ရန်ကုန်မြို့လယ်ခေါင်ရှိ တိတ်ရှိန်ရွှေဆိုင်ကို လူ(၄)ဦးက ဓားပြဝင်တိုက်ရာ ရွှေထည်ပစ္စည်းများပါသွား

 1257

သန့်ဇင်(NP News)-မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ကို လူ(၄)ဦးက ဓားပြဝင်တိုက်ရာ ရွှေထည်ပစ္စည်းများပါသွားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၃ရက်)၊ နံနက် ၈နာရီ ၄၅မိနစ်အချိန်ခန့်က ပန်းပဲတန်းမြိုနယ်၊ အမှတ်(၆)ရပ်ကွက်၊ ၂၉လမ်းနှင့် လမ်း၃၀ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်
“ဖြစ်စဉ်ကတော့မှန်ပါတယ်။ ရွှေထည်တွေလည်းပါသွားတယ်ပြောတယ်။ အခုတော့စစ်ဆေးနေတုန်းပဲ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ “တိတ်ရှိန်”ရွှေဆိုင်တွင် ဆိုင်ရှင်ဦးမိုးအောင်၊ ဆိုင်ရှင်၏သမီးမမြတ်သဥ္ဇာမိုးနှင့် ဆိုင်ဝန်ထမ်းအမျိုးသမီး(၇)ဦး ဆိုင်အတွင်းအတူ ရှိနေစဉ် Mask တပ်ထားသော အသက် ၂၅ နှစ်ခန့် အမျိုးသား(၄)ဦး ဆိုင်အတွင်းဝင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားတစ်ဦးကသေနတ်ဖြင့်ချိန်ကာ ရွှေဆိုင်အတွင်းရှိ ရွှေထည်မျိုးစုံ (၂၀)ကျပ်သားကို လုယက်ထွက်ပြေးသွားကြောင်း သိရှိရသည်။
လက်ရှိတွင် ဓားပြတိုက်လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ရက်ကလည်း ပန်းပဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀) ပထမထပ်ရှိ “ရွှေချစ်သူ”ရွှေဆိုင်မှ စိန်ထည်နှင့် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရဖူးသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လယ္ေခါင္ရွိ တိတ္ရွိန္ေ႐ႊဆိုင္ကို လူ(၄)ဦးက ဓားျပဝင္တိုက္ရာ ေ႐ႊထည္ပစၥည္းမ်ားပါသြား
သန႔္ဇင္(NP News)-မတ္ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းပဲတန္းၿမိဳ႕နယ္ရွိ တိတ္ရွိန္ေ႐ႊဆိုင္ကို လူ(၄)ဦးက ဓားျပဝင္တိုက္ရာ ေ႐ႊထည္ပစၥည္းမ်ားပါသြားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၃ရက္)၊ နံနက္ ၈နာရီ ၄၅မိနစ္အခ်ိန္ခန႔္က ပန္းပဲတန္းၿမိဳနယ္၊ အမွတ္(၆)ရပ္ကြက္၊ ၂၉လမ္းႏွင့္ လမ္း၃၀ၾကား မဟာဗႏၶဳလလမ္းေပၚရွိ တိတ္ရွိန္ေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္
“ျဖစ္စဥ္ကေတာ့မွန္ပါတယ္။ ေ႐ႊထည္ေတြလည္းပါသြားတယ္ေျပာတယ္။ အခုေတာ့စစ္ေဆးေနတုန္းပဲ”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ “တိတ္ရွိန္”ေ႐ႊဆိုင္တြင္ ဆိုင္ရွင္ဦးမိုးေအာင္၊ ဆိုင္ရွင္၏သမီးမျမတ္သၪၨာမိုးႏွင့္ ဆိုင္ဝန္ထမ္းအမ်ိဳးသမီး(၇)ဦး ဆိုင္အတြင္းအတူ ရွိေနစဥ္ Mask တပ္ထားေသာ အသက္ ၂၅ ႏွစ္ခန္႔ အမ်ိဳးသား(၄)ဦး ဆိုင္အတြင္းဝင္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အမ်ိဳးသားတစ္ဦးကေသနတ္ျဖင့္ခ်ိန္ကာ ေ႐ႊဆိုင္အတြင္းရွိ ေ႐ႊထည္မ်ိဳးစုံ (၂၀)က်ပ္သားကို လုယက္ထြက္ေျပးသြားေၾကာင္း သိရွိရသည္။
လက္ရွိတြင္ ဓားျပတိုက္လုယက္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၈ရက္ကလည္း ပန္းပဲတန္းၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ လမ္း(၃၀)အလယ္ဘေလာက္၊ အမွတ္(၁၁၀) ပထမထပ္ရွိ “ေ႐ႊခ်စ္သူ”ေ႐ႊဆိုင္မွ စိန္ထည္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ား ဓားျပတိုက္ခံခဲ့ရဖူးသည္။

Related news

© 2021. All rights reserved.