ငါးနှစ်အတွင်း ဆည်၊မြစ်ရေတင်၊စက်ရေတွင်းနှင့်ရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါး၊နွေစပါးဧက ၂၅သိန်းကျော်တိုးချဲ့နိုင်ခဲ့

142

သက်ပိုင်(NP News)-ဇူလိုင် ၁၇
၂၀၂၂၀ - ၂၀၂၁ ခုနှစ်မှ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆည်၊မြစ်ရေတင်၊စက်ရေတွင်းနှင့် အခြားရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါး၊နွေစပါးဧက (၂၅၁၄၆၀၀) ဧက အထိ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှသိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ရေလှောင်တမံ၊ ရေလွှဲဆည်၊ကန်၊ရေတံခါးများမှတဆင့် စိုက်ပျိုးရေရှိရေးအတွက် စီမံဆောင်ရွက်ခြင်း၊မြစ်ရေတင်ခြင်းနှင့် စက်ရေတွင်းတို့မှတဆင့် စိုက်ပျိုးရေရရှိရေးအတွက် စီမံဆောင်ရွက်ခြင်းနှင့် ချောင်း၊မြောင်းများကို ပိတ်ဆို့ကာ နှင့်အခြားနည်းလမ်းများဖြင့် စိုက်ပျိုးရေရရှိရေးအတွက် စီမံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကဆိုသည်။
ထိုသို့ဆောင်ရွက်မှုကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၂၃၈၂၂၈၅) ဧကနှင့် မိုးစပါးစိုက်ပျိုးဧက (၁၈၈၅၅၉၁) ဧက သာရှိခဲ့ရာမှ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၄၀၀၀၁၇၉) ဧကနှင့် မိုးစပါးစိုက်ပျိုးဧက (၂၇၈၂၂၉၇) ဧက အထိ တိုးချဲ့စိုက်ပျိုး နိုင်ခဲ့ပြီး နွေစပါး (၁၆၁၇၈၉၄ )ဧကနှင့် မိုးစပါး (၈၉၆၇၀၆)ဧက တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ ဆည်လှေလှောင်တမံတိုင်းမှာ ဌာနကလူတွေရှိနေပြီးတော့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တတွေကို လုပ်ပေးနေပါတယ်။ အဓိကကတော့ ဆည်ရေတွေကနေ တဆင့် ပြည်သူတွေ နွေရော၊ မိုးရောစပါးစိုက်ဖို့ ရေရအောင် ဆောင်ရွက်ပေးနေပါတယ်။ ထပ်ပြီးတော့လည်း အခုထက်ပိုပြီး ဧကအများကြီး စိုက်ပျိုးရေရရှိအောင် လုပ်ဆောင်သွားမှာပါ ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူကဆိုသည်။
မိမိတို့အနေဖြင့် သီးနှံအထွက်နှုန်းနှင့် ရေအသုံးပြုမှု ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေမည့် ထိရောက်ပြီး သာတူညီမျှသော ဆည်မြောင်းစနစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံခန့်ခွဲရန်၊ ဆန်းသစ်သောနည်းပညာများ၊ လူထုပါဝင်ဆောင်ရွက်မှုနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုတို့ ဖြင့် ရေရှည်တည်တံ့သော ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်၊ ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲမှု အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်း ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှုကို ခံနိုင်ရည်ရှိစေရေးဆောင်ရွက်ရန်နှင့် ရှိရင်းစွဲ အရင်းအမြစ်များအားအခြေခံ၍ သဘာဝမျှခြေမပျက်စီးစေပဲ ဆည်ရေသောက် ဧရိယာ တိုးချဲ့နိုင်ရေး ဆောင်ရွက်ရန် စသော ရည်ရွက်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိကြောင်းကိုလည်း ၎င်းကဆိုသည်။

