ချင်းမိုင်မှာ ရွှေဆိုင်မှ လက်ဝတ်ရတနာ ခိုးယူဖို့ ကြံစည်တဲ့ အမျိုးသား ထွက်ပေါက်ပျောက်ပြီး ဖမ်းမိ

 2763

ရောင်နီ (NP News) - မတ် ၂ဝ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ ကုန်တိုက်တစ်ခုတည်းက ရွှေဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုးကုန်တိုက်ထဲ မှာ လမ်းပျောက်နေခဲ့ပြီး ဖမ်းမိခဲ့ပါတယ်။
မတ်လ ၁၈ ရက် နံနက်ပိုင်းက ချင်းမိုင်-Lampang လမ်းမကြီးပေါ်ရှိ စျေးဝယ်စင်တာထဲက Aesara ရွှေဆိုင်ကို သံသယရှိသူ အသက် ၂၁ နှစ်က ဖောက်ထွင်းခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။ Aesara ဟာ ခိုးယူဖို့ လွယ်ကူမယ်လို့ ယုံကြည်တဲ့အတွက် ကြိုတင်ပြင်ဆင်ဖို့ သုံးရက်ကြာ လေ့လာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ နန်ပြည်နယ် နနွိုင်းခရိုင်မှ ထွက်ခွာလာသူဖြစ်ပြီး လုံခြုံရေးကင်မရာတွေကို ရှောင်ဖို့ ရည်ရွယ် ပြီး Scream ရုပ်ရှင်ထဲက နာမည်ကြီး "Ghostface" မျက်နှာဖုံးကို ၀တ်ဆင်ထားပါတယ်။ ၎င်းဟာ ရွှေဆိုင်ထဲ မဝင်ရောင်ခင် မတ်လ ၁၇ ရက် ညနေ ၅ နာရီက သူ့ရဲ့ဆိုင်ကယ်ကို အနီးနားက ဓာတ်ဆီဆိုင်ရှေ့ ရပ်ထားခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ ကုန်တိုက်ပိတ်ချိန်အထိ ပုန်းအောင်းနေခဲ့ပြီး လူတိတ်ချိန်မှာ အနက်ရောင်ဝတ်စုံ ပြောင်းဝတ် ကာ Ghostface မျက်နှာဖုံးကို ဝတ်ဆင်ခဲ့ပါတယ်။
အဲဒီနောက် သတ္တုဘားကို အသုံးပြုပြီး ရွှေဆိုင်ရဲ့တံခါးသော့ကို ဖွင့်ခဲ့ပါတယ်။ အထဲရောက်တာနဲ့ သူ့ကို ဖမ်းလို့မမိ အောင် တံခါးကိုပြန်ပိတ်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေဆိုင်ထဲက ရွှေဆွဲကြိုးထုတ်ပိုးပြီး ပြန်ထွက်တဲ့အခါ သူပိတ်ထားတဲ့ သံတံခါးကို ပြန်မဖွင့်နိုင်တော့ပါဘူး။ အခြားနည်းလမ်း ရှာပေမယ့်လည်း ပြန်ထွက်ဖို့ လမ်းမတွေ့ခဲ့ပါဘူး။ သူ့ကို မနက်ပိုင်း အလုပ်လာလုပ်တဲ့ ဝန်ထမ်းတစ်ယောက်က သူ့ကို ပိတ်မိနေတာ တွေ့ခဲ့ပါတယ်။ အဲဒီနောက် ချက်ခြင်း ရဲစခန်းကို ဖုန်းဆက်ခေါ်ခဲ့ပြီး အမြန်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ခ်င္းမိုင္မွာ ေ႐ႊဆိုင္မွ လက္ဝတ္ရတနာ ခိုးယူဖို႔ ႀကံစည္တဲ့ အမ်ိဳးသား ထြက္ေပါက္ေပ်ာက္ၿပီး ဖမ္းမိ
ေရာင္နီ (NP News) - မတ္ ၂ဝ

