အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ က ဂါဇာ ကမ်းမြှောင် အနီးရှိ နယ်နိမိတ်များကို လေ့လာခဲ့

 5839

သုတကျော် (NP News) မတ် - ၂၀
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ဂါဇာကမ်းမြှောင်ဒေသ အနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြု ခရီးစဉ်သို့ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးကျော်ကျော်မင်းသည် မတ်လ ၁၇ ရက်က Keren Kayemeth Lelsrael - ဂျူးအမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors' Club of Israel) တို့ ပူးပေါင်းစီစဉ်သော ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သို့ အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ သွားရောက် ခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေး အခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင်နေသည့် စီမံ ကိန်းများကို လိုက်လံကြည့်ရှု့ခဲ့ရပြီး၊ အစ္စရေး- ဟားမတ်စ်စစ်ပွဲ ၁၈ လတာ ကာလအတွင်း ဘေးဒုက္ခခံ စားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံအသိုင်းအဝိုင်းများကို ရပ်ရွာပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့်အနေဖြင့် ဂါဇာကမ်းမြှောင်အနီး အစ္စရေး ဒေသခံများထံမှ ထူးထူးခြားခြား တစ်ဦးချင်းစီနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြော ကြားမှုများကို မျှဝေခံစား နားထောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တောဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းကို လေ့လာရေးခရီးစဉ် အပါအဝင် စစ်ပွဲကြောင့် ထိခိုက်ခံစားရသော ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဓိကလုပ်ဆောင်မှုများသို့ သွားရောက် ကြည့်ရှု့ခဲ့ကြောင်း။ အဓိပ္ပါယ်ရှိသော အခိုက်အတန့်များအနေဖြင့် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာကို သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း ဖော်ပြထားသည်။
ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်း တင်ပြ မှုကို နားထောင်ခဲ့ရပြီး၊ ရေဆိုးစံနစ်မှ ပြန်လည် သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက် ထားရှိမှု ရှင်းလင်းမှုများ နားထောင်လေ့လာခဲ့ကြရပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
အစၥေရးႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးယာယီတာဝန္ခံ က ဂါဇာ ကမ္းေျမႇာင္ အနီးရွိ နယ္နိမိတ္မ်ားကို ေလ့လာခဲ့
သုတေက်ာ္ (NP News) မတ္ - ၂၀
အစၥေရးႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးယာယီတာဝန္ခံ/ သံအမတ္ႀကီး ဦးေက်ာ္ေက်ာ္မင္းသည္ ဂါဇာကမ္းေျမႇာင္ေဒသ အနီးရွိ နယ္နိမိတ္မ်ားကို သဘာဝပတ္ဝန္းက်င္ စူးစမ္းေလ့လာရန္ အထူးျပဳ ခရီးစဥ္သို႔ သြားေရာက္ခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဦးေက်ာ္ေက်ာ္မင္းသည္ မတ္လ ၁၇ ရက္က Keren Kayemeth Lelsrael - ဂ်ဴးအမ်ိဳးသားရန္ပုံေငြ (KKL-JNF)၊ အစၥေရး ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ အစၥေရး သံအမတ္ႀကီးမ်ားအသင္း (The Ambassadors' Club of Israel) တို႔ ပူးေပါင္းစီစဥ္ေသာ ဂါဇာကမ္းေျမႇာင္ေဒသအနီးရွိ နယ္နိမိတ္မ်ားကို သဘာဝပတ္ဝန္းက်င္ စူးစမ္းေလ့လာရန္ အထူးျပဳခရီးစဥ္သို႔ အစၥေရးအေျခစိုက္ သံအမတ္ႀကီးမ်ား၊ သံ႐ုံးအႀကီးအကဲမ်ားႏွင့္ အတူ သြားေရာက္ ခဲ့ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း အစၥေရးႏိုင္ငံ Negev သဲကႏၲာရေဒသ၌ စိုက္ခင္းမ်ား လုပ္ေဆာင္ထားမႈ၊ စီးပြားေရး အခြင့္အလမ္းမ်ားရရွိေရး ထုတ္ကုန္မ်ား ဖန္တီးထုတ္လုပ္မႈ၊ ထိေရာက္စြာ လုပ္ကိုင္ေနသည့္ စီမံ ကိန္းမ်ားကို လိုက္လံၾကည့္ရႈ႕ခဲ့ရၿပီး၊ အစၥေရး- ဟားမတ္စ္စစ္ပြဲ ၁၈ လတာ ကာလအတြင္း ေဘးဒုကၡခံ စားခဲ့ရသည့္ Kibbutz Kfar Aza ေဒသခံအသိုင္းအဝိုင္းမ်ားကို ရပ္႐ြာျပန္လည္ထူေထာင္ေရး စီမံကိန္းမ်ား ေဆာင္႐ြက္ထားမႈ၊ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္မွ စတင္၍ ၎တို႔၏ စိတ္လႈပ္ရွားဖြယ္ခရီးမ်ားႏွင့္ ခံႏိုင္ရည္အား မွ်ေဝေပးသည့္အေနျဖင့္ ဂါဇာကမ္းေျမႇာင္အနီး အစၥေရး ေဒသခံမ်ားထံမွ ထူးထူးျခားျခား တစ္ဦးခ်င္းစီႏွင့္ ထိေတြ႕ဆက္ဆံခဲ့ၿပီး ခံစားခဲ့ရမႈမ်ား ရင္ဖြင့္ေျပာ ၾကားမႈမ်ားကို မွ်ေဝခံစား နားေထာင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေနာက္ KKL-JNF၊ အစၥေရး၏ သစ္ေတာဝန္ေဆာင္မႈမ်ားႏွင့္ Gilat အပင္ပ်ိဳးခင္းကို ေလ့လာေရးခရီးစဥ္ အပါအဝင္ စစ္ပြဲေၾကာင့္ ထိခိုက္ခံစားရေသာ ျပန္လည္ တည္ေဆာက္ေရးဆိုင္ရာ အဓိကလုပ္ေဆာင္မႈမ်ားသို႔ သြားေရာက္ ၾကည့္ရႈ႕ခဲ့ေၾကာင္း။ အဓိပၸါယ္ရွိေသာ အခိုက္အတန႔္မ်ားအေနျဖင့္ Nova ဂီတပြဲေတာ္လုပ္ခဲ့သည့္ ေနရာကို သြားေရာက္ေလ့လာခဲ့ၿပီး Iron Swords Forest ၌ သံတမန္အႀကီးအကဲမ်ား အမွတ္တရ သစ္ပင္စိုက္ပ်ိဳးျခင္း အခမ္းအနားတြင္ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ သစ္ပင္စိုက္ပ်ိဳးေပးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ခရီးစဥ္ေနာက္ဆုံး အေနျဖင့္ ဂါဇာကမ္းေျမႇာင္ ေျမာက္ပိုင္းႏွင့္ အနီးစပ္ဆုံး ရွိေနသည့္ Kibbutz Zikim စုေပါင္း႐ြာသို႔ သြားေရာက္ကာ စုေပါင္းစနစ္ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္မႈ အေျခအေန ရွင္းလင္း တင္ျပ မႈကို နားေထာင္ခဲ့ရၿပီး၊ ေရဆိုးစံနစ္မွ ျပန္လည္ သန္႔စင္မႈ၊ စြမ္းအင္ရယူမႈမ်ား၊ လုံၿခဳံေရး ေဆာင္႐ြက္ ထားရွိမႈ ရွင္းလင္းမႈမ်ား နားေထာင္ေလ့လာခဲ့ၾကရၿပီး ခရီးစဥ္ ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ေၾကာင္း ေဖာ္ျပထားသည္။

Related news

ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော Pika (NP News) - ဧပြီ ၂၇ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

27/04/2025 13:30

© 2021. All rights reserved.