Zawgyi Version:
ငါးႏွစ္အတြင္း ဆည္၊ျမစ္ေရတင္၊စက္ေရတြင္းႏွင့္ေရရရွိေရးနည္းလမ္းမ်ားျဖင့္ မိုးစပါး၊ေႏြစပါးဧက ၂၅သိန္းေက်ာ္တိုးခ်ဲ႕ႏိုင္ခဲ့
သက္ပိုင္(NP News)-ဇူလိုင္ ၁၇
၂၀၂၂၀ - ၂၀၂၁ ခုႏွစ္မွ ၂၀၂၄ - ၂၀၂၅ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ ဆည္၊ျမစ္ေရတင္၊စက္ေရတြင္းႏွင့္ အျခားေရရရွိေရးနည္းလမ္းမ်ားျဖင့္ မိုးစပါး၊ေႏြစပါးဧက (၂၅၁၄၆၀၀) ဧက အထိ တိုးခ်ဲ႕ စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန မွသိရသည္။
ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာနအေနျဖင့္ စိုက္ပ်ိဳးေရရရွိေရးအတြက္ ေရေလွာင္တမံ၊ ေရလႊဲဆည္၊ကန္၊ေရတံခါးမ်ားမွတဆင့္ စိုက္ပ်ိဳးေရရွိေရးအတြက္ စီမံေဆာင္႐ြက္ျခင္း၊ျမစ္ေရတင္ျခင္းႏွင့္ စက္ေရတြင္းတို႔မွတဆင့္ စိုက္ပ်ိဳးေရရရွိေရးအတြက္ စီမံေဆာင္႐ြက္ျခင္းႏွင့္ ေခ်ာင္း၊ေျမာင္းမ်ားကို ပိတ္ဆို႔ကာ ႏွင့္အျခားနည္းလမ္းမ်ားျဖင့္ စိုက္ပ်ိဳးေရရရွိေရးအတြက္ စီမံေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန တာဝန္ရွိသူ တစ္ဦးကဆိုသည္။
ထိုသို႔ေဆာင္႐ြက္မႈေၾကာင့္ ၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ ေႏြစပါးစိုက္ပ်ိဳးဧက (၂၃၈၂၂၈၅) ဧကႏွင့္ မိုးစပါးစိုက္ပ်ိဳးဧက (၁၈၈၅၅၉၁) ဧက သာရွိခဲ့ရာမွ၂၀၂၄-၂၀၂၅ ခုႏွစ္တြင္ ေႏြစပါးစိုက္ပ်ိဳးဧက (၄၀၀၀၁၇၉) ဧကႏွင့္ မိုးစပါးစိုက္ပ်ိဳးဧက (၂၇၈၂၂၉၇) ဧက အထိ တိုးခ်ဲ႕စိုက္ပ်ိဳး ႏိုင္ခဲ့ၿပီး ေႏြစပါး (၁၆၁၇၈၉၄ )ဧကႏွင့္ မိုးစပါး (၈၉၆၇၀၆)ဧက တိုးခ်ဲ႕စိုက္ပ်ိဳးရန္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း ၎ကဆိုသည္။
“ကြၽန္ေတာ္တို႔ ဌာနအေနနဲ႔ကေတာ့ ဆည္ေလွေလွာင္တမံတိုင္းမွာ ဌာနကလူေတြရွိေနၿပီးေတာ့ ျပည္သူေတြအတြက္ လုပ္ေပးႏိုင္တေတြကို လုပ္ေပးေနပါတယ္။ အဓိကကေတာ့ ဆည္ေရေတြကေန တဆင့္ ျပည္သူေတြ ေႏြေရာ၊ မိုးေရာစပါးစိုက္ဖို႔ ေရရေအာင္ ေဆာင္႐ြက္ေပးေနပါတယ္။ ထပ္ၿပီးေတာ့လည္း အခုထက္ပိုၿပီး ဧကအမ်ားႀကီး စိုက္ပ်ိဳးေရရရွိေအာင္ လုပ္ေဆာင္သြားမွာပါ ” ဟု ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာနတာဝန္ရွိသူကဆိုသည္။
မိမိတို႔အေနျဖင့္ သီးႏွံအထြက္ႏႈန္းႏွင့္ ေရအသုံးျပဳမႈ ထိေရာက္မႈကို အျမင့္ဆုံးျဖစ္ေစမည့္ ထိေရာက္ၿပီး သာတူညီမွ်ေသာ ဆည္ေျမာင္းစနစ္မ်ားကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ စီမံခန႔္ခြဲရန္၊ ဆန္းသစ္ေသာနည္းပညာမ်ား၊ လူထုပါဝင္ေဆာင္႐ြက္မႈႏွင့္ မူဝါဒဖြံ႕ၿဖိဳးတိုးတက္မႈတို႔ ျဖင့္ ေရရွည္တည္တံ့ေသာ ေရအရင္းအျမစ္စီမံခန႔္ခြဲမႈကို ျမႇင့္တင္ရန္၊ ဘက္စုံေရအရင္းအျမစ္စီမံခန႔္ခြဲမႈ အေလ့အက်င့္မ်ားကို အေကာင္အထည္ေဖာ္ျခင္း ျဖင့္ ရာသီဥတုေျပာင္းလဲမႈႏွင့္ ေရရွားပါးမႈကို ခံႏိုင္ရည္ရွိေစေရးေဆာင္႐ြက္ရန္ႏွင့္ ရွိရင္းစြဲ အရင္းအျမစ္မ်ားအားအေျခခံ၍ သဘာဝမွ်ေျခမပ်က္စီးေစပဲ ဆည္ေရေသာက္ ဧရိယာ တိုးခ်ဲ႕ႏိုင္ေရး ေဆာင္႐ြက္ရန္ စေသာ ရည္႐ြက္ခ်က္မ်ားျဖင့္ လုပ္ေဆာင္လွ်က္ရွိေၾကာင္းကိုလည္း ၎ကဆိုသည္။
သက္ပိုင္