ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးအသစ်တွေ ပြန်လည်စတင်နေပြီလို့ အစ္စရေးစစ်ဘက်ပြော

 238

Pika (NP News) - မတ် ၂ဝ

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မြေပြင်စစ်ဆင်ရေးအသစ်တွေ ပြန်လည်စတင်နေပြီလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက မြေပြင်စစ်ဆင်ရေးတွေ ပြန်လည်စတင်မှုနဲ့အတူ ဂါဇာကမ်းမြောင်ဒေသမှာ
ပါလက်စတိုင်း အနည်းဆုံး(၂၀)ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်မှုဖြစ်စေ ခဲ့တဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင် အနည်းဆုံး(၄၀၀)ကျော် သေဆုံးခဲ့ပြီး နောက် ယခုလိုမြေပြင်စစ်ဆင်ရေးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ဟာ ဂါဇာပြည်သူတွေအတွက် နောက်ဆုံးသတိပေးချက်ကို မတ်လ(၁၉)ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဒေါ်နယ်ထရမ့်ရဲ့အကြံပြုချက်တွေကို လိုက်နာပြီး ၎င်းတို့ဖမ်းဆီးထားတဲ့အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးကတ်ဇ်က “ဂါဇာပြည်သူတို့အတွက် ဒါက နောက်ဆုံးသတိပေးချက်ပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးချက်တွေကို လိုက်နာကြပါ။ ဓါးစာခံတွေကို ပြန်လွှတ်ပေးပြီး ဟားမက်လက်နက်ကိုင်အဖွဲ့ကို အာဏာကနေ ဖယ်ရှားကြပါ။ ဒီလိုလုပ်မယ်ဆိုရင် ကမ္ဘာပေါ်က အခြားနေရာတွေကို သွားချင်တဲ့သူတွေအတွက် ထွက်ခွာခွင့် အပါအဝင် အခြားအခွင့်အရေးတွေရှိလာမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသမွာ ေျမျပင္စစ္ဆင္ေရးအသစ္ေတြ ျပန္လည္စတင္ေနၿပီလို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂ဝ

အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းတို႔မွာ ေျမျပင္စစ္ဆင္ေရးအသစ္ေတြ ျပန္လည္စတင္ေနၿပီလို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အစၥေရးတပ္ဖြဲ႕ေတြက ေျမျပင္စစ္ဆင္ေရးေတြ ျပန္လည္စတင္မႈနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသမွာ
ပါလက္စတိုင္း အနည္းဆုံး(၂၀)ဦး ေသဆုံးခဲ့တယ္လို႔ ေဒသတြင္းက်န္းမာေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက စတင္အသက္ဝင္ခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈျဖစ္ေစ ခဲ့တဲ့ အစၥေရးတပ္ဖြဲ႕ေတြရဲ႕ေလေၾကာင္းတိုက္ခိုက္မႈအတြင္း ပါလက္စတိုင္ အနည္းဆုံး(၄၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး ေနာက္ ယခုလိုေျမျပင္စစ္ဆင္ေရးေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္ဟာ ဂါဇာျပည္သူေတြအတြက္ ေနာက္ဆုံးသတိေပးခ်က္ကို မတ္လ(၁၉)ရက္မွာ ထုတ္ျပန္ခဲ့ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ေဒၚနယ္ထရမ့္ရဲ႕အႀကံျပဳခ်က္ေတြကို လိုက္နာၿပီး ၎တို႔ဖမ္းဆီးထားတဲ့အစၥေရးဓါးစာခံေတြကို ျပန္လႊတ္ေပးသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အစၥေရးကတ္ဇ္က “ဂါဇာျပည္သူတို႔အတြက္ ဒါက ေနာက္ဆုံးသတိေပးခ်က္ပဲျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ အႀကံေပးခ်က္ေတြကို လိုက္နာၾကပါ။ ဓါးစာခံေတြကို ျပန္လႊတ္ေပးၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕ကို အာဏာကေန ဖယ္ရွားၾကပါ။ ဒီလိုလုပ္မယ္ဆိုရင္ ကမာၻေပၚက အျခားေနရာေတြကို သြားခ်င္တဲ့သူေတြအတြက္ ထြက္ခြာခြင့္ အပါအဝင္ အျခားအခြင့္အေရးေတြရွိလာမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.