မိုးရာသီတွင် ရေစီးနှုန်း သန်သော ဥရုချောင်းကို လမ်းကြောင်းလွှဲကာ ကျောက်တူးရန် စီစဉ်နေ

1945

သုတကျော် ( NP News ) မတ် -၂၂
မိုးရာသီတွင် ရေစီးနှုန်း သန်သော ဥရုချောင်းကို လမ်းကြောင်းလွှဲကာ ကျောက်တူးရန် စီစဉ်နေသည့် အတွက် လာမည့် မိုးရာသီ ကာလ တွင် ရေကြီး နစ်မြုပ်မည့် အရေးကို စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများထံ မေးမြန်း ထားသော အချက်အလက်များအရ သိရသည်။
ထိုသို့ လမ်းကြောင်းလွှဲရန် အတွက် လက်ရှိတွင် ရေထိန်း တာများ တည်ဆောက်နေရာ ယင်းလုပ်ငန်းစဉ်သည် ယခုနှစ် အစောပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယာယီ လမ်းကြောင်း လွှဲခြင်း မဟုတ်၊ မဟုတ်ကိုမူ သေချာစွာ သိရခြင်း မရှိပေ။
သို့သော် NP News သတင်းဌာန ၏ သတင်းရင်းမြစ် တစ်ဦးကမူ ယင်းမှာ ကျောက်တူး ရာသီတွင် ယာယီ လမ်းကြောင်းလွှဲခြင်းသာ ဖြစ်ပြီး ရာသီ အပြီးတွင် မူလ ချောင်းရိုးအတိုင်း ပြန်ဖွင့်ပေးဖွယ် ရှိကြောင်း ပြောသည်။
“တာကို လုပ်တာက KIA နဲ့ လုပ်ငန်းရှင်တွေ လုပ်တာပဲလေ။ အဆင်က ဘယ်လို ပြေမလဲ ထင်ရာ လုပ်နေတဲ့ ကိစ္စပဲကို။ မိုးတွင်း ရောက်ရင် ရေကြီးမယ်။ ဥရုချောင်းဘေး ဝဲ၊ ယာ တွေ ဒုက္ခရောက်မယ်ပေါ့။ ဒါတွေ ဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပိတ်ဆို့ရာတွင် ကုမ္ပဏီ နှစ်ခု က ဖားပြင်ရွာ နှင့် ဖားပြင်အောက်အနီးတို့ တွင် ခွဲကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ချောင်းကို လောလောဆယ် ရေစီးရေလာ မရှိတော့ စီးနေတဲ့ ချောင်းကို လမ်းကြောင်းလွှဲပြီး ချောင်းထဲ အကုန်လုံး ဖဲ တူးမှာပေါ့။ မိုးကျရင် အသာလေး ရေစီးသွားရုံလောက်လေး လုပ်တာ ဆိုတော့ နွံတွေက ချောင်းထဲ ပို့ပြီလေ။ ရေစီးစရာ နေရာ မရှိတော့ ချောင်းကြမ်းပြင်ကနေ အပေါ်ကို မြင့်တက်ပြီးတော့ ရွာတွေ ရေဝင်မှာလေ” ဟု ၎င်းက ဆိုသည်။
ယင်းသို့ လုပ်သည့် အတွက် လာမည့် မိုးရာသီတွင် ကျိန်းသေပေါက် ရေကြီးသည့် ဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိကြောင်း လည်း ၎င်းက သုံးသပ်သည်။
“တူးပြီး ထွက်သွားမယ်ပေါ့။ ချောင်းကြမ်းပြင်က တူးလို့ ရတဲ့ မြေစာကိုလည်း အဲဒီနားမှာတင် ဖွခဲ့မှာ ဆိုတော့ ချောင်းကြမ်းပြင်က ပြင်တော့ ရေမြုံတိုးလာတော့ ချောင်းနဲ့ မဆန့်ပဲ လျှံပြီးတော့ ဘေးနားက ဖားပြင် ရွာတို့ တခြား ရွာတွေကို ဝင်မှာပေါ့” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
