အစ္စရေးပြည်တွင်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲကို ရာထူးမှ ထုတ်ပယ်

94

ဂျန်ဇက် (NP News) - မတ် ၂၃
အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ပျက်စီးပြီးနောက် အပြန်အလှန် တိုက်ခိုက်မှု များဖြစ်ပွားနေချိန်တွင် အစ္စရေးဝန်ကြီး ချုပ်နေတန်ရာဟုက ပြည်တွင်းထောက်လှမ်းရေး အဖွဲ့ရှင်ဘတ် အဖွဲ့အကြီးအကဲကို ယုံကြည်မှုမရှိသည့်အတွက် မတ်လ(၂၁)ရက်တွင် ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။
ရှင်ဘတ်အဖွဲ့အကြီးအကဲသည် (၂၀၂၃) ခုနှစ် အောက်တိုဘာလ(၇)ရက်ကဖြစ်ပွားခဲ့သော ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို ကြိုတင်တားဆီးနိုင် ရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရသူဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ်ရုံးက “အစ္စရေးအစိုးရအဖွဲ့ဟာ ရှင်ဘတ်အဖွဲ့အကြီးကို ရာထူးကထုတ်ပယ်ဖို့ တောင်းဆိုနေတဲ့ အစ္စရေးဝန်ကြီးချုပ်ရဲ့အဆိုပြုတောင်းဆိုချက်တွေကို အတည်ပြုပေးလိုက်တယ်” ဟု ပြောသည်။
ရှင်းဘတ်အဖွဲ့အကြီးအကဲဖြစ်သူ ရိုနန်ဘား နေရာကို ဧပြီ(၁၀)ရက်မတိုင်ခင် အစားထိုးခန့်အပ်ဖွယ် ရှိနေကြောင်း အစ္စရေးအစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ နေတန်ရာဟုက (၁၉၉၃) ခုနှစ်ကတည်းက ရှင်ဘတ်အဖွဲ့ တွင် ပူးပေါင်းပါဝင်လာခဲ့သော ရိုနန်ဘာကို ယုံကြည်မှုမရှိတော့ကြောင်း ပြီးခဲ့သော ရက်ပိုင်းတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ရိုနန်ဘားသည် လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းမကုန်ဆုံးခင် ရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှုမဖြစ်ပွားခင်အချိန်ကတည်းက နေတန်ရာဟု နှင့် ရိုနန်ဘားတို့၏ဆက်ဆံရေးတို့အေးစက်ခဲ့ပြီး အစ္စရေးနိုင်ငံ၏တရားရေးစနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများနှင့် ပတ် သက်ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ ခြင်းဖြစ်သည်။ ရိုနန်ဘားသည် ပြီးခဲ့သည့်မတ်လ (၄) ရက်တွင် ဟားမတ်စ်အဖွဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ရာ အစ္စရေးဝန်ကြီးချုပ်နှင့် ရိုနန်ဘားကြားဆက်ဆံရေး ပိုမို ဆိုးရွားခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံတွင် ဟားမတ်စ်အဖွဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့ပြီးနောက် ဝန်ကြီးချုပ် နေတန်ရာ ဟုသည် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအပါအဝင် အစ္စရေးအစိုးရအဖွဲ့တာဝန်ရှိ သူများကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အစၥေရးျပည္တြင္းေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲကို ရာထူးမွ ထုတ္ပယ္
