မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင်များပင် ထွက်ပြေးနေ

2266

သန့်ဇင် (NP News) - မတ် ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာ နယ်မြေဖြစ်သော မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင်လူမျိုး များပင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
TNLA က လူသစ်စုဆောင်းရာတွင် မြို့ခံ တပ်ဖွဲ့ဖွဲ့စည်းရန်ဟုခေါင်းစဉ်တပ်ထားပြီး အသက် (၁၈)နှစ်မှ (၄၅)နှစ် အတွင်း မည်သည့်လူမျိုးကိုမဆို စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“တော်တော်လေးစုတယ်။ ယောကျာ်းလေးတင်မဟုတ်ဘူး မိန်းကလေးပါစုနေတာ။ ပလောင်အချင်းချင်းတောင် အဆင်မပြေဘူး။ မြို့စောင့် တပ်ဆိုတာက သူတို့မှာ PDF လည်းရှိတာပဲလေ။ PDF က TNLA ကို ကျေမှမကျေနပ်တာ။ လူတော် တော်များများက TNLA ထက်စာရင် PDF ကိုပဲ အားပေးမှာပေါ့။ TNLA ကတော့မိုးကုတ်မှာ လုပ်ကိုင်စား နေရတာက ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေ တာ။ သူတို့စည်းလုံးမှုမရှိပါဘူး။ ပွင့်ပွင့်လင်းလင်းပြော ရရင် ပြည်သူမပါဘူး။ သူတို့နောက်မှာ ပြည်သူမပါဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ လူသစ်စုရာတွင် ပလောင်လူမျိုးများကပင် TNLA အဖွဲ့အတွင်းဝင်ရောက်ရန် ဆန္ဒမရှိ သည့်အတွက် ၎င်းတို့၏သားသမီးများကို ရရာနည်း လမ်းဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးခြင်း များလည်းရှိနေကြောင်း အထက်ပါဒေသခံက ဆိုသည်။
“လီဆူးတွေဘာတွေလည်းအကုန်ပါတာဆိုတော့ လီဆူးတွေကတော့ မတတ်သာတဲ့လူတွေ ကတော့ PDF တွေ လုပ်လိုက်တယ်။ ပလောင်ထဲ မဝင်ရရင်ပြီးရောပေါ့။ ပလောင်ထဲမဝင်ရင်ပြီးရော ဆိုတော့ သူတို့ဟာသူတို့ သီးခြား လုပ် လိုက်တာ။ မိုးကုတ်မှာ လူမျိုးပေါင်းစုံပဲ။ မိုးကုတ်မှာ စီးပွားရေးမြို့ဆိုတော့ ကိုယ့်ဘာသာကိုယ် အလုပ်ကိုပဲအေးဆေး လုပ်ချင်နေတာလေ။ လုပ်ချင်နေတဲ့အချိန်ကျတော့ လုပ်လို့မရတော့ဘူး။ ပလောင်ကသူ့အထဲကို ယောကျာ်းလေးရော မိန်းကလေးရော ဝင်ရတော့ မယ်ဆိုတော့ တချို့ မတတ်သာတဲ့လူက PDF ထဲဝင်တယ်။ များသောအားဖြင့်တော့ ရှောင် ထွက်သွားတယ်ပေါ့။ ပလောင်အချင်းချင်းကိုက အဲဒီဟာကို လက်မခံဘူး။ ပလောင်အချင်းချင်းကို သူတို့သား သမီးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပို့တယ်။ တချို့ဆိုနယ်စပ်ကိုပို့တယ်။ တချို့ဆို နိုင်ငံခြားပို့လို့ရ တယ်ဆို နိုင်ငံခြား ပို့တယ်”ဟု အထက်ပါသတင်း ရင်းမြစ်က ပြောသည်။ ထို့ပြင် TNLA က ပြီးခဲသည့် ဖေဖော်ဝါရီလနှင့် ယခုမတ်လ အတွင်း မိုးကုတ်မြို့ရှိ ရပ်ကွက်တချို့တွင် အိမ်ထောင်စုစာရင်းကောက်ယူ ခြင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။ ထို့ နောက် TNLA ၏ လူသစ်စုဆောင်းခြင်းအစီအစဉ် စတင်လိုက်သည့်အချိန်မှစ၍ အဝေးပြေးကားလိုင်း အချို့မိုး ကုတ်မြို့မှထွက်ခွာခွင့်အပိတ်ခံထားရသည့်အတွက် မြို့ခံများစွာအခက်အခဲဖြစ်နေကြောင်းလည်း အခြားသော ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုမိုးကုတ်ကနေအထွက်တွေပိတ် လိုက်ပြီ။ သူတို့ကတော့ မြို့ခံတွေကို ဓားစားခံလုပ် တော့မှာလေ။ တချို့ကားဂိတ်တွေဆို လက်မှတ်တွေ ပိတ်လိုက်ပြီ။ ရန်ကုန်ပြန်မယ့်ကားတွေဆို မတက်တော့ဘူး။ ဘာလို့ဆိုအထွက်မရတော့ဘူးလေ။ အဝင်တော့ရတယ်။ အထွက်မရတော့ဘူး။ လမ်းတွေက မိုးမိတ်တောလမ်းရယ် ကျပ်ပြင်၊ ကြက်မထတွေကနေ လာနိုင်ရင်တော့လာပေါ့။ အဲဒီဘက်နဲ့ မတ္တရာကို ကွင်းပြီးတော့ ဧရာဝတီကို ဇက်ဆိပ် ကူးရတာပေါ့။ အခုအဲဒီဇက်ဆိပ်လည်းပိတ်လိုက်ပြီ။ အခုကားတွေ တောင်မှ ဇက်ဆိပ်ပိတ်လိုက်တော့ ကားတွေမထွက် တော့ဘူးလို့တင်ထားကြပြီ။ အခုရန်ကုန်ကားလက်မှတ် ဖြတ်ပြီးသားလူတွေတောင်မှ ပြန်ဖျက်လုပ်လိုက် ကြတယ်လေ” ဟု အထက်ပါဒေသခံက ပြောသည်။
TNLA သည် မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ဒေသရှိမြို့(၁၁)မြို့ကို ထိန်းချုပ်ထားပြီး ယင်းဒေသများတွင် လည်း လူသစ်စုဆောင်းခြင်းများအရှိန် မြှင့်လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
အလားတူ KIA နှင့် MNDAA တို့က လည်း ၎င်းတို့ထိန်းချုပ်ထားရာ ဒေသများတွင် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူသစ်စုဆောင်းခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်နေသည့်အပြင် AA လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွင် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေ လျက်ရှိသည်။

Zawgyi Version:
မိုးကုတ္တြင္ TNLA က အမ်ိဳးသမီးပါမခ်န္ လူသစ္စုေသာေၾကာင့္ ပေလာင္မ်ားပင္ ထြက္ေျပးေန
သန႔္ဇင္ (NP News) - မတ္ ၁၆
မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ရတနာ နယ္ေျမျဖစ္ေသာ မိုးကုတ္တြင္ TNLA က အမ်ိဳးသမီးပါမခ်န္ လူသစ္စုေသာေၾကာင့္ ပေလာင္လူမ်ိဳး မ်ားပင္ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
TNLA က လူသစ္စုေဆာင္းရာတြင္ ၿမိဳ႕ခံ တပ္ဖြဲ႕ဖြဲ႕စည္းရန္ဟုေခါင္းစဥ္တပ္ထားၿပီး အသက္ (၁၈)ႏွစ္မွ (၄၅)ႏွစ္ အတြင္း မည္သည့္လူမ်ိဳးကိုမဆို စုေဆာင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ေတာ္ေတာ္ေလးစုတယ္။ ေယာက်ာ္းေလးတင္မဟုတ္ဘူး မိန္းကေလးပါစုေနတာ။ ပေလာင္အခ်င္းခ်င္းေတာင္ အဆင္မေျပဘူး။ ၿမိဳ႕ေစာင့္ တပ္ဆိုတာက သူတို႔မွာ PDF လည္းရွိတာပဲေလ။ PDF က TNLA ကို ေက်မွမေက်နပ္တာ။ လူေတာ္ ေတာ္မ်ားမ်ားက TNLA ထက္စာရင္ PDF ကိုပဲ အားေပးမွာေပါ့။ TNLA ကေတာ့မိုးကုတ္မွာ လုပ္ကိုင္စား ေနရတာက ႐ုပ္ပ်က္ဆင္းပ်က္ေတြ ျဖစ္ေန တာ။ သူတို႔စည္းလုံးမႈမရွိပါဘူး။ ပြင့္ပြင့္လင္းလင္းေျပာ ရရင္ ျပည္သူမပါဘူး။ သူတို႔ေနာက္မွာ ျပည္သူမပါဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ထိုသို႔ လူသစ္စုရာတြင္ ပေလာင္လူမ်ိဳးမ်ားကပင္ TNLA အဖြဲ႕အတြင္းဝင္ေရာက္ရန္ ဆႏၵမရွိ သည့္အတြက္ ၎တို႔၏သားသမီးမ်ားကို ရရာနည္း လမ္းျဖင့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ျပည္ပႏိုင္ငံမ်ားသို႔ ပို႔ေဆာင္ေပးျခင္း