နိုင်ငံ့ GDP ဒေါ်လာ(၈၁)ဘီလျံရရှိရန် နစကဥက္ကဋ္ဌ မျှော်မှန်း

173

သန့်ဇင် (NP News) မတ်- ၂၃
လာမည့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ GDP ကို အမေရိကန်ဒေါ်လာ (၈၁)ဘီလျံနီးပါးရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌက မတ်လ (၂၁)ရက် နံနက် ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-(၁)တွင် ကျင်းပပြုလုပ်သော “(၂၀၂၅)အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ”အမည်ဖြင့် သုံးသပ်ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် အိန္ဒိယနိုင်ငံ၊ တရုတ် နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတို့၏ ဆုံချက်နေ ရာဖြစ်နေကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“အဲဒီဒေသမှာ ကျွန်တော်တို့နိုင်ငံဟာ ဆုံ ချက်တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ လူဦးရေကို ကြည့်ရင်လည်း (၄)ဘီလျံနီးပါးလောက် သူတို့ဟာ အသက်ရှင်ဖို့အတွက် စားဝတ်နေရေးဆိုတာကို ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်နေရတဲ့ နိုင်ငံတွေဖြစ်ပါ တယ်။ အဲဒါကြောင့် ပထဝီအနေအထားနဲ့ကြည့် လိုက်ရင်ပဲ မြန်မာနိုင်ငံကနေ အဲဒီနိုင်ငံတွေကို စားနပ် ရိက္ခာဖူလုံအောင်ဆောင်ရွက်ပေးနိုင်မယ်။ နောက် တစ်ခါကုန်စည်စီးဆင်းမှုတွေကို ဆောင်ရွက်ပေးနိုင် မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ ဘယ်လိုဖြစ် ဖြစ်အကျိုးရှိလာမှာဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုများလို့ အသွားအလာများ ရင်တော့ ခရီးသွားလုပ်ငန်းတွေပါ ကျွန်တော်တို့ပိုများလာမယ့် သဘောရှိပါတယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စီးပွားရေး အရမြှင့်တင်ရန် မလွဲမသွေလုပ်ကိုင်ရန်လိုအပ်ပြီး စီးပွားရေးအရ မြှင့်တင်ရာတွင် နိုင်ငံသားများအနေဖြင့် အလုပ်လုပ်ရန်လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ဘီလျံ(၆၀)နှင့်(၇၀) ကြားတွင် ရှိခဲ့ပြီး လာမည့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ(၈၁)ဘီလျံ ကျော်အထိရရှိရန် မျှော်မှန်းထားကြောင်း လည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ GDP ဟာ ဘီလျံ(၆၀)နဲ့(၇၀)ကြားထဲမှာရှိပါတယ်။ လာမယ့်နှစ် (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်မှာတော့ (၈၁)ဘီလျံ လောက်အထိမျှော်မှန်းပြီး ကျွန်တော်တို့လုပ်နေပါတယ်။ ဒါပေမဲ့ အိမ်နီးနားချင်းနိုင်ငံနဲ့ ယှဉ်လိုက်ရင် ထိုင်းနိုင်ငံက ဘီလျံ(၅၀ဝ)ကျော် GDP ရှိပါတယ်။ ဘင်္ဂလား ဒေ့ရှ်မှာက ဘီလျံ(၄၀ဝ)ကျော် GDP ရှိပါ တယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
နိုင်ငံတော်၏ GDP သည် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအပေါ်တွင် မူတည် တွက်ချက် ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့နှင့် လယ်ယာကဏ္ဍတစ်ခုတည်းသာ နှိုင်းယှဉ်ပါက များစွာသာလွန် ကောင်းမွန်နေကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
“တခြားနိုင်ငံတွေနဲ့ လယ်ယာကဏ္ဍတစ် ခုတည်းနဲ့နှိုင်းယှဉ်လို့ရှိရင် ကျွန်တော်တို့က အများကြီး အားသာနေ တာကိုတွေ့တယ်။ ဒါဟာ ကျွန်တော် တို့အတွက် တကယ့်စိန်ခေါ်မှုပါ။ ကျွန်တော်တို့ဟာ မိရိုးဖလာအားဖြင့် လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ လယ်ယာကဏ္ဍနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အားသွန်ခွန်စိုက်လုပ်ဖို့လိုပါတယ်”ဟု နစကဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

