၂၀၂၄ ခုနှစ် ရှပ်ရှင်ထူးချွန်ဆုရ အကယ်ဒမီဇာတ်ကားများကို မြဝတီမီဒီယာစင်တာ၌ မတ်လ (၉) ရက်မှ (၂၉) ထိ ပြသမည်

 440

Pearl (NP News) - မတ် ၉

၂၀၂၄ ခုနှစ် ရှပ်ရှင်ထူးချွန်ဆုရ အကယ်ဒမီဇာတ်ကားများကို မြဝတီမီဒီယာစင်တာ၌ မတ်လ (၉) ရက်မှ (၂၉) ထိ ပြသမည်ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင်အစည်းအရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ် ရှပ်ရှင်ထူးချွန်ဆုရ အကယ်ဒမီဇာတ်ကားများကို ပြသမည့် “မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်” အခမ်းအနားကို ယနေ့ (မတ်လ ၉ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ် ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ထို့ပြင် ၂၀၂၄ ခုနှစ် ရှပ်ရှင်ထူးချွန်ဆုရ အကယ်ဒမီဇာတ်ကား(၆)ကားကို ယနေ့ (မတ်လ ၉ရက်) မှစတင်၍ မတ် (၂၉) ရက်အထိ ပြသသွားမည်ဖြစ်ကြောင်းလည်းသိရသည်။


“ကြည့်ချင်တဲ့လူတွေ အနေနဲ့ အွန်လိုင်းဘိုကင်နဲ့ဝယ်လို့လည်းရတယ်။ မြဝတီမီဒီယာစင်တာမှာလည်း တိုက်ရိုက် ရောင်းပေးတယ်။ (၉)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ ပြသမှာ။ ကြားမှာတော့ ဗုဒ္ဓဟူးနေ့ဖြစ်တဲ့ (၁၂)ရက်၊ (၁၉)ရက် ရယ် (၂၆)ရက်ရယ်တော့နားတယ်။ တစ်ကားကို (၃)ရက်နှုန်းနဲ့ပြမှာ။ တစ်ရက်ကို ပွဲချိန် (၂)ခုပေါ့နော်။ (၁)နာရီမှာ တစ်ပွဲရှိမယ်။ (၄)နာရီမှာ တစ်ပွဲရှိမယ်” ဟု မြဝတီမီဒီယာစင်တာမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။


လက်မှတ်တစ်စောင်လျှင် ၅၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်ဟု (၂)မျိုး သတ်မှတ်ထားပြီး လက်မှတ် (၁၀)စောင် ဝယ်ယူပါက လက်ဆောင်အဖြစ်လက်မှတ် (၁)စောင် ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်များကို ပွဲချိန်မတိုင်မီ မြဝတီမီဒီယာစင်တာ၌ ဝယ်ယူနိုင်သည့်အပြင် အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
၂၀၂၄ ခုႏွစ္ ရွပ္ရွင္ထူးခြၽန္ဆုရ အကယ္ဒမီဇာတ္ကားမ်ားကို ျမဝတီမီဒီယာစင္တာ၌ မတ္လ (၉) ရက္မွ (၂၉) ထိ ျပသမည္
Pearl (NP News) - မတ္ ၉

၂၀၂၄ ခုႏွစ္ ရွပ္ရွင္ထူးခြၽန္ဆုရ အကယ္ဒမီဇာတ္ကားမ်ားကို ျမဝတီမီဒီယာစင္တာ၌ မတ္လ (၉) ရက္မွ (၂၉) ထိ ျပသမည္ျဖစ္ေၾကာင္း သိရသည္။


႐ုပ္ရွင္အစည္းအ႐ုံး၏ (၇၉) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ၂၀၂၄ ခုႏွစ္ ရွပ္ရွင္ထူးခြၽန္ဆုရ အကယ္ဒမီဇာတ္ကားမ်ားကို ျပသမည့္ “ျမန္မာ့႐ုပ္ရွင္ရက္သတၱပတ္” အခမ္းအနားကို ယေန႔ (မတ္လ ၉ရက္) တြင္ ရန္ကုန္တိုင္းေဒသႀကီး ၊ ရန္ကင္းၿမိဳ႕နယ္ ရွိ ျမဝတီမီဒီယာစင္တာ၌ က်င္းပခဲ့ေၾကာင္း သိရသည္။


ထို႔ျပင္ ၂၀၂၄ ခုႏွစ္ ရွပ္ရွင္ထူးခြၽန္ဆုရ အကယ္ဒမီဇာတ္ကား(၆)ကားကို ယေန႔ (မတ္လ ၉ရက္) မွစတင္၍ မတ္ (၂၉) ရက္အထိ ျပသသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။


“ၾကည့္ခ်င္တဲ့လူေတြ အေနနဲ႔ အြန္လိုင္းဘိုကင္နဲ႔ဝယ္လို႔လည္းရတယ္။ ျမဝတီမီဒီယာစင္တာမွာလည္း တိုက္႐ိုက္ ေရာင္းေပးတယ္။ (၉)ရက္ေန႔ကေန (၂၉)ရက္ေန႔အထိ ျပသမွာ။ ၾကားမွာေတာ့ ဗုဒၶဟူးေန႔ျဖစ္တဲ့ (၁၂)ရက္၊ (၁၉)ရက္ ရယ္ (၂၆)ရက္ရယ္ေတာ့နားတယ္။ တစ္ကားကို (၃)ရက္ႏႈန္းနဲ႔ျပမွာ။ တစ္ရက္ကို ပြဲခ်ိန္ (၂)ခုေပါ့ေနာ္။ (၁)နာရီမွာ တစ္ပြဲရွိမယ္။ (၄)နာရီမွာ တစ္ပြဲရွိမယ္” ဟု ျမဝတီမီဒီယာစင္တာမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။


လက္မွတ္တစ္ေစာင္လွ်င္ ၅၀၀၀က်ပ္ႏွင့္ ၁၀၀၀၀က်ပ္ဟု (၂)မ်ိဳး သတ္မွတ္ထားၿပီး လက္မွတ္ (၁၀)ေစာင္ ဝယ္ယူပါက လက္ေဆာင္အျဖစ္လက္မွတ္ (၁)ေစာင္ ထပ္မံရရွိမည္ျဖစ္ေၾကာင္း သိရသည္။

လက္မွတ္မ်ားကို ပြဲခ်ိန္မတိုင္မီ ျမဝတီမီဒီယာစင္တာ၌ ဝယ္ယူႏိုင္သည့္အျပင္ အြန္လိုင္းမွတဆင့္ ဝယ္ယူႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.