နယူးမက္ကစီကိုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ၃ ဦး သေဆုံး

 166

ရောင်နီ (NP News) - မတ် ၂၄

မက္ကဆီကိုနိုင်ငံ၊ လာစ်ခရုစ် မှာ သောကြာနေ့ (မတ်လ ၂၁ ရက်) က ဆယ်ကျော်သက် ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် အင်ဒရူးမက်ဒရစ် (အသက် ၁၆ နှစ်)၊ ဂျက်ဆန်ဂိုမက် (အသက် ၁၈ နှစ်) နဲ့ ဒိုမီနစ်ခ်အကိစတာဒါ (၁၉ နှစ်) တို့ သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်မှ ၃၆ နှစ်ကြား အမျိုးသားကိုးဦးနဲ့ အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုအတွက် သံသယရှိတဲ့ လူနှစ်ဦးကို ဖမ်းဆီးထားပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့(မတ်လ ၂၃ ရက်) မှာ ပြောကြားပါတယ်။
သံသယရှိသူတွေဖြစ်တဲ့ တောမက်စ်ရီဗက်စ် (အသက် ၂၀ နှစ်) နဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို စနေနေ့ (မတ်လ ၂၂ ရက်) က ဖမ်းဆီးခဲ့ပြီး လူသတ်မှု ၃ ခုနဲ့ အမှုဖွင့်ကာ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရီဗက်စ်ကို ဒိုနာအန်နာကောင်တီ ထိန်းသိမ်းရေးစင်တာမှာ ချုပ်နှောင်ထားပြီး အသက် ၁၇ နှစ်အရွယ် အမျိုးသား ကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်မယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

Zawgyi Version:
နယူးမကၠစီကိုမွာ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္မႈေၾကာင့္ ဆယ္ေက်ာ္သက္ ၃ ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၂၄

မကၠဆီကိုႏိုင္ငံ၊ လာစ္ခ႐ုစ္ မွာ ေသာၾကာေန႔ (မတ္လ ၂၁ ရက္) က ဆယ္ေက်ာ္သက္ ၃ ဦး ေသဆုံးၿပီး ၁၅ ဦး ဒဏ္ရာရရွိေစခဲ့တဲ့ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္။
ပစ္ခတ္မႈေၾကာင့္ အင္ဒ႐ူးမက္ဒရစ္ (အသက္ ၁၆ ႏွစ္)၊ ဂ်က္ဆန္ဂိုမက္ (အသက္ ၁၈ ႏွစ္) နဲ႔ ဒိုမီနစ္ခ္အကိစတာဒါ (၁၉ ႏွစ္) တို႔ ေသဆုံးခဲ့ၿပီး အသက္ ၁၆ ႏွစ္မွ ၃၆ ႏွစ္ၾကား အမ်ိဳးသားကိုးဦးနဲ႔ အမ်ိဳးသမီးေျခာက္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ပစ္ခတ္မႈအတြက္ သံသယရွိတဲ့ လူႏွစ္ဦးကို ဖမ္းဆီးထားၿပီျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က တနဂၤေႏြေန႔(မတ္လ ၂၃ ရက္) မွာ ေျပာၾကားပါတယ္။
သံသယရွိသူေတြျဖစ္တဲ့ ေတာမက္စ္ရီဗက္စ္ (အသက္ ၂၀ ႏွစ္) နဲ႔ အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို စေနေန႔ (မတ္လ ၂၂ ရက္) က ဖမ္းဆီးခဲ့ၿပီး လူသတ္မႈ ၃ ခုနဲ႔ အမႈဖြင့္ကာ စြဲခ်က္တင္ထားတယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ရီဗက္စ္ကို ဒိုနာအန္နာေကာင္တီ ထိန္းသိမ္းေရးစင္တာမွာ ခ်ဳပ္ေႏွာင္ထားၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသား ကိုေတာ့ လူငယ္ထိန္းသိမ္းေရးစခန္းကို ပို႔ေဆာင္မယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.