မြောက်ကိုရီးယားက ကမ္ဘာ့တတိယမြောက်အကြီးဆုံး bitcoin ကိုင်ဆောင်ထားသည့်နိုင်ငံ ဖြစ်နေဟုဆို

 10221

Pika (NP News) - မတ် ၂၂

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး bitcoin ကိုင်ဆောင်ထားသည့် နိုင်ငံဖြစ် နိုင်ဖွယ်ရှိကြောင်း The Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် ဒေါ်လာ(၁ ဒသမ ၅) ဘီလျံတန်ဖိုးရှိ ဒီဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှု ခိုးယူမှုကို ကြိုးကိုင်ထားသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားငွေ ကြေးဝင်ငွေများသည် အန္တရာယ်ရှိသော ဆိုက်ဘာ လုပ်ဆောင်မှုများမှလာခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုတွင် ၎င်း၏ပါဝင်မှုကို ဆယ်စုနှစ်များစွာ အဟန့်အတားဖြစ် စေခဲ့သော တင်းကြပ်သည့် စီးပွားရေးပိတ်ဆို့မှုများကိုရင်ဆိုင်ခဲ့ရသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ထို့ပြင် ၎င်း၏ ကာကွယ်ရေးပရိုဂရမ်များအတွက် အရင်းအမြစ်များရရှိစေရန် မြောက်ကိုရီးယားသည် ပိတ်ဆို့အရေးယူမှု ဒဏ်များကို ခံနိုင်ရည်ရှိစေရန် ဒီဂျစ်တယ်ငွေကြေး အပါအဝင် ဆန်းသစ်သော နည်းဗျူဟာများကို အသုံးပြုခဲ့ ကြောင်း သိရသည်။
မြောက်ကိုရီးယားနှင့်ပတ်သက်သည့် အဆိုပါအဆင့်သတ်မှတ်ချက်သည် အမည်မသိ ဒီဂျစ်တယ် ငွေကြေးပိုက်ဆံ အိတ်များ၏ ပိုင်ဆိုင်သူကိုခြေရာခံရန် AI နည်းပညာကို အသုံးပြုသည့်ကုမ္ပဏီတစ်ခုဖြစ်သော Arkham Intell­igence ၏ ခွဲခြမ်းစိတ်ဖြာမှုများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားအစိုးရနှင့် ချိတ်ဆက်မှုများရှိသည်ဟု စွပ်စွဲခံထားရသော Lazarus Group သည် အမေရိကန်ဒေါ်လာ (၁ ဒသမ ၂) ဘီလျံ တန်ဖိုးရှိ bitcoin များကို ကိုင် ဆောင်ထားသည်ဟု Arkham Intelligence ကုမ္ပဏီက ခန့်မှန်းထားသည်။ နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်၏ bitcoin ပိုင်ဆိုင်မှုသည် အမေရိ ကန်ဒေါ်လာ(၁၇)ဘီလျံကျော်တန်ဖိုးရှိပြီး ဗြိတိန်၏ bitcoin ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ (၅)ဘီလျံကျော် တန်ဖိုးရှိကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ကိုရီးယားက ကမာၻ႔တတိယေျမာက္အႀကီးဆုံး bitcoin ကိုင္ေဆာင္ထားသည့္ႏိုင္ငံ ျဖစ္ေနဟုဆို
Pika (NP News) - မတ္ ၂၂

ေျမာက္ကိုရီးယားႏိုင္ငံသည္ ကမာၻေပၚတြင္ တတိယေျမာက္အႀကီးဆုံး bitcoin ကိုင္ေဆာင္ထားသည့္ ႏိုင္ငံျဖစ္ ႏိုင္ဖြယ္ရွိေၾကာင္း The Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ အေမရိကန္ ေဒၚလာ(၁ ဒသမ ၅) ဘီလ်ံတန္ဖိုးရွိ ဒီဂ်စ္တယ္ေငြေၾကးပိုင္ဆိုင္မႈ ခိုးယူမႈကို ႀကိဳးကိုင္ထားသည္ဟု အေမရိကန္က စြပ္စြဲေျပာဆိုခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံ၏ ႏိုင္ငံျခားေငြ ေၾကးဝင္ေငြမ်ားသည္ အႏၲရာယ္ရွိေသာ ဆိုက္ဘာ လုပ္ေဆာင္မႈမ်ားမွလာျခင္းျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ေျမာက္ကိုရီးယားႏိုင္ငံသည္ ႏိုင္ငံတကာကုန္သြယ္မႈတြင္ ၎၏ပါဝင္မႈကို ဆယ္စုႏွစ္မ်ားစြာ အဟန႔္အတားျဖစ္ ေစခဲ့ေသာ တင္းၾကပ္သည့္ စီးပြားေရးပိတ္ဆို႔မႈမ်ားကိုရင္ဆိုင္ခဲ့ရသည့္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။ ထို႔ျပင္ ၎၏ ကာကြယ္ေရးပ႐ိုဂရမ္မ်ားအတြက္ အရင္းအျမစ္မ်ားရရွိေစရန္ ေျမာက္ကိုရီးယားသည္ ပိတ္ဆို႔အေရးယူမႈ ဒဏ္မ်ားကို ခံႏိုင္ရည္ရွိေစရန္ ဒီဂ်စ္တယ္ေငြေၾကး အပါအဝင္ ဆန္းသစ္ေသာ နည္းဗ်ဴဟာမ်ားကို အသုံးျပဳခဲ့ ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏွင့္ပတ္သက္သည့္ အဆိုပါအဆင့္သတ္မွတ္ခ်က္သည္ အမည္မသိ ဒီဂ်စ္တယ္ ေငြေၾကးပိုက္ဆံ အိတ္မ်ား၏ ပိုင္ဆိုင္သူကိုေျခရာခံရန္ AI နည္းပညာကို အသုံးျပဳသည့္ကုမၸဏီတစ္ခုျဖစ္ေသာ Arkham Intell­igence ၏ ခြဲျခမ္းစိတ္ျဖာမႈမ်ားမွ ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ေျမာက္ကိုရီးယားအစိုးရႏွင့္ ခ်ိတ္ဆက္မႈမ်ားရွိသည္ဟု စြပ္စြဲခံထားရေသာ Lazarus Group သည္ အေမရိကန္ေဒၚလာ (၁ ဒသမ ၂) ဘီလ်ံ တန္ဖိုးရွိ bitcoin မ်ားကို ကိုင္ ေဆာင္ထားသည္ဟု Arkham Intelligence ကုမၸဏီက ခန႔္မွန္းထားသည္။ ႏႈိင္းယွဥ္မည္ဆိုပါက အေမရိကန္၏ bitcoin ပိုင္ဆိုင္မႈသည္ အေမရိ ကန္ေဒၚလာ(၁၇)ဘီလ်ံေက်ာ္တန္ဖိုးရွိၿပီး ၿဗိတိန္၏ bitcoin ပိုင္ဆိုင္မႈမွာ အေမရိကန္ ေဒၚလာ (၅)ဘီလ်ံေက်ာ္ တန္ဖိုးရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.