AA ပါဝင်နေသော မူးယစ်ဆေး ဂိုဏ်းအဖွဲ့ ကို ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ နှင့် အတူ ရန်ကုန်တွင် ဖမ်းမိ

 731

သုတကျော် ( NP News )
AA ပါဝင်နေသော မူးယစ်ဆေးဖြန့်သည့် ဂိုဏ်းအဖွဲ့ ကို ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များ နှင့် အတူ ရန်ကုန်တွင် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက် ည ၇ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ် တို့ ၅ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီး နှင့် MERCEDES BENZ ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင် ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန် မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့် အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့် ပြန်လည် ရောင်းချ ရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင် လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ရာ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်း နှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေ ပိုင်ရှင် မသီတာမြင့် တို့ဖြစ်သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုး အား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ရာ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင် နှင့် ဇော်ဇော်အောင် တို့အား ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်း နှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
AA ပါဝင္ေနေသာ မူးယစ္ေဆး ဂိုဏ္းအဖြဲ႕ ကို ေငြက်ပ္ ၉၆ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး မ်ား ႏွင့္ အတူ ရန္ကုန္တြင္ ဖမ္းမိ
AA ပါဝင္ေနေသာ မူးယစ္ေဆးျဖန႔္သည့္ ဂိုဏ္းအဖြဲ႕ ကို ေငြက်ပ္ ၉၆ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး မ်ား ႏွင့္ အတူ ရန္ကုန္တြင္ ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မတ္လ ၆ ရက္ ည ၇ နာရီခြဲအခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၄၄)ရပ္ကြက္၊ ဆင္ျဖဴရွင္လမ္း၊ အမွတ္(၅၄၆/၅၄၇)ရွိ ဂိုေဒါင္အား သတင္းအရဝင္ေရာက္ရွာေဖြရာ သန္းလြင္၊ ေဝယ်ာေအာင္ (ခ)သားႀကီး၊ သန႔္ေကာင္းဆက္(ခ)ေပါင္ခ်ိန္၊ ရဲရင့္ႏိုင္၊ လွသန္းဦး(ခ)ရာကြတ္ တို႔ ၅ ဦး အား အိုက္စ္(မက္သ္အဖက္တမင္း) ၁ ဒသမ ၂ တန္၊ TOYOTA HILUX ယာဥ္(၁)စီး၊ TOYOTA LAND CRUISER ယာဥ္(၁)စီး ႏွင့္ MERCEDES BENZ ယာဥ္ (၁)စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းမိသူမ်ားကို စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား "ဝ" ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပန္ဆန္းၿမိဳ႕တြင္ေနထိုင္သူ တင္ေမာင္ဝင္း ၏ အစီအမံျဖင့္ သန္းလြင္ မွ တာဝန္ခံ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ၿပီး သန္းလြင္ ထံမွ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရန္ကုန္ ၿမိဳ႕တြင္ တစ္ဆင့္ျပန္လည္ေရာင္းခ်သူ ဟိန္းစည္သူ(ခ)ေဇာ္ေဇာ္ေအာင္(ခ)ေအာင္ကိုကို(ခ) ထင္လင္းျပည့္ အား သာေကတၿမိဳ႕နယ္၊ ရႈခင္းသာလမ္းတြင္လည္းေကာင္း၊ စိတ္ေျပာင္းေဆးဝါးမ်ားအား တစ္ဆင့္ ျပန္လည္ ေရာင္းခ် ရန္ ခ်ိတ္ဆက္ေပးသူ တင္လွ(ခ)စသစ္ အား ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၀၄)ရပ္ကြက္တြင္ လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
