တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် လာရောက်ဖြေဆိုသူ (၉၄ဒသမ၅၉)ရာခိုင်နှုန်းအထိရှိ

 413

ချယ်ရီ(NP News)- မတ် ၁၈

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် လာရောက်ဖြေဆိုသူပမာဏမှာ (၉၄ဒသမ၅၉)ရာခိုင်နှုန်း ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယမန်နေ့(မတ်လ ၁၈ ရက်)၊ နံနက်ပိုင်းက စတင်ကျင်းပရာ နိုင်ငံခြား စာစစ်ဌာန (၁၃) ခုနှင့် ပြည်တွင်းစာစစ်ဌာန (၈၀၄) ခု စာစစ်ဌာန စုစုပေါင်း (၈၁၇)ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၂၂၀,၈၄၃) ဦးရှိသည့်အနက် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၈,၈၈၉) ဦး၊ ပျက်ကွက်သူ (၁၁,၉၅၄) ဦး ရှိကာ ဖြေဆိုသူ (၉၄ ဒသမ ၅၉) ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယခင်နှစ်က ကယားပြည်နယ်တွင် တိုက်ပွဲအခြေနေကြောင့် စာစစ်ဌာနမရှိခဲ့သော်လည်း ယခုနှစ်တွင် စာစစ်ဌာန(၁)ခုဖွင့်လှစ်ရာ ဖြေဆိုသူ (၁၃၂)ဦး ရှိခဲ့ပြီး (၂၀၂၄)ခုနှစ်၌ ရခိုင်ပြည်နယ်တွင် စာစစ်ဌာန (၆၉)ခုဖြင့် ဖြေဆိုသူ (၈,၅၄၃)ဦး ရှိခဲ့ပြီး ယခုနှစ်တွင် မြို့နယ်(၃)ခုမှ စာစစ်ဌာန(၈)ခုဖြင့် (၁,၅၆၄)ဦးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌လည်း (၂၀၂၄)ခုနှစ်က စာစစ်ဌာန(၁၇)ခုဖြင့် ဖြေဆိုသူ(၁,၉၈၀)ဦး ရှိခဲ့ရာ ယခုနှစ်တွင် စာစစ်ဌာန(၄)ခုဖြင့် ဖြေဆိုသူ(၆၅၈)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
တကၠသိုလ္ဝင္စာေမးပြဲပထမေန႔တြင္ လာေရာက္ေျဖဆိုသူ (၉၄ဒသမ၅၉)ရာခိုင္ႏႈန္းအထိရွိ
ခ်ယ္ရီ(NP News)- မတ္ ၁၈

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲပထမေန႔တြင္ လာေရာက္ေျဖဆိုသူပမာဏမွာ (၉၄ဒသမ၅၉)ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ပထမေန႔ကို ယမန္ေန႔(မတ္လ ၁၈ ရက္)၊ နံနက္ပိုင္းက စတင္က်င္းပရာ ႏိုင္ငံျခား စာစစ္ဌာန (၁၃) ခုႏွင့္ ျပည္တြင္းစာစစ္ဌာန (၈၀၄) ခု စာစစ္ဌာန စုစုေပါင္း (၈၁၇)ခု ဖြင့္လွစ္ေျဖဆိုခဲ့ရာ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသြင္းသူဦးေရ စုစုေပါင္း (၂၂၀,၈၄၃) ဦးရွိသည့္အနက္ စာေမးပြဲပထမေန႔ ျမန္မာစာဘာသာရပ္လာေရာက္ေျဖဆိုသူ စုစုေပါင္း (၂၀၈,၈၈၉) ဦး၊ ပ်က္ကြက္သူ (၁၁,၉၅၄) ဦး ရွိကာ ေျဖဆိုသူ (၉၄ ဒသမ ၅၉) ရာခိုင္ႏႈန္းရွိေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။
ယခင္ႏွစ္က ကယားျပည္နယ္တြင္ တိုက္ပြဲအေျခေနေၾကာင့္ စာစစ္ဌာနမရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ စာစစ္ဌာန(၁)ခုဖြင့္လွစ္ရာ ေျဖဆိုသူ (၁၃၂)ဦး ရွိခဲ့ၿပီး (၂၀၂၄)ခုႏွစ္၌ ရခိုင္ျပည္နယ္တြင္ စာစစ္ဌာန (၆၉)ခုျဖင့္ ေျဖဆိုသူ (၈,၅၄၃)ဦး ရွိခဲ့ၿပီး ယခုႏွစ္တြင္ ၿမိဳ႕နယ္(၃)ခုမွ စာစစ္ဌာန(၈)ခုျဖင့္ (၁,၅၆၄)ဦးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌လည္း (၂၀၂၄)ခုႏွစ္က စာစစ္ဌာန(၁၇)ခုျဖင့္ ေျဖဆိုသူ(၁,၉၈၀)ဦး ရွိခဲ့ရာ ယခုႏွစ္တြင္ စာစစ္ဌာန(၄)ခုျဖင့္ ေျဖဆိုသူ(၆၅၈)ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.