Grab Delivery ပို့သူကို အမျိုးသား(၃)ဦးက ကတ်ကြေးဖြင့်ထိုးကာ ပစ္စည်း လုယက်မှုဖြစ်ပွား

 1295

ချယ်ရီ (NP News)- မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်တွင် နေ့ခင်းအချိန် Grab Delivery ပို့သူကို အမျိုးသား(၃)ဦးက ကတ်ကြေးဖြင့်ထိုးကာ ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၆ ရက်)၊ နေ့လယ်ပိုင်းအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်ဘက်ခြမ်း၊ ဂျပန် တံတားအဆင်း(ယာဘက်)၊ (360) ဆီဆိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝိုင်းလုတာ (၃)ယောက်။ လုယက်မှုဖြစ်တာတော့ အတည်ပြုတယ်။ ကတ်ကြေးတွေ ဘာတွေနဲ့ ထိုးတယ် ဆိုတာ လည်း မှန်တယ်။ ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်” ဟု ၎င်းက ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားချိန်တွင် အဆိုပါလမ်း၌ သွားလာသူတစ်ဦးဖြစ်သော Foodpanda Delivery ပို့သူ သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးမှ လာရောက်ကူညီရာ ကတ်ကြေးအသုံးပြု၍ ပြန်လည်ရန်ပြုခြင်းများပြုလုပ်ပြီး (၂)ဦး ထွက်ပြေးသွားကြောင်း သိရသည်။
“ ကောင်လေးက ထိခိုက်မှုတော့ မရှိလိုက်ပါဘူး။ ပစ္စည်းအနည်းငယ်တော့ ပါသွားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လုယက်မှုကျူးလွန်သူ အမျိုးသား(၁)ဦးကို မင်္ဂလာတောင်ညွန့်ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Zawgyi Version:
Zawgyi Version:
Grab Delivery ပို႔သူကို အမ်ိဳးသား(၃)ဦးက ကတ္ေၾကးျဖင့္ထိုးကာ ပစၥည္း လုယက္မႈျဖစ္ပြား
ခ်ယ္ရီ (NP News)- မတ္ ၁၇

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္တြင္ ေန႔ခင္းအခ်ိန္ Grab Delivery ပို႔သူကို အမ်ိဳးသား(၃)ဦးက ကတ္ေၾကးျဖင့္ထိုးကာ ပစၥည္းလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သစၥာမ႑ိဳင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၁၆ ရက္)၊ ေန႔လယ္ပိုင္းအခ်ိန္ခန႔္က မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ဘက္ျခမ္း၊ ဂ်ပန္ တံတားအဆင္း(ယာဘက္)၊ (360) ဆီဆိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဝိုင္းလုတာ (၃)ေယာက္။ လုယက္မႈျဖစ္တာေတာ့ အတည္ျပဳတယ္။ ကတ္ေၾကးေတြ ဘာေတြနဲ႔ ထိုးတယ္ ဆိုတာ လည္း မွန္တယ္။ ပစၥည္းေတြလည္း သိမ္းဆည္းရမိတယ္” ဟု ၎က ဆိုသည္။
ျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ အဆိုပါလမ္း၌ သြားလာသူတစ္ဦးျဖစ္ေသာ Foodpanda Delivery ပို႔သူ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသားတစ္ဦးမွ လာေရာက္ကူညီရာ ကတ္ေၾကးအသုံးျပဳ၍ ျပန္လည္ရန္ျပဳျခင္းမ်ားျပဳလုပ္ၿပီး (၂)ဦး ထြက္ေျပးသြားေၾကာင္း သိရသည္။
“ ေကာင္ေလးက ထိခိုက္မႈေတာ့ မရွိလိုက္ပါဘူး။ ပစၥည္းအနည္းငယ္ေတာ့ ပါသြားတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ လုယက္မႈက်ဴးလြန္သူ အမ်ိဳးသား(၁)ဦးကို မဂၤလာေတာင္ၫြန႔္ရဲစခန္းက အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.