တစ်တန်လျှင်ငါးသိန်းဈေးရှိသောဘိလပ်မြေ အနာဂါတ်မသေချာ

 7179

ပြည့်ဖြိုး
တစ်တန်လျှင် ငါးသိန်း ဈေးဖြင့် လက်တလော ပြည်ပမှ တင်သွင်းလာ သောဘိလပ်မြေများကြောင့် မြင့်တက်နေသောဘိလပ်မြေဈေးများပြန်လည်ကျဆင်းလာသော်လည်း ရေရှည်တွင် အရည်အသွေးနှင့်ဈေးနှုန်းပိုင်း အတွက် သေချာစွာ ပြန်လည်စိစစ်သင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများထွက်ပေါ်နေသည်။
“ ဘိလပ်မြေ ပါမစ်ဈေးမှာကတည်းက တစ်တန်ကို ငါးသိန်းတန်ပါတယ် ။တစ်တန်ကိုအိတ်နှစ်ဆယ် ရှိတာကြောင့်တစ်အိတ်ကို နှစ်သောင်းခွဲ ဈေးပေါက်ပါတယ်။ နိုင်ငံခြားကတင်သွင်းလာတဲ့ သွင်းကုန်ပါမစ်ဈေးတောင်ပြန်မရတဲ့ဈေးနဲ့ ‌ရောင်းနေတာပါ။ အခုဆိုဈေးကွက်ထဲမှာ တစ်အိတ်ကို နှစ်သောင်းနှစ်ထောင်နဲ့ပြန်ရောင်းနေတာတွေတောင်ရှိလာတယ်ဆိုတော့၊ အဲဒီဘိလပ်မြေတွေရဲ့အရည်အသွေးက စံချိန်မှီရဲ့ လားဆိုတာ သက်ဆိုင်ရာကစစ်ဆေးသင့်ပါတယ်” ဟု ရန်ကုန်မြို့တောင်ဥက္ကလာပ မြို့နယ်ရှိ ကန်ထရိုက်တစ်ဦးက The Stateman သို့ပြောသည်။
ဖေဖေါ်ဝါရီလပိုင်းအတွင်းက ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ ထုတ်လုပ်မှုကျဆင်း လာရာမှတဆင့်ဘိလပ်မြေဈေးများ အဆမတန်မြင့်တက်ခဲ့ရာ ဘိလပ်မြေ တစ်အိတ်လျှင် သုံးသောင်းခွဲ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာက ကော့သောင်းနယ်စပ်မှတဆင့် ဘိလပ်မြေများရန်ကုန်သို့ တင်သွင်းခွင့်ပြုခဲ့ရာ လက်တလောတွင်ဘိလပ်မြေဈေးကျဆင်းသွားသည်။ ဘိလပ်မြေဈေးကျဆင်းမှုသည် ရေရှည်အနေအထားဖြစ်ရန် လိုအပ်ချက်များရှိနေကြောင်းနှင့် အရည်အသွေးပိုင်း သေချာစွာစီစစ်ရန် လိုအပ်ကြောင်းသိရသည်။
“ ပြည်တွင်းထုတ် လူရိုင်းခေါင်းတံဆိပ်အယ်ဖာ ဘိလပ်မြေက အခုဆိုရင် တစ်အိတ်ကို တစ်သောင်းကိုးထောင်အထိ ပြန်ကျသွားပါတယ်။ တကယ်ဆိုရင် ဘိလပ်မြေဈေးဟာ ဘာကြောင့်ဒီလောက်ဈေးတက်ပြီးမှပြန်ကျတယ်ဆိုတာ အံသြစရာဘဲ လက်ဝါးကြီးအုပ်ပြိးဈေးကွက်ကို လိုသလိုချယ်လှယ်နေတဲ့သူတွေ ကို သေချာစိစစ်သင့်ပါတယ်” ဟု ဆောက်လုပ်ရေး လောကသားတစ်ဦးကဆိုသည်။
ပြည်တွင်းတွင် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံ (၁၆) ရုံ နှင့် နိုင်ငံပိုင်ဘိ လပ်မြေစက်ရုံ (၃)ရုံရှိပြီး အဆိုပါစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပါက ဘိလပ်မြေတန်ချိန် (၁၆) သန်းခန့်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း အသုံးပြုနေသည့်ဘိလပ်မြေသည် တစ်နှစ်လျှင် တန်ချိန် (၁ဝ) သန်းနှင့် (၁၁)သန်းကြားရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်သာ ပြည်ပမှတင်သွင်းသောဘိလပ်မြေများကြောင့် ဈေးနှုန်းများကျဆင်းလာသော်လည်း နယ်မြို့များတွင်ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။

