္မႈက်ဆင္းလာၿပီး လတ္တေလာတြင္ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္မႈ ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။ အိမ္ၿခံေျမ၊ ေ႐ႊ၊ ေငြေၾကးႏွင့္ ကား ေလာကတြင္ ကုန္ေဈးႏႈန္းမ်ား တည္ၿငိမ္ေနေသာ္ လည္း အေရာင္းအဝယ္ေအးစက္ေနဆဲျဖစ္ရာ ေဈးကြက္ျပန္လည္ သြက္လက္လာရန္ လိုအပ္ေနေပသည္။ ျမန္မာႏိုင္ငံတြင္ မိုဘိုင္းေငြေၾကး ႏွင့္ အင္တာနက္ ဘဏ္လုပ္ငန္းမ်ားေခတ္စားေနၿပီျဖစ္ရာ တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ စံသတ္မွတ္ခ်က္တစ္ခုတည္း သုံးစြဲႏိုင္မည့္ ျမန္မာက်ဴအာ (MMQR ) စနစ္ ကို ယခုတစ္ပတ္အတြင္း ထုတ္ျပန္ေၾကညာလာခဲ့ သည္။
ထို႔သို႔ ေငြေၾကးစနစ္သစ္ ထုတ္ျပန္ျခင္းသည္ ျမန္မာႏိုင္ငံအတြင္း ေငြေၾကးလွည့္လည္စီးဆင္းမႈ အတြင္း ေငြစကၠဴ သုံးစြဲမႈက်ဆင္းေစႏိုင္ေသာ္လည္း လတ္တေလာျဖစ္ပြားေနေသာ ေငြေၾကးေဖာင္းပြမႈကို ေျဖရွင္းႏိုင္ရန္ အခ်ိန္ယူရ မည္ျဖစ္သည္။ လတ္တေလာ အိမ္ၿခံေျမေဈးကြက္အတြင္း အ‌ေရာင္းအဝယ္ ေအးေနေသာ္လည္း အိမ္အငွား ေဈးကြက္မွာ ဆက္တိုက္ျမင့္တက္ေနဆဲျဖစ္သည္။ ရန္ကုန္ၿမိဳ႕အတြင္း ေနရာအကြက္အကြင္းအလိုက္ စီးပြား‌ေရး ျပဳလုပ္ႏိုင္သည့္အိမ္ၿခံေျမမ်ားမွာ တစ္လအငွားခ သိန္းဆယ္ခ်ီ ၿပီးရရွိေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
အေျခခံကုန္စည္မ်ားျဖစ္သည့္စားအုန္းဆီ၊ စက္သုံးဆီ ႏွင့္ အေျခခံစားေသာက္ကုန္ ေဈးႏႈန္းမ်ားမွာ အေျပာင္းအလဲ နည္းပါးစြာျဖင့္ ကုန္ေဈးႏႈန္းအျမင့္ပိုင္းတြင္ ရပ္တည္ေနၿပီး အေျပာင္းအလဲနည္းပါးခဲ့သည္။

စီးပြားေရးေဈးကြက္ကြင္းဆက္ခ်ိတ္ဆက္မႈ (Supply Chain) က်ဆင္းေနၿပီလား

ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈအေပၚ အဓိကထား သုံးစြဲျခင္းကို ေဈးကြက္ဟူ၍နာမည္ေခၚယူခဲ့ၿပီး လတ္တေလာ ကာလ ေရာင္းလိုအားႏွင့္ဝယ္လိုအားေပၚ မူတည္ကာ ေဈးႏႈန္းမ်ားသတ္မွတ္ခဲ့ၾကျခင္းျဖစ္ သည္။ (၂၀၂၁) ႏိုင္ငံေရး အေျပာင္းအလဲမွစတင္ကာ အေထြေထြကုန္ေဈးႏႈန္းဆက္တိုက္ျမင့္တက္ခဲ့ျခင္းေၾကာင့္ လတ္တေလာအေျခခံ ကုန္စည္မ်ား၏ ေဈးႏႈန္းမွာ အျမင့္ဆုံးႏႈန္းထားမ်ားျဖင့္ေရာင္းခ်ေနၾကသည္။ ေဈးကြက္အတြင္း၌ ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေနေသာ္လည္း ဝယ္ယူသုံးစြဲသူ ဝယ္လိုအားဘက္တြင္ ေတာက္ေလွ်ာက္က်ဆင္းေနရာ ကုန္စည္ႏွင့္ ဝန္ေဆာင္မႈႏွစ္ခုစလုံး အေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။
ဝယ္ယူသုံးစြဲသူမ်ား၏ အဓိကျပႆနာမွာ လြန္ခဲ့ေသာသုံးေလးႏွစ္ဝန္းက်င္က ဝင္ေငြအတိုင္း ရပ္တန႔္ေနၿပီး ကုန္စည္ ႏွင့္ ဝန္ေဆာင္မႈေဈးႏႈန္းမ်ားသာ ျမင့္တက္လာျခင္းေၾကာင့္ျဖစ္သည္။ အေထြေထြကုန္ေဈးႏႈန္းတြင္ အိမ္ၿခံေျမ၊ ေ႐ႊ၊ ေငြေၾကးႏွင့္ ကား လုပ္ငန္းမ်ားအေပၚမူတည္ကာ တြက္ခ်က္ျခင္းသည္ ယခင္ေဈးကြက္စီးပြားေရး လြတ္လပ္စြာစီးဆင္းခ်ိန္တြင္သာ မွန္ကန္ႏိုင္သည္။ လက္ရွိကာလကဲ့သို႔ ပို႔ ကုန္/သြင္းကုန္မ်ားကို သက္ဆိုင္ရာမွ တင္ပို႔/တင္သြင္းခြင့္မ်ား ကန႔္သတ္ထားခ်ိန္တြင္ အေထြေထြ ကုန္ ေဈးႏႈန္းသည္ တရားေသ သတ္မွတ္ရန္ခက္ခဲ သြားသည္။ ဥပမာအားျဖင့္ အိမ္သုံးေဆးဝါးႏွင့္ ေမာ္ေတာ္ ယာဥ္အပိုပစၥည္း တင္သြင္းသူမ်ားမွာ ေဈးကြက္သတ္မွတ္ ေဈးအစား ကုန္စည္လက္က်န္ ပမာဏကိုမူတည္ကာ ေဈးႏႈန္းသတ္မွတ္ျခင္းမ်ားျဖစ္ေပၚလာသည္။ ကုန္စည္ လက္က်န္နည္းေသာ ကုန္စည္မ်ားမွာ ေရာင္းသူစိတ္ႀကိဳက္ ေခၚေဈးျဖင့္ေရာင္းခ်ျခင္းမ်ား ျဖစ္ေပၚလာၿပီး စီးပြား‌ေရးေဈးကြက္ ကြင္းဆက္တစ္ ခုလုံးထိခိုက္လာေလသည္။ အသစ္ထြက္ရွိေသာ ကုန္စည္မ်ားသာမက လက္က်န္ကုန္စည္မ်ားလည္း ေဈးကြက္သက္ေရာက္မႈရွိေနရာ အေျခခံစားေသာက္ကုန္အထိ ကုန္ေဈးႏႈန္း ျမင့္တက္မႈႀကဳံေတြ႕ေနရေလသည္။ ထို႔ျပင္ ယခင္က နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားကို အားထားရေသာ ကုန္စည္ မ်ား မွာ ေဈးကြက္အတြင္း ပစၥည္းျပတ္ေတာက္မႈဆက္လက္ႀကဳံေတြ႕လာသည္။ ျမန္မာႏိုင္ငံအတြက္ ပုံမွန္ ေရ ေၾကာင္းကုန္သြယ္ေရးကိုသာ ဆက္လက္အားျပဳေနရျခင္းေၾကာင့္ အေျခခံကုန္ေဈးႏႈန္းမ်ား က်ဆင္းရန္ ခက္ခဲစြာျဖင့္ က်ားကန္ပုံေဖာ္ကာေဈးကြက္ကို