ပြည်ပရောက်မီဒီယာများတွင် စစ်တွေတိုက်ပွဲ ပြင်းထန်နေသော်လည်း မြေပြင်တွင်မူ ပြည်နယ်အစိုးရက ဘုရားထီးတင်ပွဲကို အေးချမ်းစွာပြုလုပ်နိုင်

 922

ချယ်ရီ(NP News)- မတ် ၁၅

ပြည်ပရောက်မီဒီယာများတွင် ရခိုင်ပြည်နယ်၊ စစ်တွေတိုက်ပွဲပြင်းထန်နေသော်လည်း မြေပြင်တွင်မူ ပြည်နယ် အစိုးရက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်နှင့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော် နှစ်ဆောင်ကို စိန်ဖူးတော်တင် လှူပူဇော်ခြင်းနှင့် အောင်မြေဌာပနာထည့်သွင်းပူဇော်ခြင်း အခမ်းအနားကို (မတ်လ ၁၃ ရက်)က အေးချမ်းစွာ ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားကို စစ်တွေမြို့ ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း၌ ကျင်းပခဲ့ပြီး ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ စိန်ဖူးတော်နှင့် ဌာပနာတော်များ ဆက်ကပ်လှူဒါန်းကြပြီး စိန်ဖူးတော်များကို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် စံကျောင်းတော်နှင့် အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် စံကျောင်းတော်သို့ အသီးသီးပင့်ဆောင်ပူဇော်ကြပြီး လောကာနန္ဒာစေတီတော် မြတ်ကြီး ရင်ပြင်ထက်ရှိ အောင်မြေနေရာတွင် ဌာပနာတော်များ ထည့်သွင်းပူဇော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်တွေမြို့ ၊ ကန်တော်ကြီးအနီးရှိ ရှေးဟောင်းသမိုင်းဝင် လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် များအား ပြန်လည်ပြုပြင်ပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ မင်္ဂလာအခမ်းအနားကို အဆိုပါ စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ကျင်းပခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ျပည္ပေရာက္မီဒီယာမ်ားတြင္ စစ္ေတြတိုက္ပြဲ ျပင္းထန္ေနေသာ္လည္း ေျမျပင္တြင္မူ ျပည္နယ္အစိုးရက ဘုရားထီး တင္ပြဲကို ေအးခ်မ္းစြာျပဳလုပ္ႏိုင္
ခ်ယ္ရီ(NP News)- မတ္ ၁၅

ျပည္ပေရာက္မီဒီယာမ်ားတြင္ ရခိုင္ျပည္နယ္၊ စစ္ေတြတိုက္ပြဲျပင္းထန္ေနေသာ္လည္း ေျမျပင္တြင္မူ ျပည္နယ္ အစိုးရက မာရဝိဇယဗုဒၶ ႐ုပ္ပြားေတာ္ႏွင့္ အဘယရာဇမုနိ ဗုဒၶ႐ုပ္ပြားေတာ္ႏွစ္ဆူ ကိန္းဝပ္စံပယ္ေတာ္မူသည့္ စံေက်ာင္းေတာ္ ႏွစ္ေဆာင္ကို စိန္ဖူးေတာ္တင္ လႉပူေဇာ္ျခင္းႏွင့္ ေအာင္ေျမဌာပနာထည့္သြင္းပူေဇာ္ျခင္း အခမ္းအနားကို (မတ္လ ၁၃ ရက္)က ေအးခ်မ္းစြာ ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအခမ္းအနားကို စစ္ေတြၿမိဳ႕ ရွိ ေလာကာနႏၵာေစတီေတာ္ျမတ္ႀကီး၏ ပရိဝုဏ္အတြင္း၌ က်င္းပခဲ့ၿပီး ရခိုင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးထိန္လင္း၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ေက်ာ္စြာဦးႏွင့္ တာဝန္ရွိသူ မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိ/ၿမိဳ႕ဖမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ တိုင္းမႉးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ႀကီးမ်ားထံ စိန္ဖူးေတာ္ႏွင့္ ဌာပနာေတာ္မ်ား ဆက္ကပ္လႉဒါန္းၾကၿပီး စိန္ဖူးေတာ္မ်ားကို မာရဝိဇယဗုဒၶ ႐ုပ္ပြားေတာ္ စံေက်ာင္းေတာ္ႏွင့္ အဘယရာဇမုနိဗုဒၶ႐ုပ္ပြားေတာ္ စံေက်ာင္းေတာ္သို႔ အသီးသီးပင့္ေဆာင္ပူေဇာ္ၾကၿပီး ေလာကာနႏၵာေစတီေတာ္ ျမတ္ႀကီး ရင္ျပင္ထက္ရွိ ေအာင္ေျမေနရာတြင္ ဌာပနာေတာ္မ်ား ထည့္သြင္းပူေဇာ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ေတြၿမိဳ႕ ၊ ကန္ေတာ္ႀကီးအနီးရွိ ေရွးေဟာင္းသမိုင္းဝင္ လက္ဝဲသလုံးေတာ္ ဓာတ္ေစတီေတာ္ျမတ္ႀကီးအား ေ႐ႊသကၤန္းကပ္လႉပူေဇာ္ျခင္း၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ မ်ားအား ျပန္လည္ျပဳျပင္ပူေဇာ္ျခင္းႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္ျခင္း၊ မဂၤလာအခမ္းအနားကို အဆိုပါ ေစတီေတာ္ျမတ္ႀကီးရွိ ဓမၼာ႐ုံ၌က်င္းပခဲ့ ေၾကာင္း သိရသည္။
ဆက္လက္၍ ဆရာေတာ္၊ သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူေသာ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကၿပီး စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္မ်ားကို ပင့္ေဆာင္၍ တင္လႉပူေဇာ္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.