တောင်ကိုရီးယား ရုပ်ရှင် "Boss" ရုံတင်ပြီး ၄ ရက်အတွင်း ကြည့်ရှုသူ ၁ သန်းကျော်ထိ ရောက်ရှိ

 397

ရောင်နီ (NP News) - အောက်တိုဘာ ၁ဝ
တောင်ကိုရီးယား ရုပ်ရှင်သစ် "Boss" ဟာ ထွက်ရှိပြီး ၄ ရက်အတွင်း Box Office မှာရုပ်ရှင်ကြည့်ရှုသူ ၁ သန်းကျော်ထိ ရရှိခဲ့တယ်လို့ သိရပါတယ်
ဒီအကြောင်းကို အောက်တိုဘာလ ၇ ရက်မှာ ကိုရီးယားရုပ်ရှင်ကောင်စီက တရားဝင်ကြော်ငြာခဲ့တာဖြစ်ပါ တယ်။ ဒီဇာတ်ကားဟာ အောက်တိုဘာ ၃ ရက်မှာ စတင်ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားကတော့ တောင်ကိုရီးယားနိုင်ငံ၊ ယုံးဒူ မြို့မှာရှိတဲ့ အကြီးဆုံးအဖွဲ့အစည်း ဆစ်ဂူပါရဲ့ Boss ရာထူးအတွက် ထိပ်တန်း ပြိုင်ဖက်တွေ ယှဉ်ပြိုင်ရတဲ့အက်ရှင်-ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ချူဆော့ခ်(ကိုရီးယား ကျေးဇူးတော်နေ့ အားလပ်ရက်) အားလပ်ရက် ရာသီတစ်လျှောက် Box Office မှာ ကြည့်ရှုသူတွေကို လွှမ်းမိုးထား နိုင်ခဲ့ပြီး အချိန်တိုအတွင်း ကြည့်ရှုသူ ၁ သန်းကျော်ထိ ရရှိသွားခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ဂျိုဝူဂျင်၊ ဂျောင်ကွမ်ဟို၊ ပက်ခ်ဂျီဟွမ်၊ လီကျူဟွမ် တို့ပါဝင်ခဲ့ပြီး ရုပ်ရှင်ရဲ့ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် သရုပ်ဆောင်တွေက ပူဖောင်းတွေနဲ့အတူ ပျော်ရွှင်စွာနဲ့ အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား ႐ုပ္ရွင္ "Boss" ႐ုံတင္ၿပီး ၄ ရက္အတြင္း ၾကည့္ရႈသူ ၁ သန္းေက်ာ္ထိ ေရာက္ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁ဝ
ေတာင္ကိုရီးယား ႐ုပ္ရွင္သစ္ "Boss" ဟာ ထြက္ရွိၿပီး ၄ ရက္အတြင္း Box Office မွာ႐ုပ္ရွင္ၾကည့္ရႈသူ ၁ သန္းေက်ာ္ထိ ရရွိခဲ့တယ္လို႔ သိရပါတယ္
ဒီအေၾကာင္းကို ေအာက္တိုဘာလ ၇ ရက္မွာ ကိုရီးယား႐ုပ္ရွင္ေကာင္စီက တရားဝင္ေၾကာ္ျငာခဲ့တာျဖစ္ပါ တယ္။ ဒီဇာတ္ကားဟာ ေအာက္တိုဘာ ၃ ရက္မွာ စတင္႐ုံတင္ျပသခဲ့တာျဖစ္ပါတယ္။ ဇာတ္ကားကေတာ့ ေတာင္ကိုရီးယားႏိုင္ငံ၊ ယုံးဒူ ၿမိဳ႕မွာရွိတဲ့ အႀကီးဆုံးအဖြဲ႕အစည္း ဆစ္ဂူပါရဲ႕ Boss ရာထူးအတြက္ ထိပ္တန္း ၿပိဳင္ဖက္ေတြ ယွဥ္ၿပိဳင္ရတဲ့အက္ရွင္-ဟာသဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ခ်ဴေဆာ့ခ္(ကိုရီးယား ေက်းဇူးေတာ္ေန႔ အားလပ္ရက္) အားလပ္ရက္ ရာသီတစ္ေလွ်ာက္ Box Office မွာ ၾကည့္ရႈသူေတြကို လႊမ္းမိုးထား ႏိုင္ခဲ့ၿပီး အခ်ိန္တိုအတြင္း ၾကည့္ရႈသူ ၁ သန္းေက်ာ္ထိ ရရွိသြားခဲ့တာျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ေတြအျဖစ္ ဂ်ိဳဝူဂ်င္၊ ေဂ်ာင္ကြမ္ဟို၊ ပက္ခ္ဂ်ီဟြမ္၊ လီက်ဴဟြမ္ တို႔ပါဝင္ခဲ့ၿပီး ႐ုပ္ရွင္ရဲ႕ ေအာင္ျမင္မႈအထိမ္းအမွတ္အျဖစ္ သ႐ုပ္ေဆာင္ေတြက ပူေဖာင္းေတြနဲ႔အတူ ေပ်ာ္႐ႊင္စြာနဲ႔ အမွတ္တရ ဓာတ္ပုံ႐ိုက္ ခဲ့ၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.