လည္ ပတ္ေနရဆဲျဖစ္သည္။ စီးပြားေရးေဈးကြက္အတြင္း ကုန္စည္ ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈႏွစ္ခုစလုံးသည္ လက္ရွိတြင္ အကန႔္အသတ္ႏွင့္ပုံေဖာ္ေနျခင္းျဖစ္ရာ ဝယ္ယူသူဘက္မွ တစ္ဦးခ်င္းဝင္ေငြအရ ကုန္စည္ ဝယ္ႏိုင္စြမ္းအားမ်ား က်ဆင္းသြားေလသည္။
က်ဆင္းသြားေသာ ကုန္စည္ဝယ္ယူႏိုင္စြမ္းအားကို ႏိုင္ငံေတာ္ပိုင္းမွ ျပန္လည္မျဖည့္ဆည္းႏိုင္ျခင္းေၾကာင့္ ေဈးကြက္အတြင္း ကုန္ေဈးႏႈန္းျမင့္တက္ေသာ္လည္း အေရာင္းအဝယ္ေအးေနျခင္းျဖစ္သည္။ လာမည့္ရက္ပိုင္း ျမန္မာသၾကၤန္ကာလႏွစ္သစ္ကူး မတိုင္ခင္အထိ လူသုံးကုန္၊ စားေသာက္ကုန္ အပါအဝင္အေျခခံကုန္စည္မ်ား ဆက္လက္ အေရာင္းအဝယ္ ေအးေနမည္ျဖစ္သည္။



ေငြေၾကးေဖာင္းပြမႈႏွင့္ ျမန္မာက်ဴအာ (MMQR)
ျပည္တြင္းေငြလွည့္လည္စီးဆင္းမႈ က႑အတြင္းသို႔ ေငြေပးေခ်မႈစနစ္အသစ္ အသုံးျပဳရန္ ျမန္မာ က်ဴအာ (MMQR) ကို ယခုသီတင္းပတ္အတြင္း သက္ ဆိုင္ရာကထုတ္ျပန္ေၾကညာသည္။ ယင္းျမန္မာ က်ဴအာ စနစ္သည္ အေသးစား အလတ္စား ေငြေပးေခ်မႈမ်ားမွတစ္ဆင့္ အႀကီးစားဘဏ္ေငြစာရင္း အလႊဲအေျပာင္းအထိအသုံးျပဳႏိုင္ေၾကာင္း ထုတ္ျပန္ေၾကျငာခ်က္မ်ားအရသိရသည္။ ျမန္မာက်ဴအာစနစ္သည္ လတ္တေလာအသုံးျပဳေနသည့္ ေငြေပးေခ်မႈ စနစ္အားလုံးျဖင့္ ခ်ိတ္ဆက္သုံးစြဲႏိုင္မည္ျဖစ္သည့္အျပင္ တစ္ႏိုင္ငံလုံး စံအျဖစ္ေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာက်ဴအာ (MMQR) စနစ္ကို စတင္အေကာင္အထည္ေဖာ္လိုက္ျခင္းျဖင့္ ႏိုင္ငံအတြင္းရွိ မတူညီသည့္ ေငြေပးေခ်မႈစနစ္မ်ား၏ က်ဴအာကုတ္အမ်ိဳးမ်ိဳးကို ခ်ိတ္ဆက္ၿပီး ေငြေပးေခ်မႈစနစ္မ်ားကို ပိုမိုအဆင္ေျပစြာ သုံးစြဲ ႏိုင္မည္ျဖစ္သည္။ ျပည္သူမ်ား၏ ေန႔စဥ္ဘဝတြင္ အသုံးျပဳမႈမ်ားသည့္ လက္လီ ေငြလႊဲေျပာင္းေပးေခ်မႈမ်ားကို စရိတ္သက္သက္သာသာျဖင့္ လြယ္ကူလ်င္ျမန္စြာျပဳလုပ္ႏိုင္မည္ျဖစ္သည္။