မ်ားလည္းရွိေနေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“လီဆူးေတြဘာေတြလည္းအကုန္ပါတာဆိုေတာ့ လီဆူးေတြကေတာ့ မတတ္သာတဲ့လူေတြ ကေတာ့ PDF ေတြ လုပ္လိုက္တယ္။ ပေလာင္ထဲ မဝင္ရရင္ၿပီးေရာေပါ့။ ပေလာင္ထဲမဝင္ရင္ၿပီးေရာ ဆိုေတာ့ သူတို႔ဟာသူတို႔ သီးျခား လုပ္ လိုက္တာ။ မိုးကုတ္မွာ လူမ်ိဳးေပါင္းစုံပဲ။ မိုးကုတ္မွာ စီးပြားေရးၿမိဳ႕ဆိုေတာ့ ကိုယ့္ဘာသာကိုယ္ အလုပ္ကိုပဲေအးေဆး လုပ္ခ်င္ေနတာေလ။ လုပ္ခ်င္ေနတဲ့အခ်ိန္က်ေတာ့ လုပ္လို႔မရေတာ့ဘူး။ ပေလာင္ကသူ႔အထဲကို ေယာက်ာ္းေလးေရာ မိန္းကေလးေရာ ဝင္ရေတာ့ မယ္ဆိုေတာ့ တခ်ိဳ႕ မတတ္သာတဲ့လူက PDF ထဲဝင္တယ္။ မ်ားေသာအားျဖင့္ေတာ့ ေရွာင္ ထြက္သြားတယ္ေပါ့။ ပေလာင္အခ်င္းခ်င္းကိုက အဲဒီဟာကို လက္မခံဘူး။ ပေလာင္အခ်င္းခ်င္းကို သူတို႔သား သမီးကို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ပို႔တယ္။ တခ်ိဳ႕ဆိုနယ္စပ္ကိုပို႔တယ္။ တခ်ိဳ႕ဆို ႏိုင္ငံျခားပို႔လို႔ရ တယ္ဆို ႏိုင္ငံျခား ပို႔တယ္”ဟု အထက္ပါသတင္း ရင္းျမစ္က ေျပာသည္။ ထို႔ျပင္ TNLA က ၿပီးခဲသည့္ ေဖေဖာ္ဝါရီလႏွင့္ ယခုမတ္လ အတြင္း မိုးကုတ္ၿမိဳ႕ရွိ ရပ္ကြက္တခ်ိဳ႕တြင္ အိမ္ေထာင္စုစာရင္းေကာက္ယူ ျခင္းလုပ္ငန္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရ သည္။ ထို႔ ေနာက္ TNLA ၏ လူသစ္စုေဆာင္းျခင္းအစီအစဥ္ စတင္လိုက္သည့္အခ်ိန္မွစ၍ အေဝးေျပးကားလိုင္း အခ်ိဳ႕မိုး ကုတ္ၿမိဳ႕မွထြက္ခြာခြင့္အပိတ္ခံထားရသည့္အတြက္ ၿမိဳ႕ခံမ်ားစြာအခက္အခဲျဖစ္ေနေၾကာင္းလည္း အျခားေသာ ေဒသခံ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။ “အခုမိုးကုတ္ကေနအထြက္ေတြပိတ္ လိုက္ၿပီ။ သူတို႔ကေတာ့ ၿမိဳ႕ခံေတြကို ဓားစားခံလုပ္ ေတာ့မွာေလ။ တခ်ိဳ႕ကားဂိတ္ေတြဆို လက္မွတ္ေတြ ပိတ္လိုက္ၿပီ။ ရန္ကုန္ျပန္မယ့္ကားေတြဆို မတက္ေတာ့ဘူး။ ဘာလို႔ဆိုအထြက္မရေတာ့ဘူးေလ။ အဝင္ေတာ့ရတယ္။ အထြက္မရေတာ့ဘူး။ လမ္းေတြက မိုးမိတ္ေတာလမ္းရယ္ က်ပ္ျပင္၊ ၾကက္မထေတြကေန လာႏိုင္ရင္ေတာ့လာေပါ့။ အဲဒီဘက္နဲ႔ မတၱရာကို ကြင္းၿပီးေတာ့ ဧရာဝတီကို ဇက္ဆိပ္ ကူးရတာေပါ့။ အခုအဲဒီဇက္ဆိပ္လည္းပိတ္လိုက္ၿပီ။ အခုကားေတြ ေတာင္မွ ဇက္ဆိပ္ပိတ္လိုက္ေတာ့ ကားေတြမထြက္ ေတာ့ဘူးလို႔တင္ထားၾကၿပီ။ အခုရန္ကုန္ကားလက္မွတ္ ျဖတ္ၿပီးသားလူေတြေတာင္မွ ျပန္ဖ်က္လုပ္လိုက္ ၾကတယ္ေလ” ဟု အထက္ပါေဒသခံက ေျပာသည္။
TNLA သည္ မိုးကုတ္ၿမိဳ႕အပါအဝင္ ရွမ္းေျမာက္ေဒသရွိၿမိဳ႕(၁၁)ၿမိဳ႕ကို ထိန္းခ်ဳပ္ထားၿပီး ယင္းေဒသမ်ားတြင္ လည္း လူသစ္စုေဆာင္းျခင္းမ်ားအရွိန္ ျမႇင့္လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။
အလားတူ KIA ႏွင့္ MNDAA တို႔က လည္း ၎တို႔ထိန္းခ်ဳပ္ထားရာ ေဒသမ်ားတြင္ ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ လူသစ္စုေဆာင္းျခင္းမ်ားကို ယခင္ထက္ ပိုမိုလုပ္ေဆာင္ေနသည့္အျပင္ AA လည္း ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသတြင္ လူသစ္စုေဆာင္းျခင္းမ်ား လုပ္ေဆာင္ေန လ်က္ရွိသည္။