ဂ်န္ဇက္ (NP News) - မတ္ ၂၃
အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရး ပ်က္စီးၿပီးေနာက္ အျပန္အလွန္ တိုက္ခိုက္မႈ မ်ားျဖစ္ပြားေနခ်ိန္တြင္ အစၥေရးဝန္ႀကီး ခ်ဳပ္ေနတန္ရာဟုက ျပည္တြင္းေထာက္လွမ္းေရး အဖြဲ႕ရွင္ဘတ္ အဖြဲ႕အႀကီးအကဲကို ယုံၾကည္မႈမရွိသည့္အတြက္ မတ္လ(၂၁)ရက္တြင္ ရာထူးမွထုတ္ပယ္လိုက္ေၾကာင္း သိရသည္။
ရွင္ဘတ္အဖြဲ႕အႀကီးအကဲသည္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ကျဖစ္ပြားခဲ့ေသာ ဟားမတ္စ္အဖြဲ႕၏ တိုက္ခိုက္မႈကို ႀကိဳတင္တားဆီးႏိုင္ ရန္ပ်က္ကြက္ခဲ့ျခင္းေၾကာင့္ ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ေနရသူျဖစ္သည္။ အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက “အစၥေရးအစိုးရအဖြဲ႕ဟာ ရွင္ဘတ္အဖြဲ႕အႀကီးကို ရာထူးကထုတ္ပယ္ဖို႔ ေတာင္းဆိုေနတဲ့ အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕အဆိုျပဳေတာင္းဆိုခ်က္ေတြကို အတည္ျပဳေပးလိုက္တယ္” ဟု ေျပာသည္။
ရွင္းဘတ္အဖြဲ႕အႀကီးအကဲျဖစ္သူ ႐ိုနန္ဘား ေနရာကို ဧၿပီ(၁၀)ရက္မတိုင္ခင္ အစားထိုးခန႔္အပ္ဖြယ္ ရွိေနေၾကာင္း အစၥေရးအစိုးရအဖြဲ႕႐ုံးက သတင္းထုတ္ျပန္ထားသည္။ ေနတန္ရာဟုက (၁၉၉၃) ခုႏွစ္ကတည္းက ရွင္ဘတ္အဖြဲ႕ တြင္ ပူးေပါင္းပါဝင္လာခဲ့ေသာ ႐ိုနန္ဘာကို ယုံၾကည္မႈမရွိေတာ့ေၾကာင္း ၿပီးခဲ့ေသာ ရက္ပိုင္းတြင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ႐ိုနန္ဘားသည္ လာမည့္ႏွစ္တြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္ရာ သက္တမ္းမကုန္ဆုံးခင္ ရာထူးမွ ထုတ္ပယ္ခံရျခင္းျဖစ္သည္။ အစၥေရးႏိုင္ငံကို ဟားမတ္စ္အဖြဲ႕တိုက္ခိုက္မႈမျဖစ္ပြားခင္အခ်ိန္ကတည္းက ေနတန္ရာဟု ႏွင့္ ႐ိုနန္ဘားတို႔၏ဆက္ဆံေရးတို႔ေအးစက္ခဲ့ၿပီး အစၥေရးႏိုင္ငံ၏တရားေရးစနစ္ျပဳျပင္ေျပာင္းလဲရန္ ႀကိဳးပမ္းမႈမ်ားႏွင့္ ပတ္ သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္လာခဲ့ ျခင္းျဖစ္သည္။ ႐ိုနန္ဘားသည္ ၿပီးခဲ့သည့္မတ္လ (၄) ရက္တြင္ ဟားမတ္စ္အဖြဲ႕ တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး သတင္းထုတ္ျပန္ခဲ့ရာ အစၥေရးဝန္ႀကီးခ်ဳပ္ႏွင့္ ႐ိုနန္ဘားၾကားဆက္ဆံေရး ပိုမို ဆိုး႐ြားခဲ့ေၾကာင္း သိရသည္။
အစၥေရးႏိုင္ငံတြင္ ဟားမတ္စ္အဖြဲ႕ တိုက္ခိုက္ခံရမႈျဖစ္စဥ္ျဖစ္ပြားလာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ေနတန္ရာ ဟုသည္ ျပည္တြင္းေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲအပါအဝင္ အစၥေရးအစိုးရအဖြဲ႕တာဝန္ရွိ သူမ်ားကို ရာထူးမွ ထုတ္ပယ္ခဲ့ေၾကာင္းသိရသည္။