(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ကို အစ္စရေး စစ်တပ်ခန့်အပ်

 300

Pika (NP News) - မတ် ၂၃

(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစ္စရေးအပေါ် ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အကြီးတန်းအရန်အရာရှိအဖွဲ့တစ်ဖွဲ့ကို အစ္စရေးစစ်တပ်အကြီးအကဲက ခန့်အပ် ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မတ်လ(၂၂)ရက် အစောပိုင်းမှာ လက်ဘနွန် နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ဒုံးကျည်လောင်ချာတွေက အစ္စရေးကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဒုံးကျည်(၆)စင်းပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက်(၃)စင်းက အစ္စရေးနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပေမယ့် ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်မှာရှိတဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ဒါဇင်ပေါင်း များစွာကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အစ္စရေးတပ်ဖွဲ့တွေကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်တို့က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ(၂၂)ရက် အစောပိုင်းမှာ လက်ဘနွန်ဘက်က ပစ်ခတ်ခဲ့တဲ့ဒုံးကျည်တွေဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စတင်အသက်ဝင်ပြီးနောက်ပိုင်း ပထမဆုံးပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ကျဖစ္ပြားခဲ့တဲ့တိုက္ခိုက္မႈကို စုံစမ္းစစ္ေဆးဖို႔ အဖြဲ႕တစ္ဖြဲ႕ကို အစၥေရး စစ္တပ္ခန႔္အပ္
Pika (NP News) - မတ္ ၂၃

(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ အစၥေရးအေပၚ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကို စုံစမ္းစစ္ေဆးဖို႔ အႀကီးတန္းအရန္အရာရွိအဖြဲ႕တစ္ဖြဲ႕ကို အစၥေရးစစ္တပ္အႀကီးအကဲက ခန႔္အပ္ ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ မတ္လ(၂၂)ရက္ အေစာပိုင္းမွာ လက္ဘႏြန္ ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ဒုံးက်ည္ေလာင္ခ်ာေတြက အစၥေရးကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ ဒုံးက်ည္(၆)စင္းပစ္လႊတ္ခဲ့ၿပီး ၎တို႔အနက္(၃)စင္းက အစၥေရးႏိုင္ငံထဲကို ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ေပမယ့္ ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္ကေျပာၾကားခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ လက္ဘႏြန္မွာရွိတဲ့ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ဒါဇင္ေပါင္း မ်ားစြာကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ အစၥေရးတပ္ဖြဲ႕ေတြကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ကာကြယ္ေရး ဝန္ႀကီး အစၥေရးကတ္ဇ္တို႔က အမိန႔္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
မတ္လ(၂၂)ရက္ အေစာပိုင္းမွာ လက္ဘႏြန္ဘက္က ပစ္ခတ္ခဲ့တဲ့ဒုံးက်ည္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္စတင္အသက္ဝင္ၿပီးေနာက္ပိုင္း ပထမဆုံးပစ္ခတ္ခဲ့တဲ့ ဒုံးက်ည္ေတြ ျဖစ္တယ္လို႔ အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.