အမေရိကန်က ယီမင်မြို့တော်မှာရှိတဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေပြုလုပ်

503

Pika (NP News) - မတ် ၂ဝ
မတ်လ(၁၉)ရက်မှာ အမေရိကန်စစ်တပ်ဟာ ယီမင်နိုင်ငံ Sanaa မြို့မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ပိုင် Al Masirah တီဗီချန်နယ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင် အဖွဲ့ရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ထပ်မံထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ Sanaa မြို့ရဲ့လေဆိပ်နဲ့နီးတဲ့ Al-Jarraf ခရိုင်ကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ Sanaa မြို့မှာရှိတဲ့ လူနေရပ်ကွက်တစ်ခုကိုလည်း ထိမှန်ခဲ့ပြီး အနည်းဆုံးလူ(၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အမေရိကန် ဟာ ယီမင်နိုင်ငံတောင်ပိုင်း al-Bayda ပြည်နယ်မှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်ဟာ ယီမင်နိုင်ငံမှာရှိတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံးလူ(၃၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အဲဒီတိုက်ခိုက်မှုဟာ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့အကြီးမားဆုံးစစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္က ယီမင္ၿမိဳ႕ေတာ္မွာရွိတဲ့ပစ္မွတ္ေတြကို တိုက္ခိုက္မႈေတြျပဳလုပ္
Pika (NP News) - မတ္ ၂ဝ
မတ္လ(၁၉)ရက္မွာ အေမရိကန္စစ္တပ္ဟာ ယီမင္ႏိုင္ငံ Sanaa ၿမိဳ႕မွာရွိတဲ့ ပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္မႈ ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ပိုင္ Al Masirah တီဗီခ်န္နယ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီလက္နက္ကိုင္ အဖြဲ႕ရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြ ထပ္မံထြက္ေပၚ လာတာလည္း ျဖစ္ပါတယ္။
အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ Sanaa ၿမိဳ႕ရဲ႕ေလဆိပ္နဲ႔နီးတဲ့ Al-Jarraf ခ႐ိုင္ကို ထိမွန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ Sanaa ၿမိဳ႕မွာရွိတဲ့ လူေနရပ္ကြက္တစ္ခုကိုလည္း ထိမွန္ခဲ့ၿပီး အနည္းဆုံးလူ(၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ ဟာ ယီမင္ႏိုင္ငံေတာင္ပိုင္း al-Bayda ျပည္နယ္မွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ဘက္ဆိုင္ရာေနရာေတြနဲ႔ စစ္လက္နက္ပစၥည္းသိုေလွာင္ရာေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ဟာ ယီမင္ႏိုင္ငံမွာရွိတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စတင္ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အနည္းဆုံးလူ(၃၁)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အဲဒီတိုက္ခိုက္မႈဟာ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္း ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ရဲ႕အႀကီးမားဆုံးစစ္ဆင္ေရးတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။