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ရွိ ကုန္တိုက္တစ္ခုတည္းက ေ႐ႊဆိုင္တစ္ဆိုင္ကို ေဖာက္ထြင္းဝင္ေရာက္တဲ့ သူခိုးကုန္တိုက္ထဲ မွာ လမ္းေပ်ာက္ေနခဲ့ၿပီး ဖမ္းမိခဲ့ပါတယ္။
မတ္လ ၁၈ ရက္ နံနက္ပိုင္းက ခ်င္းမိုင္-Lampang လမ္းမႀကီးေပၚရွိ ေစ်းဝယ္စင္တာထဲက Aesara ေ႐ႊဆိုင္ကို သံသယရွိသူ အသက္ ၂၁ ႏွစ္က ေဖာက္ထြင္းခိုးယူဖို႔ ႀကိဳးစားခဲ့ပါတယ္။ Aesara ဟာ ခိုးယူဖို႔ လြယ္ကူမယ္လို႔ ယုံၾကည္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ သုံးရက္ၾကာ ေလ့လာခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။
အဲဒီအမ်ိဳးသားဟာ နန္ျပည္နယ္ နႏြိဳင္းခ႐ိုင္မွ ထြက္ခြာလာသူျဖစ္ၿပီး လုံၿခဳံေရးကင္မရာေတြကို ေရွာင္ဖို႔ ရည္႐ြယ္ ၿပီး Scream ႐ုပ္ရွင္ထဲက နာမည္ႀကီး "Ghostface" မ်က္ႏွာဖုံးကို ၀တ္ဆင္ထားပါတယ္။ ၎ဟာ ေ႐ႊဆိုင္ထဲ မဝင္ေရာင္ခင္ မတ္လ ၁၇ ရက္ ညေန ၅ နာရီက သူ႔ရဲ႕ဆိုင္ကယ္ကို အနီးနားက ဓာတ္ဆီဆိုင္ေရွ႕ ရပ္ထားခဲ့တယ္လို႔ သိရပါတယ္။ ၎ဟာ ကုန္တိုက္ပိတ္ခ်ိန္အထိ ပုန္းေအာင္းေနခဲ့ၿပီး လူတိတ္ခ်ိန္မွာ အနက္ေရာင္ဝတ္စုံ ေျပာင္းဝတ္ ကာ Ghostface မ်က္ႏွာဖုံးကို ဝတ္ဆင္ခဲ့ပါတယ္။
အဲဒီေနာက္ သတၱဳဘားကို အသုံးျပဳၿပီး ေ႐ႊဆိုင္ရဲ႕တံခါးေသာ့ကို ဖြင့္ခဲ့ပါတယ္။ အထဲေရာက္တာနဲ႔ သူ႔ကို ဖမ္းလို႔မမိ ေအာင္ တံခါးကိုျပန္ပိတ္ခဲ့ပါတယ္။ ဒါေပမယ့္ ေ႐ႊဆိုင္ထဲက ေ႐ႊဆြဲႀကိဳးထုတ္ပိုးၿပီး ျပန္ထြက္တဲ့အခါ သူပိတ္ထားတဲ့ သံတံခါးကို ျပန္မဖြင့္ႏိုင္ေတာ့ပါဘူး။ အျခားနည္းလမ္း ရွာေပမယ့္လည္း ျပန္ထြက္ဖို႔ လမ္းမေတြ႕ခဲ့ပါဘူး။ သူ႔ကို မနက္ပိုင္း အလုပ္လာလုပ္တဲ့ ဝန္ထမ္းတစ္ေယာက္က သူ႔ကို ပိတ္မိေနတာ ေတြ႕ခဲ့ပါတယ္။ အဲဒီေနာက္ ခ်က္ျခင္း ရဲစခန္းကို ဖုန္းဆက္ေခၚခဲ့ၿပီး အျမန္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.