ယီမင်ကို တိုက်ခိုက်မှုအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်အချို့ကို သတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန်ပြော

 549

Pika (NP News) - မတ် ၂၄

ပြီးခဲ့တဲ့သီတင်းပတ်က ယီမင်မှာလုပ်ဆောင်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုစစ်ဆင်ရေးတွေအတွင်း ဟူသီ လက်နက်ကိုင်အဖွဲ့ရဲ့ထိပ်တန်းဒုံးကျည်အထူးကျွမ်းကျင်သူတစ်ဦး အပါအဝင် အဓိကခေါင်းဆောင်တွေကို သတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘော တွေကို တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်မယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်အစိုးရရဲ့ထုတ်ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

မိုက်ဝေါ့ဇ်က “ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ဌာနချုပ်တွေ၊ ဆက်သွယ်ရေးနေရာတွေ၊ စစ်လက်နက်ပစ္စည်း စက်ရုံတွေ နဲ့ ဒရုန်းထုတ်လုပ်တဲ့စက်ရုံအချို့တို့ကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အဓိကခေါင်းဆောင်အချို့ကိုလည်း သတ်ပစ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားခဲ့တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေနဲ့ဒုံးကျည်အထူးကျွမ်းကျင်သူက ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ မိုက်ဝေါ့ဇ်က ထုတ်ပြန်ပြောကြားခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ယီမင္ကို တိုက္ခိုက္မႈအတြင္း ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္အခ်ိဳ႕ကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ေျပာ
Pika (NP News) - မတ္ ၂၄

ၿပီးခဲ့တဲ့သီတင္းပတ္က ယီမင္မွာလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္စစ္တပ္ရဲ႕တိုက္ခိုက္မႈစစ္ဆင္ေရးေတြအတြင္း ဟူသီ လက္နက္ကိုင္အဖြဲ႕ရဲ႕ထိပ္တန္းဒုံးက်ည္အထူးကြၽမ္းက်င္သူတစ္ဦး အပါအဝင္ အဓိကေခါင္းေဆာင္ေတြကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္အစိုးရ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး မိုက္ေဝါ့ဇ္က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာ ေတြကို တိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္မယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္အစိုးရရဲ႕ထုတ္ျပန္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

မိုက္ေဝါ့ဇ္က “ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ဌာနခ်ဳပ္ေတြ၊ ဆက္သြယ္ေရးေနရာေတြ၊ စစ္လက္နက္ပစၥည္း စက္႐ုံေတြ နဲ႔ ဒ႐ုန္းထုတ္လုပ္တဲ့စက္႐ုံအခ်ိဳ႕တို႔ကို ကြၽန္ေတာ္တို႔ တိုက္ခိုက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက လုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးေတြအတြင္း ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕အဓိကေခါင္းေဆာင္အခ်ိဳ႕ကိုလည္း သတ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း အေမရိကန္စစ္တပ္ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသြားခဲ့တဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ေတြနဲ႔ဒုံးက်ည္အထူးကြၽမ္းက်င္သူက ဘယ္သူျဖစ္တယ္ဆိုတာကိုေတာ့ မိုက္ေဝါ့ဇ္က ထုတ္ျပန္ေျပာၾကားခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.