သတင္းကြင္းဆက္အရ မတ္လ ၆ ရက္ေန႔ ည ၉ နာရီခြဲအခ်ိန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဌ)ရပ္ကြက္၊ သုဓမၼာလမ္းမႀကီးတြင္ ေက်ာ္ေက်ာ္သိန္း(ခ)ေက်ာ္ေက်ာ္(ခ)အေသးေလး ေမာင္းႏွင္ လာသည့္ HYUNDAI BOX ယာဥ္ကိုရွာေဖြရာ ယာဥ္ေပၚမွ အိုက္စ္(မက္သ္အဖက္တမင္း) ၁ ဒသမ ၂၆၅ တန္ ႏွင့္ ကက္တမင္း ၂၀၀ ကီလို ဖမ္းဆီးရမိခဲ့ရာ စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ စိတ္ေျပာင္းေဆးဝါးမ်ားကို မေလးရွားပင္လယ္ေရျပင္သို႔ ခ်ိတ္ဆက္ပို႔ေဆာင္ေရာင္းခ်ရန္ စီမံခန႔္ခြဲ သူမွာ AA စီးပြားေရးတာဝန္ခံ ရဲဝင္း(ခ)ေက်ာ္စိုးလင္း ႏွင့္ ၎၏ဇနီးျဖစ္သူ ေ႐ႊေကာင္းသာ စက္ေလွ ပိုင္ရွင္ မသီတာျမင့္ တို႔ျဖစ္သည္ဟု ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ ရန္ကုန္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးမ်ားလက္ခံ၍ ေ႐ႊေကာင္းသာ စက္ေလွျဖင့္ မေလးရွားပင္လယ္ျပင္သို႔ တာဝန္ခံပို႔ေဆာင္သူ မင္းမင္းစိုး အား ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လြိဳင္လင္ၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ရာ ၎သည္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ မူးယစ္ေဆးဝါးမ်ားအား မေလးရွားပင္လယ္ျပင္သို႔ ေ႐ႊေကာင္းသာ စက္ေလွျဖင့္ တင္ပို႔ခဲ့ေၾကာင္းႏွင့္ မေလးရွားသို႔ မူးယစ္ေဆးဝါးမ်ား ပို႔ေဆာင္ရာတြင္ ဦးစီးလုပ္ကိုင္သူ မ်ိဳးမင္းစိုး(ခ)ကိုမ်ိဳးအား ေျမာက္ဉကၠလာပၿမိဳ႕နယ္၊ သုဓမၼာလမ္းမႀကီးတြင္ CELSIOR ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၎ေနထိုင္သည့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၉)ရပ္ကြက္ရွိ ေနအိမ္မွ အိုက္စ္(မက္သ္အဖက္တမင္း) ၁ တန္ ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး စိတ္ေျပာင္းေဆးဝါးမ်ားအား မေလးရွားပင္လယ္ျပင္သို႔ ေ႐ႊေကာင္းသာ စက္ေလွျဖင့္ သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သည့္ ေက်ာ္ေဝထြန္း၊ သိန္းထြန္း(ခ)သန႔္ဇင္၊ ရန္ရွင္းေအာင္ ႏွင့္ ေဇာ္ေဇာ္ေအာင္ တို႔အား ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္၊ ဆမားဒူးဝါအပိုင္း(၄)ရပ္ကြက္၌ ေ႐ႊေကာင္းသာ စက္ေလွႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္း ေဒသကာလတန္ဖိုးေငြက်ပ္ ၉၆ ဒသမ ၆၂၅ ဘီလီယံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၃ ဒသမ ၄၆၅ တန္ႏွင့္ ကက္တမင္း ၂၀၀ ကီလို တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
AA စီးပြားေရးတာဝန္ခံ ရဲဝင္း(ခ) ေက်ာ္စိုးလင္း ႏွင့္ ၎၏ဇနီး မသီတာျမင့္ တို႔သည္ တန႔္ယန္း၊ ေတာင္ႀကီး၊ မႏၲေလး ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ ေမာ္ေတာ္ယာဥ္ဂိတ္မ်ားဖြင့္လွစ္၍ ၎တို႔ပိုင္ ခရီးသည္တင္မွန္လုံယာဥ္ ၁၆ စီးျဖင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား လုပ္ကိုင္လ်က္ရွိေၾကာင္း သိရွိရသျဖင့္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနကာ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ ဆက္လက္အေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.