ျပည္သူအမ်ားစုအေနျဖင့္ နည္းပညာႏွင့္ စနစ္မ်ားအား နားလည္တတ္ကြၽမ္းသူ နည္းပါးသျဖင့္ ျမန္မာက်ဴအာ (MMQR) မွတစ္ဆင့္ ေငြလႊဲေျပာင္းေပးေခ်မႈမ်ား ျပဳလုပ္ႏိုင္ပုံအဆင့္ဆင့္ကို သုံးစြဲသူျပည္သူမ်ား ရွင္းလင္းလြယ္ကူစြာ နားလည္အသုံးျပဳႏိုင္ေအာင္ အသိပညာေပးမႈမ်ား စဥ္ဆက္မျပတ္ ျပဳလုပ္သြားရမည္ ျဖစ္သည္။ ျမန္မာက်ဴအာ(MMQR)စနစ္ကို စတင္အသုံးျပဳႏိုင္ျခင္းျဖင့္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈ အသုံးျပဳ ႏိုင္ျခင္းမရွိေသးသူမ်ားသာမက ရွိၿပီးသားသုံးစြဲသူမ်ားပါ ေငြေရးေၾကးေရးစနစ္တြင္ ပိုမိုပါဝင္လာႏိုင္ၿပီး ေငြသား ကိုင္တြယ္အသုံးျပဳမႈကို ေလွ်ာ့ခ်ႏိုင္ျခင္းႏွင့္ ေငြေၾကးဝန္ေဆာင္မႈအမ်ိဳးမ်ိဳးတို႔ကို ရယူႏိုင္ရန္ အေထာက္အကူျပဳ ျခင္းတို႔ရရွိမည္ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ (ကိုဗစ္-၁၉) ေရာဂါမျဖစ္ပြားခ်ိန္ကတည္းက မိုဘိုင္းေငြေၾကးႏွင့္ အင္တာနက္ ဘဏ္ ဝန္ေဆာင္မႈမ်ား စတင္သုံးစြဲမႈျမင့္တက္ခဲ့ေသာ္လည္း (၂၀၂၁) ႏိုင္ငံေရး အေျပာင္းအလဲေနာက္ပိုင္းတြင္ ျပည္သူ လူထုက ပုဂၢလိကဘဏ္မ်ားဝန္ေဆာင္မႈကို သံသယျဖင့္ ဘဏ္အပ္ေငြေၾကးမ်ား အလုံးအရင္းျဖင့္ျပန္လည္ထုတ္ယူ မႈျဖစ္ပြားခဲ့သည္။ လက္ရွိအခ်ိန္တြင္မူ ဘဏ္အပ္ေငြေၾကးမ်ား ျပန္လည္ျမင့္တက္လာၿပီး ျပည္သူလူထု၏ယုံၾကည္မႈ ျပန္လည္ရရွိလာသည္။ ထိုအခ်ိန္တြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ျမန္မာက်ဴအာ(MMQR)စနစ္ကို ထုတ္ျပန္ ေၾကညာလာရာ ေအာင္ျမင္မႈရရွိႏိုင္ေသာ္လည္း လတ္တေလာ ေငြေၾကးေဖာင္းပြမႈကိုေျဖရွင္းရန္ ေစာင့္ၾကည့္ရမည္ ျဖစ္သည္။ ေငြေၾကးေဖာင္းပြမႈသည္ လြန္ခဲ့ေသာ ဘ႑ာႏွစ္တြင္ (၂၅) ရာခိုင္ႏႈန္းအထိျမင့္တက္ခဲ့ၿပီး လက္ရွိ ဘ႑ာႏွစ္အတြက္ (၁၃) ရာခိုင္ ႏႈန္းဝန္းက်င္အထိ ခန႔္မွန္းထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မ်ားအရ သိရ သည္။
ထိုေၾကာင့္ ျမန္မာက်ဴအာ (MMQR) စနစ္သည္ လက္ရွိေဖာင္းပြေနေသာေငြေၾကးေဈးကြက္ အေပၚ သက္ေရာက္မႈရွိမရွိဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။

အငွားအိမ္ရာေဈးကြက္ ႏွင့္ ရန္ကုန္
ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားေဈးကြက္၌ အိမ္ငွားခမ်ား ဆက္တိုက္ေဈးျမင့္တက္လာျခင္းႀကဳံေတြ႕ေနရေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ ရန္ကုန္ၿမိဳ႕တစ္ခုတည္းသာမက နယ္ၿမိဳ႕မ်ားတြင္လည္း အိမ္ငွားခေဈးႏႈန္း ျမင့္တက္ျခင္းႀကဳံေတြ႕ေနရေသာ္လည္း လူဦး‌ေရ အထူထပ္ဆုံးႏွင့္ စီးပြားေရးအရ အႀကီးမားဆုံး ရန္ကုန္ၿမိဳ႕ကိုသာ ဦးတည္ေဖာ္ျပရျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ႕တြင္းတိုက္ခန္းငွားခေဈးႏႈန္းမွာ တည္ေနရာအလိုက္ကြဲျပားေသာ္လည္း အနိမ့္ဆုံး တစ္သိန္းခြဲမွ စတင္ကာ ေဈးအမ်ိဳးမ်ိဳးျဖင့္ ငွားရမ္းၾကသည္။ နယ္စပ္‌ေဒသ အပါအဝင္ တိုင္းရင္းသားေဒသမ်ားမွ ေနထိုင္သူမ်ား သည္ လက္နက္ကိုင္တိုက္ ပြဲမ်ားေၾကာင့္ ရန္ကုန္ၿမိဳ႕သို႔ ဦးတည္ေျပာင္းလဲေနထိုင္မႈမ်ားျဖစ္ေပၚလာခ်ိန္တြင္ အိမ္ငွားရမ္းခမ်ားမွာ ဆက္တိုက္ျမင့္တက္လ်က္ရွိသည္။ အစိုးရမွအေကာင္အထည္ေဖာ္သည့္တန္ဖိုးနည္းအိမ္ရာ ေရာင္းခ်မႈမ်ားႏွင့္ တန္ဖိုးသင့္အငွားအိမ္ရာမ်ားသို႔ ဝယ္ယူသူ ႏွင့္ ငွားရမ္းသူမ်ားလည္းျမင့္တက္လာေၾကာင္း သိရသည္။
လတ္တေလာ ရန္ကုန္ၿမိဳ႕၌လူအမ်ား အာ႐ုံစိုက္ခံရေသာအိမ္ရာမ်ားမွာ သုခဒဂုံအိမ္ရာႏွင့္ ႐ိုးမ ရိပ္သာအိမ္ရာမ်ား ျဖစ္ၾကသည္။ ႐ိုးမရိပ္သာ တန္ဖိုးနည္းအိမ္ရာရွိ အခန္း (၈၇၄) ခန္းကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ဝင္ေငြနည္းၿပီး ေနေရးအခက္အခဲရွိေသာ ျပည္သူ႔အၿငိမ္းစား ဝန္ထမ္းမ်ားႏွင့္တာဝန္ထမ္းေဆာင္ ဆဲ ဝန္ထမ္းငယ္မ်ားကို ေရာင္းခ်သြားမည္ဟု ႏိုင္ငံပိုင္သတင္းစာမ်ား မွတစ္ဆင့္ေၾကညာခဲ့ျခင္းျဖစ္သည္။ ယင္းေၾကညာၿပီးေနာက္ပိုင္း ေလွ်ာက္လႊာဝယ္ယူသူ သုံေသာင္း ေက်ာ္ရွိၿပီး လာေရာက္ေလွ်က္ထားသူ (၂၈၀ဝဝ) ေက်ာ္အထိရွိေၾကာင္း သိရသည္။ တန္ဖိုးနည္း အိမ္ရာငွားရမ္းမႈတြင္လည္း သုခဒဂုံျပည္သူ႔အငွားအိမ္ ရာအခန္းမ်ား ၌ ေျမညီထပ္တြင္တစ္လငွားရမ္းခ (၆၇၀ဝဝ) က်ပ္၊ ပထမထပ္တြင္ (၆၀ဝဝဝ)က်ပ္၊ တတိယထပ္တြင္ (၅၅၀ဝဝ) က်ပ္ႏွင့္ စတုတၳထပ္ တြင္ (၄၆၀ဝဝ) က်ပ္ အသီးသီးျဖင့္ သက္ဆိုင္ရာက ငွားရမ္းေပးေနသည္။
