နေပြည်တော်တွင် နနွင်းအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

519

Pearl (NP News) - မတ် ၁၇
နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် နနွင်းအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်း များ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦး သိရသည်။
အဆိုပါ လက်နက်ခဲယမ်းများကို ယနေ့ (မတ် ၁၇ ရက်) ၊ မနက် (၈)နာရီ (၃ဝ) မိနစ်ခန့်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ တာဝန်ရှိသူများက ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ပင်လောင်းဘက်မှ ကင်းသာ-ပင်လောင်းကားလမ်းအတိုင်း ကျော်ဇင်ဦး (၃၇)နှစ် မောင်းနှင်၍ သိန်းမြင့်ဝင်း (၃၀)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ နနွင်းအိတ်များအတွင်း သိုဝှက်သယ်ဆောင် လာသည့် သေနတ်အရှည်(၁၅)လက်၊ ၇.၆၂ ကျည်၊ ၅.၅၆ ကျည်များ၊ ရှေ့ထွက်မိုင်းများ၊ စကားပြောစက်များ၊ လက်ပစ်ဗုံးများ၊ ခြောက်လုံးပြူးများ၊ ကျည်အိမ်များ၊ ပြောင်းချောကျည်များ၊ PDF အမှတ်တံဆိပ်များတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါမော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့မှ အသေးစိတ်ဆက်လက်ရှာဖွေစစ်ဆေးလျက်ရှိကြောင်း ကနဦး သိရသည်။
ပြီးခဲ့သည့် မတ်လ (၅)ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၈၂) တွင် ငှက်ပျော်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ဖူးသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ နႏြင္းအိတ္မ်ားအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁၇
ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမတြင္ နႏြင္းအိတ္မ်ားအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ လက္နက္ခဲယမ္း မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ ကနဦး သိရသည္။
အဆိုပါ လက္နက္ခဲယမ္းမ်ားကို ယေန႔ (မတ္ ၁၇ ရက္) ၊ မနက္ (၈)နာရီ (၃ဝ) မိနစ္ခန႔္တြင္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္၊ ကင္းသာပူးေပါင္းစစ္ေဆးေရးဂိတ္၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ကင္းသာပူးေပါင္းစစ္ေဆးေရးဂိတ္ရွိ တာဝန္ရွိသူမ်ားက ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးျခင္းေဆာင္႐ြက္ခဲ့ရာ ပင္ေလာင္းဘက္မွ ကင္းသာ-ပင္ေလာင္းကားလမ္းအတိုင္း ေက်ာ္ဇင္ဦး (၃၇)ႏွစ္ ေမာင္းႏွင္၍ သိန္းျမင့္ဝင္း (၃၀)ႏွစ္ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ နႏြင္းအိတ္မ်ားအတြင္း သိုဝွက္သယ္ေဆာင္ လာသည့္ ေသနတ္အရွည္(၁၅)လက္၊ ၇.၆၂ က်ည္၊ ၅.၅၆ က်ည္မ်ား၊ ေရွ႕ထြက္မိုင္းမ်ား၊ စကားေျပာစက္မ်ား၊ လက္ပစ္ဗုံးမ်ား၊ ေျခာက္လုံးျပဴးမ်ား၊ က်ည္အိမ္မ်ား၊ ေျပာင္းေခ်ာက်ည္မ်ား၊ PDF အမွတ္တံဆိပ္မ်ားတို႔အား ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါေမာ္ေတာ္ယာဥ္အား ပူးေပါင္းအဖြဲ႕မွ အေသးစိတ္ဆက္လက္ရွာေဖြစစ္ေဆးလ်က္ရွိေၾကာင္း ကနဦး သိရသည္။
ၿပီးခဲ့သည့္ မတ္လ (၅)ရက္တြင္လည္း မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၂၈၂) တြင္ ငွက္ေပ်ာ္သီးမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ့ဖူးသည္။