ခင်ဦးတွင် PDFကို ထောက်ခံအားမပေးသော အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

1408

ချယ်ရီ(NP News)- မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် PDFအဖွဲ့ကို မထောက်ခံဟူသောအကြောင်းပြချက်ဖြင့် ပစ်ခတ်သောကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်၊ ညနေပိုင်း (၃)နာရီအချိန်ခွဲခန့်၌ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သူ အသက်(၆၆)နှစ်အရွယ်ရှိ ဒေါ်ခင်ညွန့်သည် ကျေးရွာအနောက်ဘက်က ပဲစိုက်ခင်းတွင် အလုပ်လုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒေါ်ခင်ညွန့်ကို ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိဟူသော အကြောင်းပြချက်ဖြင့် လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသော ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် သံဃာတော်များကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ လူသားမဆန်စွာ လုပ်ကြံ၊ သတ်ဖြတ်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း နစကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ခင္ဦးတြင္ PDFကို ေထာက္ခံအားမေပးေသာ အမ်ိဳးသမီးတစ္ဦး ပစ္သတ္ခံရ
ခ်ယ္ရီ(NP News)- မတ္ ၂၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခင္ဦးၿမိဳ႕နယ္တြင္ PDFအဖြဲ႕ကို မေထာက္ခံဟူေသာအေၾကာင္းျပခ်က္ျဖင့္ ပစ္ခတ္ေသာေၾကာင့္ အမ်ိဳးသမီးႀကီးတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မတ္လ ၂၀ ရက္၊ ညေနပိုင္း (၃)နာရီအခ်ိန္ခြဲခန႔္၌ ခင္ဦးၿမိဳ႕နယ္၊ ပ်ဥ္ေထာင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္သူ အသက္(၆၆)ႏွစ္အ႐ြယ္ရွိ ေဒၚခင္ၫြန႔္သည္ ေက်း႐ြာအေနာက္ဘက္က ပဲစိုက္ခင္းတြင္ အလုပ္လုပ္ေနစဥ္ PDF အမည္ခံအၾကမ္းဖက္သမားမ်ား ေရာက္ရွိလာၿပီး ေဒၚခင္ၫြန႔္ကို ၎တို႔၏အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ေထာက္ခံအားေပးမႈမရွိဟူေသာ အေၾကာင္းျပခ်က္ျဖင့္ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ေသာေၾကာင့္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ ၿမိဳ႕၊ ႐ြာမ်ားအတြင္း ဝင္ေရာက္၍ အတင္းအဓမၼလူသစ္စုျခင္း၊ ဆက္ေၾကးေကာက္ခံျခင္းမ်ား လုပ္ေဆာင္လ်က္ရွိၿပီး ၎တို႔အလိုက် လိုက္ပါလုပ္ေဆာင္ျခင္းမရွိေသာ ေဒသခံျပည္သူမ်ား၊ အစိုးရဝန္ထမ္းမ်ားႏွင့္ သံဃာေတာ္မ်ားကို ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္၍ လူသားမဆန္စြာ လုပ္ႀကံ၊ သတ္ျဖတ္မႈမ်ားကို မၾကာခဏ လုပ္ေဆာင္လ်က္ရွိေၾကာင္း နစကထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။