ထို႔ေၾကာင့္အစိုးရ အငွားအိမ္ရာႏွင့္တိုက္ခန္း မ်ားကို ဝယ္ယူရန္ (သို႔) ငွားရမ္းေနထိုင္ရန္ ျပည္သူလူထု အၾကား ‌ေရပန္းစားေနျခင္းျဖစ္သည္။ ျပင္ပ ပုဂၢလိက ပိုင္ဆိုင္ေသာ အိမ္ခန္းတိုက္ခန္းမ်ား ၏ ငွားရမ္းခေဈးႏႈန္းမွာ ေျမညီထပ္တြင္ အနိမ့္ဆုံး ငါးသိန္းမွ ဆယ္သိန္းအၾကား ေနရာအလိုက္ေပါက္ ေဈးျမင့္တက္ေနျခင္းေၾကာင့္ ျဖစ္သည္။ အထက္ပါအေျခအေနမ်ားကို ေလ့လာျခင္းအားျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ေနစရာအိမ္ခန္း လိုအပ္ခ်က္ ဆက္တိုက္ျမင့္ တက္ေနေၾကာင္း သိရွိႏိုင္သည္။ ေနထိုင္ရာ ရွားပါးမႈ တစ္ႏွစ္ထက္တစ္ႏွစ္ ျမင့္တက္လာႏိုင္ေသာ ရန္ကုန္ၿမိဳ႕တြင္ အိမ္ငွားရမ္းခမွာ ဆက္လက္ျမင့္တက္ေနမည္ျဖစ္သည္။

အေျခခံကုန္စည္မ်ားျဖစ္သည့္ စားအုန္းဆီ၊စက္သုံးဆီႏွင့္အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား

ျပည္တြင္းေဈးကြက္အတြင္း အေျခခံစားေသာက္ကုန္မ်ားတြင္းစားအုန္းဆီတစ္ခုသာ ေဈးႏႈန္းက်ဆင္းခဲ့ေသာ္ လည္း အျခားကုန္စည္မ်ားႏွင့္စက္သုံးဆီမွာ ေဈးႏႈန္းအျမင့္ပိုင္းတြင္ရပ္တည္ေနသည္။ အေျခခံလိုအပ္ခ်က္ျဖစ္ ေသာ စက္သုံးဆီႏွင့္ စားအုန္းဆီမွာ ျပည္ပမွ တင္သြင္းရျခင္းေၾကာင့္ ကုန္သြယ္ေရးအရ သက္ေရာက္မႈမ်ားရွိ ေၾကာင္း သိရသည္။ စားအုန္းဆီ ေဈးက်ဆင္းခ်ိန္တြင္ စက္သုံးဆီေဈး အနည္းငယ္ တက္လာျခင္းသည္ ကုန္သြယ္ေရးလိုေငြကို အစားထိုးႏိုင္ေၾကာင္း သက္ဆိုင္ရာ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းရွင္မ်ား ထံမွသိရသည္။ လက္ရွိ စက္သုံးဆီ ေပါက္ေဈးမ်ားမွာလည္း ယခင္သီတင္းပတ္ ႏွင့္ တူညီမႈနီးပါးရွိေနၿပီး စားအုန္းဆီေဈးမွာ ယခင္ေဖေဖာ္ ဝါရီလဆန္း ေပါက္ေဈးေအာက္ (၂၆၀) က်ပ္ ခန႔္ က်ဆင္းေနျခင္းျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္း အေျခခံကုန္စည္မ်ားအေျပာင္းအလဲနည္းပါးစြာ ျဖင့္ ေဈးႏႈန္းအျမင့္ပိုင္းသို႔ဆက္လက္ရပ္တည္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.