မိုးရာသီတြင္ ေရစီးႏႈန္း သန္ေသာ ဥ႐ုေခ်ာင္းကို လမ္းေၾကာင္းလႊဲကာ ေက်ာက္တူးရန္ စီစဥ္ေန
သုတေက်ာ္ ( NP News ) မတ္ -၂၂
မိုးရာသီတြင္ ေရစီးႏႈန္း သန္ေသာ ဥ႐ုေခ်ာင္းကို လမ္းေၾကာင္းလႊဲကာ ေက်ာက္တူးရန္ စီစဥ္ေနသည့္ အတြက္ လာမည့္ မိုးရာသီ ကာလ တြင္ ေရႀကီး နစ္ျမဳပ္မည့္ အေရးကို စိုးရိမ္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားထံ ေမးျမန္း ထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ထိုသို႔ လမ္းေၾကာင္းလႊဲရန္ အတြက္ လက္ရွိတြင္ ေရထိန္း တာမ်ား တည္ေဆာက္ေနရာ ယင္းလုပ္ငန္းစဥ္သည္ ယခုႏွစ္ အေစာပိုင္းက စတင္ခဲ့ျခင္း ျဖစ္ၿပီး ယာယီ လမ္းေၾကာင္း လႊဲျခင္း မဟုတ္၊ မဟုတ္ကိုမူ ေသခ်ာစြာ သိရျခင္း မရွိေပ။
သို႔ေသာ္ NP News သတင္းဌာန ၏ သတင္းရင္းျမစ္ တစ္ဦးကမူ ယင္းမွာ ေက်ာက္တူး ရာသီတြင္ ယာယီ လမ္းေၾကာင္းလႊဲျခင္းသာ ျဖစ္ၿပီး ရာသီ အၿပီးတြင္ မူလ ေခ်ာင္း႐ိုးအတိုင္း ျပန္ဖြင့္ေပးဖြယ္ ရွိေၾကာင္း ေျပာသည္။
“တာကို လုပ္တာက KIA နဲ႔ လုပ္ငန္းရွင္ေတြ လုပ္တာပဲေလ။ အဆင္က ဘယ္လို ေျပမလဲ ထင္ရာ လုပ္ေနတဲ့ ကိစၥပဲကို။ မိုးတြင္း ေရာက္ရင္ ေရႀကီးမယ္။ ဥ႐ုေခ်ာင္းေဘး ဝဲ၊ ယာ ေတြ ဒုကၡေရာက္မယ္ေပါ့။ ဒါေတြ ျဖစ္မွာေပါ့” ဟု ၎က ဆိုသည္။
ထိုသို႔ ပိတ္ဆို႔ရာတြင္ ကုမၸဏီ ႏွစ္ခု က ဖားျပင္႐ြာ ႏွင့္ ဖားျပင္ေအာက္အနီးတို႔ တြင္ ခြဲကာ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
“ေခ်ာင္းကို ေလာေလာဆယ္ ေရစီးေရလာ မရွိေတာ့ စီးေနတဲ့ ေခ်ာင္းကို လမ္းေၾကာင္းလႊဲၿပီး ေခ်ာင္းထဲ အကုန္လုံး ဖဲ တူးမွာေပါ့။ မိုးက်ရင္ အသာေလး ေရစီးသြား႐ုံေလာက္ေလး လုပ္တာ ဆိုေတာ့ ႏြံေတြက ေခ်ာင္းထဲ ပို႔ၿပီေလ။ ေရစီးစရာ ေနရာ မရွိေတာ့ ေခ်ာင္းၾကမ္းျပင္ကေန အေပၚကို ျမင့္တက္ၿပီးေတာ့ ႐ြာေတြ ေရဝင္မွာေလ” ဟု ၎က ဆိုသည္။
ယင္းသို႔ လုပ္သည့္ အတြက္ လာမည့္ မိုးရာသီတြင္ က်ိန္းေသေပါက္ ေရႀကီးသည့္ ဒဏ္ကို ရင္ဆိုင္ရဖြယ္ ရွိေၾကာင္း လည္း ၎က သုံးသပ္သည္။
“တူးၿပီး ထြက္သြားမယ္ေပါ့။ ေခ်ာင္းၾကမ္းျပင္က တူးလို႔ ရတဲ့ ေျမစာကိုလည္း အဲဒီနားမွာတင္ ဖြခဲ့မွာ ဆိုေတာ့ ေခ်ာင္းၾကမ္းျပင္က ျပင္ေတာ့ ေရၿမဳံတိုးလာေတာ့ ေခ်ာင္းနဲ႔ မဆန႔္ပဲ လွ်ံၿပီးေတာ့ ေဘးနားက ဖားျပင္ ႐ြာတို႔ တျခား ႐ြာေတြကို ဝင္မွာေပါ့” ဟု ၎က ဆိုသည္။