မလေးရှားနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် ၂ နာရီတိုင်း လူ တစ်ဦး သေဆုံးနေ

 348

ရောင်နီ (NP News) - မတ် ၂၂

မလေးရှားနိုင်ငံမှာ တရားဝင် စာရင်းဇယားတွေအရ ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက် အထိအတွင်း လမ်းမတော်တဆမှုတစ်ခုကြောင့် ၂ နာရီမှာ လူ ၁ ဦးနှုန်း သေဆုံးနေတယ်လို့ သိရပါတယ်။
ဒါအပြင် စက္ကန့် ၅၀ တိုင်းမှာ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားနေတယ်လို့ စာရင်းတွေအရ သိရပါတယ်။ မလေးရှား နိုင်ငံဟာ Hari Raya အားလပ်ရက်ရာသီ နီးကပ်လာချိန်နဲ့အတူ သန်းနဲ့ချီတဲ့ ပြည်သူတွေ သူတို့ရဲ့ဇာတိမြို့တွေကို ခရီးသွားတဲ့အချိန်မှာ ယာဉ်မတေယ်တဆမှုတွေ အဖြစ်များပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကက်ဘိနက်ကော်မတီရဲ့ဖော်ပြလာတဲ့ကိန်းဂဏာန်းတွေအရ မတော်တဆမှု အရေအတွက် ဟာ အဓိက ပွဲတော်တွေကျင်းပရာ နေ့ရက်တွေမှာ သိသိသာသာ မြင့်တက်လာတတ်ပြီး ပွဲတော်ကာလအတွင်း တော့ ကျဆင်းသွားတတ်ကာ ပွဲတော်ပြီးဆုံးတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့အတူ ပုံမှန်ပြန်လည် မြင့်တက်လာ တာကို တွေ့ရပါတယ်။

ကိန်းဂဏာန်းအရ ၂၀၂၄ ခုနှစ်ရဲ့ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားတဲ့ သုံးရက်ဟာ ဧပြီလ ၅ ရက် (ယာဉ်မတော်တဆ မှု ၂,၁၈၅ ခု)၊ ဧပြီ ၄ ရက် (၂,၁၆၀ ခု)၊ ဧပြီ ၆ ရက် (၂,၁၅၆ ခု)ဖြစ်ပြီး ပွဲတော်ရက်အတွင်း ခေတ္တကျဆင်းသွားပြီး နောက် ဧပြီလ ၁၅ ရက်နေ့မှာ မတော်တဆ ဖြစ်ပွားမှု ၂,၁၄၆ ခုထိ ထပ်မံမြင့်တက်ခဲ့တာ တွေ့ရပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ၂ နာရီတိုင္း လူ တစ္ဦး ေသဆုံးေန
ေရာင္နီ (NP News) - မတ္ ၂၂

မေလးရွားႏိုင္ငံမွာ တရားဝင္ စာရင္းဇယားေတြအရ ၂၀၂၄ ခုႏွစ္ မတ္လ ၁၄ ရက္မွ ၂၀၂၅ ခုႏွစ္ မတ္လ ၁၈ ရက္ အထိအတြင္း လမ္းမေတာ္တဆမႈတစ္ခုေၾကာင့္ ၂ နာရီမွာ လူ ၁ ဦးႏႈန္း ေသဆုံးေနတယ္လို႔ သိရပါတယ္။
ဒါအျပင္ စကၠန႔္ ၅၀ တိုင္းမွာ ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ပြားေနတယ္လို႔ စာရင္းေတြအရ သိရပါတယ္။ မေလးရွား ႏိုင္ငံဟာ Hari Raya အားလပ္ရက္ရာသီ နီးကပ္လာခ်ိန္နဲ႔အတူ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ သူတို႔ရဲ႕ဇာတိၿမိဳ႕ေတြကို ခရီးသြားတဲ့အခ်ိန္မွာ ယာဥ္မေတယ္တဆမႈေတြ အျဖစ္မ်ားပါတယ္။ ယာဥ္ေၾကာပိတ္ဆို႔မႈနဲ႔ လမ္းအႏၲရာယ္ ကင္းရွင္းေရးဆိုင္ရာ ကက္ဘိနက္ေကာ္မတီရဲ႕ေဖာ္ျပလာတဲ့ကိန္းဂဏာန္းေတြအရ မေတာ္တဆမႈ အေရအတြက္ ဟာ အဓိက ပြဲေတာ္ေတြက်င္းပရာ ေန႔ရက္ေတြမွာ သိသိသာသာ ျမင့္တက္လာတတ္ၿပီး ပြဲေတာ္ကာလအတြင္း ေတာ့ က်ဆင္းသြားတတ္ကာ ပြဲေတာ္ၿပီးဆုံးတာနဲ႔ ယာဥ္ေၾကာပိတ္ဆို႔မႈေတြနဲ႔အတူ ပုံမွန္ျပန္လည္ ျမင့္တက္လာ တာကို ေတြ႕ရပါတယ္။

ကိန္းဂဏာန္းအရ ၂၀၂၄ ခုႏွစ္ရဲ႕ယာဥ္တိုက္မႈ အမ်ားဆုံးျဖစ္ပြားတဲ့ သုံးရက္ဟာ ဧၿပီလ ၅ ရက္ (ယာဥ္မေတာ္တဆ မႈ ၂,၁၈၅ ခု)၊ ဧၿပီ ၄ ရက္ (၂,၁၆၀ ခု)၊ ဧၿပီ ၆ ရက္ (၂,၁၅၆ ခု)ျဖစ္ၿပီး ပြဲေတာ္ရက္အတြင္း ေခတၱက်ဆင္းသြားၿပီး ေနာက္ ဧၿပီလ ၁၅ ရက္ေန႔မွာ မေတာ္တဆ ျဖစ္ပြားမႈ ၂,၁၄၆ ခုထိ ထပ္မံျမင့္တက္ခဲ့တာ ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.