ဂျိုးဘိုင်ဒန်လက်ထက် အမေရိကန်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအများစုကို လုံခြုံရေးစောင့်ရှောက်ခွင့်ပေးမယ့်အစီအစဥ် ပြန်ရုတ်သိမ်း

 3029

ဂျန်ဇက် (NP News) - မတ် ၂၃

အမေရိကန် သမ္မတဒေါနယ်ထရမ့်ဟာယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒန်လက်ထက်မှာ ပါဝင်ခဲ့တဲ့ အစိုးရတာဝန်ရှိသူဟောင်းတွေကို လုံခြုံရေး စောင့်ရှောက်ခွင့်ပေးမယ့်အစီအစဥ်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။
အမေရိကန်ဒုတိယသမ္မတဟောင်း ကာမီလာဟဲရစ်l ကလင်တန် အပြင်သမ္မတဟောင်း ဂျိုးဘိုင်ဒန် မိသားစုဝင်တွေကို လုံခြုံရေးစောင့်ရှောင်ခွင့်ပေးမယ် အစီစဥ်ကို ပြန်ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိအမေရိကန်သမ္မတဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းအန်တိုနီဘလီကန်l အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဂျိတ်ဆူလီဗန်l အမေရိကန်ဒုတိယရှေ့နေချုပ်ဟောင်းလီဆာ အပါဝင် ဂျိုးဘ်ုင်ဒန် လက်ထက်အမေရိကန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအများစုကို လုံခြုံရေးစောင့်ရှောက်ခွင် ပယ်ဖျက်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန် သတင်းဌာနတွေက ထရမ့်ရဲ့လုပ်ရပ်က ၄င်းရဲ့ နိုင်ငံရေးပြိုင်ဘက်ဟောင်းတွေကို တိုက်ခိုက်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ထရမ့်ဟာ ပြီးခဲ့တဲ့လကလည်း သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို လုံခြုံရေးစောင့်ရှောက်ခွင့် ပေးမယ့် အမိန့်ကို ပြန်ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ထရမ့်က အမေရိကန်လုံခြုံရေးအေဂျင်စီ အကြီးအကဲတွေကို ယခင်အစိုးရလက်ထက်မှာ ပါဝင်ခဲ့သူတွေကို လုံခြုံရေးစောင့်ရှောက်ခွင့် ပြန်ရုတ်သိမ်းမယ့် အစီစဥ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားပါတယ်။ အမေရိကန်သမ္မတအဖြစ် ဒေါနယ်ထရမ့် တာဝန်ယူပြီးနောက် ယခင်အစိုးရလက်ထက်က ထုတ်ပြန်ထားတဲ့စည်းကမ်းအမိန့်တွေကို ပယ်ဖျက်ခဲ့သလို အမိန့်အသစ်တွေ ထုတ်ပြန်ခဲ့ပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရပါတယ်။

Zawgyi Version
ဂ်ိဳးဘိုင္ဒန္လက္ထက္ အေမရိကန္အစိုးရအဖြဲ႕မွာ ပါဝင္ခဲ့သူအမ်ားစုကို လုံၿခဳံေရးေစာင့္ေရွာက္ခြင့္ေပးမယ့္အစီအစဥ္ ျပန္႐ုတ္သိမ္း
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အေမရိကန္ သမၼတေဒါနယ္ထရမ့္ဟာယခင္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္လက္ထက္မွာ ပါဝင္ခဲ့တဲ့ အစိုးရတာဝန္ရွိသူေဟာင္းေတြကို လုံၿခဳံေရး ေစာင့္ေရွာက္ခြင့္ေပးမယ့္အစီအစဥ္ကို ျပန္႐ုတ္သိမ္းလိုက္ပါတယ္။
အေမရိကန္ဒုတိယသမၼတေဟာင္း ကာမီလာဟဲရစ္l ကလင္တန္ အျပင္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ မိသားစုဝင္ေတြကို လုံၿခဳံေရးေစာင့္ေရွာင္ခြင့္ေပးမယ္ အစီစဥ္ကို ျပန္႐ုတ္သိမ္းသြားမွာ ျဖစ္ပါတယ္။ လက္ရွိအေမရိကန္သမၼတဟာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းအန္တိုနီဘလီကန္l အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအရာရွိေဟာင္း ဂ်ိတ္ဆူလီဗန္l အေမရိကန္ဒုတိယေရွ႕ေနခ်ဳပ္ေဟာင္းလီဆာ အပါဝင္ ဂ်ိဳးဘ္ုင္ဒန္ လက္ထက္အေမရိကန္ အစိုးရအဖြဲ႕မွာ ပါဝင္ခဲ့သူအမ်ားစုကို လုံၿခဳံေရးေစာင့္ေရွာက္ခြင္ ပယ္ဖ်က္ဖို႔ အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။အေမရိကန္ သတင္းဌာနေတြက ထရမ့္ရဲ႕လုပ္ရပ္က ၄င္းရဲ႕ ႏိုင္ငံေရးၿပိဳင္ဘက္ေဟာင္းေတြကို တိုက္ခိုက္လိုက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

ထရမ့္ဟာ ၿပီးခဲ့တဲ့လကလည္း သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ကို လုံၿခဳံေရးေစာင့္ေရွာက္ခြင့္ ေပးမယ့္ အမိန္႔ကို ျပန္႐ုတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။ ထရမ့္က အေမရိကန္လုံၿခဳံေရးေအဂ်င္စီ အႀကီးအကဲေတြကို ယခင္အစိုးရလက္ထက္မွာ ပါဝင္ခဲ့သူေတြကို လုံၿခဳံေရးေစာင့္ေရွာက္ခြင့္ ျပန္႐ုတ္သိမ္းမယ့္ အစီစဥ္အတြက္ လိုအပ္တာေတြ လုပ္ေဆာင္ဖို႔ ၫြန္ၾကားထားပါတယ္။ အေမရိကန္သမၼတအျဖစ္ ေဒါနယ္ထရမ့္ တာဝန္ယူၿပီးေနာက္ ယခင္အစိုးရလက္ထက္က ထုတ္ျပန္ထားတဲ့စည္းကမ္းအမိန္႔ေတြကို ပယ္ဖ်က္ခဲ့သလို အမိန္႔အသစ္ေတြ ထုတ္ျပန္ခဲ့ၿပီး အျငင္းပြားဖြယ္ရာ ျဖစ္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.