ယူကရိန်းအပစ်အခတ်ရပ်စဲရေးကို လာမယ့်သီတင်းပတ်တွေအတွင်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရပြော

1063

Pika (NP News) - မတ် ၂ဝ
ယူကရိန်းပဋိပက္ခအတွက် ပြီးပြည့်စုံတဲ့အပစ်အခတ်ရပ်စဲရေးကို လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန်စတိဗ်ဝစ်အော့ဖ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီလိုမျိုးသဘောတူညီချက်ကို ရရှိပြီဆိုတာနဲ့ အမေရိကန်အစိုးရက ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးသွားနိုင်ဖွယ်ရှိနေတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ပြီးတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား ဖုန်းခေါ်ဆိုမှုကို ကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုအဖြစ် ၎င်းကချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက “ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ ကြား ဖုန်းခေါ်ဆိုမှုဟာ ကောင်းမွန်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ယူကရိန်းအပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ကို လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ စွမ်းအင်နဲ့ အခြေခံအဆောက်အဦးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ အချိန်(၂)နာရီခွဲကြာ ဖုန်းခေါ်ဆိုမှုအတွင်း အဲဒီသဘောတူညီချက်ကို ရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းအပစ္အခတ္ရပ္စဲေရးကို လာမယ့္သီတင္းပတ္ေတြအတြင္း အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔ အေမရိကန္အစိုးရေျပာ
Pika (NP News) - မတ္ ၂ဝ
ယူကရိန္းပဋိပကၡအတြက္ ၿပီးျပည့္စုံတဲ့အပစ္အခတ္ရပ္စဲေရးကို လာမယ့္သီတင္းပတ္ အနည္းငယ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီလိုမ်ိဳးသေဘာတူညီခ်က္ကို ရရွိၿပီဆိုတာနဲ႔ အေမရိကန္အစိုးရက ႐ုရွားအေပၚခ်မွတ္ထားတဲ့ ပိတ္ဆို႔ အေရးယူမႈေတြကို ေျဖေလွ်ာ့ေပးသြားႏိုင္ဖြယ္ရွိေနတယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။
ၿပီးေတာ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား ဖုန္းေခၚဆိုမႈကို ေကာင္းမြန္တဲ့ ဖုန္းေခၚဆိုမႈတစ္ခုအျဖစ္ ၎ကခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က “ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ ၾကား ဖုန္းေခၚဆိုမႈဟာ ေကာင္းမြန္တဲ့ေျခလွမ္းတစ္ခုျဖစ္ခဲ့ပါတယ္။ ယူကရိန္းအပစ္အခတ္ရပ္စဲေရးသေဘာတူညီ ခ်က္ကို လာမယ့္သီတင္းပတ္အနည္းငယ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ဟာ စြမ္းအင္နဲ႔ အေျခခံအေဆာက္အဦးဆိုင္ရာအပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကတယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ပူတင္တို႔ဟာ အခ်ိန္(၂)နာရီခြဲၾကာ ဖုန္းေခၚဆိုမႈအတြင္း အဲဒီသေဘာတူညီခ်က္ကို ရရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။