ရုရှား၊ ဘီလာရုစ် နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများ ဖြန့်ကြက်ချထားမည်ဟု ပိုလန်ကြေညာ

58

Pika (NP News) - မတ် ၂၃
ယခင်က ပိုလန်နိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသော မြေမြှုပ်မိုင်းများကို ရုရှား၊ ဘီလာရုစ်နိုင်ငံ တို့နှင့်ထိစပ် နေသော နယ်စပ်တစ်လျှောက်တွင် ဖြန့်ကြက်ချထားမည့်အစီအစဉ်များကို ပိုလန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ ကြောင်းသိရသည်။ ရုရှားနိုင်ငံ၏ အလားအလာရှိသော တိုက်ခိုက်မှုများနှင့်ပတ်သက်သည့်စိုးရိမ်မှုများကို ကိုးကားပြီး ပိုလန်အစိုးရက အဆို ပါ အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရုရှားအစိုးရက ၎င်းတို့အနေဖြင့် ဥရောပသမဂ္ဂ သို့မဟုတ် နေတိုးအဖွဲ့ဝင်နိုင်ငံ များကိုတိုက် ခိုက်ရန် ရည်ရွယ်ချက်များမရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ယခုသီတင်းပတ်အစော ပိုင်းတွင် နေတိုးအဖွဲ့၏ အရှေ့ဥရောပအဖွဲ့ဝင်နိုင်ငံ များဖြစ်သော ပိုလန်၊ လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့သည် ၎င်းတို့အားလုံး ပါဝင်လက်မှတ်ရေးထိုးထားသော anti-personnel mines (မြေမြှုပ်မိုင်း)များကို အသုံးပြုခြင်းကို တား မြစ်ထားသည့် Ottawa စာချုပ်မှနုတ်ထွက်ရန် အဆိုပြုချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။ ပိုလန် အစိုးရသည် ရုရှား၊ ဘီလာရုစ်နိုင်ငံတို့နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ဖြန့်ကြက်ချ ထားရန် စီစဉ်နေကြောင်း ပိုလန်ကာ ကွယ်ရေးဒုဝန်ကြီး ပါဝဲလ်ဘီဒါက ထုတ်ပြန်ပြောဆိုခဲ့ သည်။
အဆိုပါဖြန့်ကြက်ချထားမှုသည် ‘Eastern Shield’ ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပါဝဲလ်ဘီဒါက ထပ်မံပြောဆိုခဲ့သည်။ ပါဝဲလ်ဘီဒါက “ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ ဒီအစီအစဉ်က ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းကို မြေမြှုပ် မိုင်းအသစ်တွေ(၁)သန်းအထိ ထုတ်လုပ်နိုင်လိမ့်မယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ပိုလန်အစိုးရသည် တင့်ကားအတား အဆီးများနှင့်ခံစစ်နေရာများအပါအဝင် ၎င်း၏နယ်နိ မိတ်ခံတပ် များကို အရှိန်မြှင့်တင်မည့် အစီအစဉ်များ ကိုလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Zawgyi Version:
႐ုရွား၊ ဘီလာ႐ုစ္ နယ္စပ္တစ္ေလွ်ာက္ ေျမျမႇဳပ္မိုင္းမ်ား ျဖန႔္ၾကက္ခ်ထားမည္ဟု ပိုလန္ေၾကညာ
Pika (NP News) - မတ္ ၂၃
ယခင္က ပိုလန္ႏိုင္ငံတြင္ တားျမစ္ပိတ္ပင္ထားေသာ ေျမျမႇဳပ္မိုင္းမ်ားကို ႐ုရွား၊ ဘီလာ႐ုစ္ႏိုင္ငံ တို႔ႏွင့္ထိစပ္ ေနေသာ နယ္စပ္တစ္ေလွ်ာက္တြင္ ျဖန႔္ၾကက္ခ်ထားမည့္အစီအစဥ္မ်ားကို ပိုလန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံ၏ အလားအလာရွိေသာ တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္သည့္စိုးရိမ္မႈမ်ားကို ကိုးကားၿပီး ပိုလန္အစိုးရက အဆို ပါ အစီအစဥ္ကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း ႐ုရွားအစိုးရက ၎တို႔အေနျဖင့္ ဥေရာပသမဂၢ သို႔မဟုတ္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ မ်ားကိုတိုက္ ခိုက္ရန္ ရည္႐ြယ္ခ်က္မ်ားမရွိေၾကာင္း အႀကိမ္ႀကိမ္ေျပာဆိုခဲ့သည္။ ယခုသီတင္းပတ္အေစာ ပိုင္းတြင္ ေနတိုးအဖြဲ႕၏ အေရွ႕ဥေရာပအဖြဲ႕ဝင္ႏိုင္ငံ မ်ားျဖစ္ေသာ ပိုလန္၊ လတ္ဗီးယား၊ အက္စတိုးနီးယားႏွင့္ လစ္သူေယးနီးယားႏိုင္ငံတို႔သည္ ၎တို႔အားလုံး ပါဝင္လက္မွတ္ေရးထိုးထားေသာ anti-personnel mines (ေျမျမႇဳပ္မိုင္း)မ်ားကို အသုံးျပဳျခင္းကို တား ျမစ္ထားသည့္ Ottawa စာခ်ဳပ္မွႏုတ္ထြက္ရန္ အဆိုျပဳခ်က္တစ္ခုကို ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းသိရသည္။ ပိုလန္ အစိုးရသည္ ႐ုရွား၊ ဘီလာ႐ုစ္ႏိုင္ငံတို႔ႏွင့္ ထိစပ္ေနေသာ နယ္စပ္တစ္ေလွ်ာက္တြင္ ေျမျမႇဳပ္မိုင္းမ်ား ျဖန႔္ၾကက္ခ် ထားရန္ စီစဥ္ေနေၾကာင္း ပိုလန္ကာ ကြယ္ေရးဒုဝန္ႀကီး ပါဝဲလ္ဘီဒါက ထုတ္ျပန္ေျပာဆိုခဲ့ သည္။
အဆိုပါျဖန႔္ၾကက္ခ်ထားမႈသည္ ‘Eastern Shield’ ပေရာဂ်က္၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း ပါဝဲလ္ဘီဒါက ထပ္မံေျပာဆိုခဲ့သည္။ ပါဝဲလ္ဘီဒါက “ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာမရွိပါဘူး။ ဒီအစီအစဥ္က ပိုလန္ႏိုင္ငံရဲ႕ ကာကြယ္ေရးလုပ္ငန္းကို ေျမျမႇဳပ္ မိုင္းအသစ္ေတြ(၁)သန္းအထိ ထုတ္လုပ္ႏိုင္လိမ့္မယ္”ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ပိုလန္အစိုးရသည္ တင့္ကားအတား အဆီးမ်ားႏွင့္ခံစစ္ေနရာမ်ားအပါအဝင္ ၎၏နယ္နိ မိတ္ခံတပ္ မ်ားကို အရွိန္ျမႇင့္တင္မည့္ အစီအစဥ္မ်ား ကိုလည္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။