Zawgyi Version:
ႏိုင္ငံ့ GDP ေဒၚလာ(၈၁)ဘီလ်ံရရွိရန္ နစကဥကၠ႒ ေမွ်ာ္မွန္း
သန႔္ဇင္ (NP News) မတ္- ၂၂
လာမည့္ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံ၏ GDP ကို အေမရိကန္ေဒၚလာ (၈၁)ဘီလ်ံနီးပါးရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒က မတ္လ (၂၁)ရက္ နံနက္ ပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္း ဗဟိုဌာန-(၁)တြင္ က်င္းပျပဳလုပ္ေသာ “(၂၀၂၅)အလြန္ ဗဟုဝင္႐ိုးကမာၻတြင္ ျမန္မာႏိုင္ငံ ႀကဳံေတြ႕လာရမည့္ စိန္ေခၚမႈ မ်ားႏွင့္ အခြင့္အလမ္းမ်ား”အမည္ျဖင့္ သုံးသပ္ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေဆြးေႏြးေျပာၾကား ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ ေဆြးေႏြးပြဲတြင္ ျမန္မာႏိုင္ငံ၏ ပထဝီဝင္အေနအထားသည္ အိႏၵိယႏိုင္ငံ၊ တ႐ုတ္ ႏိုင္ငံႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံတို႔၏ ဆုံခ်က္ေန ရာျဖစ္ေနေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။
“အဲဒီေဒသမွာ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဆုံ ခ်က္တစ္ခုျဖစ္ေနတာကို ေတြ႕ရပါတယ္။ လူဦးေရကို ၾကည့္ရင္လည္း (၄)ဘီလ်ံနီးပါးေလာက္ သူတို႔ဟာ အသက္ရွင္ဖို႔အတြက္ စားဝတ္ေနေရးဆိုတာကို ဘယ္လိုပဲျဖစ္ျဖစ္ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတြျဖစ္ပါ တယ္။ အဲဒါေၾကာင့္ ပထဝီအေနအထားနဲ႔ၾကည့္ လိုက္ရင္ပဲ ျမန္မာႏိုင္ငံကေန အဲဒီႏိုင္ငံေတြကို စားနပ္ ရိကၡာဖူလုံေအာင္ေဆာင္႐ြက္ေပးႏိုင္မယ္။ ေနာက္ တစ္ခါကုန္စည္စီးဆင္းမႈေတြကို ေဆာင္႐ြက္ေပးႏိုင္ မယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဘယ္လိုျဖစ္ ျဖစ္အက်ိဳးရွိလာမွာျဖစ္ပါတယ္။ ကုန္စည္စီးဆင္းမႈမ်ားလို႔ အသြားအလာမ်ား ရင္ေတာ့ ခရီးသြားလုပ္ငန္းေတြပါ ကြၽန္ေတာ္တို႔ပိုမ်ားလာမယ့္ သေဘာရွိပါတယ္”ဟု နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ စီးပြားေရး အရျမႇင့္တင္ရန္ မလြဲမေသြလုပ္ကိုင္ရန္လိုအပ္ၿပီး စီးပြားေရးအရ ျမႇင့္တင္ရာတြင္ ႏိုင္ငံသားမ်ားအေနျဖင့္ အလုပ္လုပ္ရန္လိုအပ္ေၾကာင္းလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဘ႑ာႏွစ္က ျမန္မာႏိုင္ငံ၏ GDP သည္ အေမရိကန္ေဒၚလာ ဘီလ်ံ(၆၀)ႏွင့္(၇၀) ၾကားတြင္ ရွိခဲ့ၿပီး လာမည့္ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ(၈၁)ဘီလ်ံ ေက်ာ္အထိရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း လည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံရဲ႕ GDP ဟာ ဘီလ်ံ(၆၀)နဲ႔(၇၀)ၾကားထဲမွာရွိပါတယ္။ လာမယ့္ႏွစ္ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္မွာေတာ့ (၈၁)ဘီလ်ံ ေလာက္အထိေမွ်ာ္မွန္းၿပီး ကြၽန္ေတာ္တို႔လုပ္ေနပါတယ္။ ဒါေပမဲ့ အိမ္နီးနားခ်င္းႏိုင္ငံနဲ႔ ယွဥ္လိုက္ရင္ ထိုင္းႏိုင္ငံက ဘီလ်ံ(၅၀ဝ)ေက်ာ္ GDP ရွိပါတယ္။ ဘဂၤလား ေဒ့ရွ္မွာက ဘီလ်ံ(၄၀ဝ)ေက်ာ္ GDP ရွိပါ တယ္”ဟု နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္၏ GDP သည္ လယ္ယာက႑၊ စက္မႈက႑ႏွင့္ ဝန္ေဆာင္မႈက႑မ်ားအေပၚတြင္ မူတည္ တြက္ခ်က္ ျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံႏွင့္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံတို႔ႏွင့္ လယ္ယာက႑တစ္ခုတည္းသာ ႏႈိင္းယွဥ္ပါက မ်ားစြာသာလြန္ ေကာင္းမြန္ေနေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
“တျခားႏိုင္ငံေတြနဲ႔ လယ္ယာက႑တစ္ ခုတည္းနဲ႔ႏႈိင္းယွဥ္လို႔ရွိရင္ ကြၽန္ေတာ္တို႔က အမ်ားႀကီး အားသာေန တာကိုေတြ႕တယ္။ ဒါဟာ ကြၽန္ေတာ္ တို႔အတြက္ တကယ့္စိန္ေခၚမႈပါ။ ကြၽန္ေတာ္တို႔ဟာ မိ႐ိုးဖလာအားျဖင့္ လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး လုပ္ငန္းကို လုပ္ကိုင္ၾကတဲ့ႏိုင္ငံျဖစ္ပါတယ္။ အဲဒီေတာ့ လယ္ယာက႑နဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အားသြန္ခြန္စိုက္လုပ္ဖို႔လိုပါတယ္”ဟု နစကဥကၠ႒ က ေျပာၾကားခဲ့သည္။