Zawgyi Version:
တစ္တန္လွ်င္ငါးသိန္းေဈးရွိေသာဘိလပ္ေျမ အနာဂါတ္မေသခ်ာ
ျပည့္ၿဖိဳး
တစ္တန္လွ်င္ ငါးသိန္း ေဈးျဖင့္ လက္တေလာ ျပည္ပမွ တင္သြင္းလာ ေသာဘိလပ္ေျမမ်ားေၾကာင့္ ျမင့္တက္ေနေသာဘိလပ္ေျမေဈးမ်ားျပန္လည္က်ဆင္းလာေသာ္လည္း ေရရွည္တြင္ အရည္အေသြးႏွင့္ေဈးႏႈန္းပိုင္း အတြက္ ေသခ်ာစြာ ျပန္လည္စိစစ္သင့္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအၾကား ေဝဖန္မႈမ်ားထြက္ေပၚေနသည္။
“ ဘိလပ္ေျမ ပါမစ္ေဈးမွာကတည္းက တစ္တန္ကို ငါးသိန္းတန္ပါတယ္ ။တစ္တန္ကိုအိတ္ႏွစ္ဆယ္ ရွိတာေၾကာင့္တစ္အိတ္ကို ႏွစ္ေသာင္းခြဲ ေဈးေပါက္ပါတယ္။ ႏိုင္ငံျခားကတင္သြင္းလာတဲ့ သြင္းကုန္ပါမစ္ေဈးေတာင္ျပန္မရတဲ့ေဈးနဲ႔ ‌ေရာင္းေနတာပါ။ အခုဆိုေဈးကြက္ထဲမွာ တစ္အိတ္ကို ႏွစ္ေသာင္းႏွစ္ေထာင္နဲ႔ျပန္ေရာင္းေနတာေတြေတာင္ရွိလာတယ္ဆိုေတာ့၊ အဲဒီဘိလပ္ေျမေတြရဲ႕အရည္အေသြးက စံခ်ိန္မွီရဲ႕ လားဆိုတာ သက္ဆိုင္ရာကစစ္ေဆးသင့္ပါတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာင္ဥကၠလာပ ၿမိဳ႕နယ္ရွိ ကန္ထ႐ိုက္တစ္ဦးက The Stateman သို႔ေျပာသည္။
ေဖေဖၚဝါရီလပိုင္းအတြင္းက ျပည္တြင္းရွိဘိလပ္ေျမစက္႐ုံမ်ား ထုတ္လုပ္မႈက်ဆင္း လာရာမွတဆင့္ဘိလပ္ေျမေဈးမ်ား အဆမတန္ျမင့္တက္ခဲ့ရာ ဘိလပ္ေျမ တစ္အိတ္လွ်င္ သုံးေသာင္းခြဲ အထိ ျမင့္တက္ခဲ့ျခင္းျဖစ္သည္။ သက္ဆိုင္ရာက ေကာ့ေသာင္းနယ္စပ္မွတဆင့္ ဘိလပ္ေျမမ်ားရန္ကုန္သို႔ တင္သြင္းခြင့္ျပဳခဲ့ရာ လက္တေလာတြင္ဘိလပ္ေျမေဈးက်ဆင္းသြားသည္။ ဘိလပ္ေျမေဈးက်ဆင္းမႈသည္ ေရရွည္အေနအထားျဖစ္ရန္ လိုအပ္ခ်က္မ်ားရွိေနေၾကာင္းႏွင့္ အရည္အေသြးပိုင္း ေသခ်ာစြာစီစစ္ရန္ လိုအပ္ေၾကာင္းသိရသည္။
“ ျပည္တြင္းထုတ္ လူ႐ိုင္းေခါင္းတံဆိပ္အယ္ဖာ ဘိလပ္ေျမက အခုဆိုရင္ တစ္အိတ္ကို တစ္ေသာင္းကိုးေထာင္အထိ ျပန္က်သြားပါတယ္။ တကယ္ဆိုရင္ ဘိလပ္ေျမေဈးဟာ ဘာေၾကာင့္ဒီေလာက္ေဈးတက္ၿပီးမွျပန္က်တယ္ဆိုတာ အံၾသစရာဘဲ လက္ဝါးႀကီးအုပ္ၿပိးေဈးကြက္ကို လိုသလိုခ်ယ္လွယ္ေနတဲ့သူေတြ ကို ေသခ်ာစိစစ္သင့္ပါတယ္” ဟု ေဆာက္လုပ္ေရး ေလာကသားတစ္ဦးကဆိုသည္။
ျပည္တြင္းတြင္ ပုဂၢလိကပိုင္ဘိလပ္ေျမစက္႐ုံ (၁၆) ႐ုံ ႏွင့္ ႏိုင္ငံပိုင္ဘိ လပ္ေျမစက္႐ုံ (၃)႐ုံရွိၿပီး အဆိုပါစက္႐ုံမ်ား စက္စြမ္းအားျပည့္လည္ပတ္ပါက ဘိလပ္ေျမတန္ခ်ိန္ (၁၆) သန္းခန႔္ထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။ လက္ရွိ ျပည္တြင္း အသုံးျပဳေနသည့္ဘိလပ္ေျမသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၁ဝ) သန္းႏွင့္ (၁၁)သန္းၾကားရွိေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕တြင္သာ ျပည္ပမွတင္သြင္းေသာဘိလပ္ေျမမ်ားေၾကာင့္ ေဈးႏႈန္းမ်ားက်ဆင္းလာေသာ္လည္း နယ္ၿမိဳ႕မ်ားတြင္ေဈးႏႈန္းက်ဆင္းျခင္းမရွိဘဲ ျမင့္တက္ေနဆဲျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.