စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးမှုများကို တိုးမြှင့်ရန်နှင့် ရုရှားအပေါ် ဆက်လက်ဖိအားပေးရန် ဥရောပသမဂ္ဂကို ယူကရိန်းသမ္မတ တောင်းဆို

103

Pika (NP News) - မတ် ၂၃
ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများအား တိုးမြှင့်ရန်နှင့် ရုရှားအပေါ် ဆက်လက်ဖိအားပေးရန် ဥရောပသမဂ္ဂခေါင်းဆောင်များကို ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကြိုးပမ်းမှုတွင် ရုရှားနှင့် ရှေ့တိုး ဆောင်ရွက်မှုများကို လုပ်ဆောင်နေမှုနှင့်အတူ ဥရောပသမဂ္ဂသည် ရလဒ်များနှင့်ပတ်သက်ပြီး ချိန်ဆမှုများ လုပ်ဆောင်နေရကြောင်းလည်း သိရသည်။
ရုရှားသမ္မတပူတင်သည် စွမ်းအင်နှင့်အခြေခံအဆောက်အဦးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဒေါ်နယ်ထရမ့် နှင့် သဘောတူညီခဲ့သော်လည်း ယူကရိန်း၏ စွမ်းအင်စနစ်ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဇီလန်စကီးက ပြောကြားခဲ့သည်။ ဇီလန်စကီးက “ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားရဲ့နောက်ထပ်တိုက်ခိုက်မှုတစ်ခုက ကျွန်တော်တို့ရဲ့စွမ်းအင်အခြေခံအဆောက်အဦးကို ထိမှန်သွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပူတင်က ပြောဆိုထားပေမယ့်လည်း ဘာမှပြောင်းလဲတာတော့ မရှိသေးပါဘူး” ဟု ပြောခဲ့သည်။
ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများကို တိုးမြှင့်ရန် နှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်လုပ်ဆောင်ရန် ဥရောပသမဂ္ဂကို တောင်းဆိုထားမှုနှင့်အတူ ရုရှားအစိုးရသည် စစ်ပွဲကို ပိုမိုရှည်ကြာစေ မည့် မလိုအပ်သောတောင်းဆိုမှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း ပူတင်နှင့် ဇီလန်စကီးတို့သည် ဒေါ်နယ်ထရမ့် နှင့် ဆွေးနွေးမှုများကို အသီးသီးလုပ်ဆောင် ခဲ့ကြပြီး စွမ်းအင်အခြေခံအဆောက်အဦးများအပေါ် တိုက်ခိုက်မှုများကို ရက်ပေါင်း(၃၀)ကြာ ရပ်တန့်ရန် ပြင်ဆင် ထားကြောင်း ဖော်ပြပြောဆိုခဲ့ကြသည်။

Zawgyi Version:
စစ္လက္နက္ပစၥည္း ေထာက္ပံ့ေပးမႈမ်ားကို တိုးျမႇင့္ရန္ႏွင့္ ႐ုရွားအေပၚ ဆက္လက္ဖိအားေပးရန္ ဥေရာပသမဂၢကို ယူကရိန္းသမၼတ ေတာင္းဆို
Pika (NP News) - မတ္ ၂၃
ယူကရိန္းကို စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈမ်ားအား တိုးျမႇင့္ရန္ႏွင့္ ႐ုရွားအေပၚ ဆက္လက္ဖိအားေပးရန္ ဥေရာပသမဂၢေခါင္းေဆာင္မ်ားကို ယူကရိန္းသမၼတဇီလန္စကီးက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးႀကိဳးပမ္းမႈတြင္ ႐ုရွားႏွင့္ ေရွ႕တိုး ေဆာင္႐ြက္မႈမ်ားကို လုပ္ေဆာင္ေနမႈႏွင့္အတူ ဥေရာပသမဂၢသည္ ရလဒ္မ်ားႏွင့္ပတ္သက္ၿပီး ခ်ိန္ဆမႈမ်ား လုပ္ေဆာင္ေနရေၾကာင္းလည္း သိရသည္။
႐ုရွားသမၼတပူတင္သည္ စြမ္းအင္ႏွင့္အေျခခံအေဆာက္အဦးဆိုင္ရာ အပစ္အခတ္ရပ္စဲေရးကို ေဒၚနယ္ထရမ့္ ႏွင့္ သေဘာတူညီခဲ့ေသာ္လည္း ယူကရိန္း၏ စြမ္းအင္စနစ္ကို တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ဇီလန္စကီးက ေျပာၾကားခဲ့သည္။ ဇီလန္စကီးက “ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားရဲ႕ေနာက္ထပ္တိုက္ခိုက္မႈတစ္ခုက ကြၽန္ေတာ္တို႔ရဲ႕စြမ္းအင္အေျခခံအေဆာက္အဦးကို ထိမွန္သြားခဲ့ပါတယ္။ တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ပူတင္က ေျပာဆိုထားေပမယ့္လည္း ဘာမွေျပာင္းလဲတာေတာ့ မရွိေသးပါဘူး” ဟု ေျပာခဲ့သည္။
ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈမ်ားကို တိုးျမႇင့္ရန္ ႏွင့္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ဆက္လက္လုပ္ေဆာင္ရန္ ဥေရာပသမဂၢကို ေတာင္းဆိုထားမႈႏွင့္အတူ ႐ုရွားအစိုးရသည္ စစ္ပြဲကို ပိုမိုရွည္ၾကာေစ မည့္ မလိုအပ္ေသာေတာင္းဆိုမႈမ်ားကို ရပ္တန႔္ရမည္ျဖစ္ေၾကာင္း ဇီလန္စကီးက ေျပာၾကားခဲ့သည္။ ယခုသီတင္းပတ္အတြင္း ပူတင္ႏွင့္ ဇီလန္စကီးတို႔သည္ ေဒၚနယ္ထရမ့္ ႏွင့္ ေဆြးေႏြးမႈမ်ားကို အသီးသီးလုပ္ေဆာင္ ခဲ့ၾကၿပီး စြမ္းအင္အေျခခံအေဆာက္အဦးမ်ားအေပၚ တိုက္ခိုက္မႈမ်ားကို ရက္ေပါင္း(၃၀)ၾကာ ရပ္တန႔္ရန္ ျပင္ဆင္ ထားေၾကာင္း ေဖာ္ျပေျပာဆိုခဲ့ၾကသည္။