ခြံအမှတ် (၅၄)ဈေးနှုန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ကိစ္စ ရှေ့နေများ၏ နိုင်ငံရေးလှည့်စားမှုရှိနိုင် ဟု သတင်းထွက်

 6252

Iris (NP News) - မတ် ၂၄

ခြံအမှတ် (၅၄)အတွက် တရားနိုင်ပုဂ္ဂိုလ် ဦးအောင်ဆန်းဦးဘက်မှ ရှေ့နေများက ဈေးနှုန်း ပြင်ဆင်သတ်မှတ် မှုကို ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများကန့်ကွက်ထားသော်လည်း ၎င်းတို့ အကြမ်းဖျင်းတင်ပြခဲ့ဖူးသော ဈေးနှုန်းက ပို၍နည်းပါးနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်မရသေးသောကြောင့်ဟု အကြောင်းပြချက်မှာ လည်း နိုင်ငံရေးအရလှည့်စားခြင်းသာ ဖြစ်နိုင်ကြောင်း စုံစမ်းသိရှိရသည်။
ခြံအမှတ်(၅၄) အမှုအတွက် NP News ဂျာနယ်က လေ့လာစုံစမ်းထားမှုအရ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဘက်က တရားရုံး၏ ဆုံးဖြတ်ချက်ကိုပင်လျင် ကဏ္ဋကောစ တိုက်၍ နိုင်ငံရေးခေါင်းစဉ်သို့ဆွဲသွင်းကာ မထီမဲ့မြင် ပြုသကဲ့သို့ဖြစ်လာနေပြီဟု တရားစီရင်ရေးကိုနား လည်သူအချို့ကဆိုသည်။ တရားနိုင်ပုဂ္ဂိုလ် ဦးအောင်ဆန်း ဦးဘက်မှ ရှေ့နေများက ခြံအမှတ်(၅၄) အတွက် စတုတ္ထအကြိမ် လေလံပစ်ရန် ဈေးနှုန်းကို ကျပ် (၂၇၀)ဘီလျံအဖြစ် သတ်မှတ်ပေးပါရန် ဖေဖော်ဝါရီ(၂၇)က တင်သွင်းခဲ့ပြီး အဆိုပါဈေးနှုန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေများက မတ်လ (၂၀)ရက်ရုံးချိန်းတွင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ “တစ်ဖက်က တင်တဲ့ဈေးကို တစ်ဖက်က ကန့်ကွက်တယ်ဆိုရင် ဘယ်ဈေးဖြစ်သင့် တယ်ဆိုတာမျိုး ထည့်ပြီးကန့်ကွက်ဖို့ လိုတာပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ကန့်သာ ကန့်ကွက်တာ၊ ဖြစ်သင့်တဲ့ဈေးကို ကျတော့ သူတို့မပြောနိုင်ကြဘူး။ တမင်ကန့်လန့်တိုက်သလို ဖြစ်နေတာပေါ့။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီးမှ ပြောနိုင်မယ်ဆိုတဲ့ သဘောမျိုးကြီး ပြောနေတယ်” ဟု တရားခွင်ကိုလေ့လာခဲ့သူ သတင်းရင်းမြစ် တစ်ဦးက NP News ကို မတ်လ (၂၁) ရက်တွင် ပြောသည်။
လေလံကြမ်းခင်းဈေးတင်ပြနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ ညွှန်ကြားချက်ရယူနိုင်ရန် လျောက်ထား ခြင်း ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဖြစ်သော ဒေါ်စန်းမာလာညွန့်နှင့် ဦးကျော်စိန်လွင်တို့က (၂၀၂၃)ခုနှစ် ဒီဇင်ဘာလကတည်းက ကမာရွတ် ခရိုင်တရားရုံးထံသို့ တင်ပြခဲ့ဖူးပြီး အဆိုပါ တင်ပြလွှာကို ဖတ်ရှု ဖူးသူတစ်ဦး၏ ပြောကြားချက်အရ ဒေါ်စန်းမာ လာညွန့်တို့အနေဖြင့် ရှေ့နေအဖြစ် လိုက်ပါဆောင် ရွက်ရန်အတွက် ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရရှိထား ပြီးဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
ယင်းအပြင် ခြံအမှတ် (၅၄)အမှုအတွက် တရားနိုင်/ တရား ရှုံးပုဂ္ဂိုလ်နှစ်ဦးလုံးထံသို့ အကြောင်းကြားစာ အသီးသီး ပေးပို့ထားပြီးဖြစ်ကြောင်းလည်း တရားခွင်စာ ရွက်စာတမ်းအချို့၌ဖော်ပြထားသည်ဟု သိရသည်။ “တစ်နည်း အားဖြင့် ဒေါ်အောင်ဆန်းစုကြည် သိရှိလက်ခံပြီး သားဆိုတဲ့အဓိပ္ပာယ်ပဲ။ ပြီးရင် ရှေ့နေ ကိုယ်စားလှယ်လွှဲစာ မှာ လည်း ဒေါ်အောင်ဆန်းစုကြည်က ကျွန်မကိုယ်စား တရားအတိုင်း လျောက်ထားပြောဆိုရန် လွှဲအပ်ကြောင်း၊ တောင်းခံယူထိုက်တဲ့ ငွေကြေးများ စာရင်းအင်းများကို ထည့်သွင်းရှင်းလင်း လျှောက်လဲနိုင်ခွင့်၊ ကျွန်မကိုယ်တိုင် ဆောင်ရွက်ရန် အခွင့်သင့်သမျှကို ဆောင်ရွက်ခြင်းမှစ၍ တရားလွှတ် တော်ရှေ့နေများက ပြုလုပ် ဆောင်ရွက်သမျှ အတိုင်း သဘောတူပြီးဖြစ်တယ်လို့ ဖော်ပြထားတယ်” ဟု စာရွက်စာတမ်းဖတ်ရှုဖူးသူ သတင်းရင်းမြစ်က ပြောသည်။ အဆိုပါအချက်များအရ ဒေါ်စန်းမာလာ ညွန့်တို့ထံ ဒေါ်အောင်ဆန်းစုကြည်က အခွင့်အာဏာ အကုန် လွှဲအပ်ခဲ့ပြီးဖြစ်သည်ဟု နားလည်ရမည်ဖြစ်ပြီး ယင်းအခြေအနေများရှိ နေသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန်လိုအပ်သည်ဟု တရားခွင်အတွင်း၌ပြောဆိုနေခြင်းသည် သက်ဆိုင်ရာတရား သူကြီး၏ ဂုဏ်သိက္ခာနှင့် တရားရုံးဆုံးဖြတ်ချက်များကို မထီမဲ့မြင်ပြုရာ ရောက်သကဲ့သို့ရှိနေသည်ဟု တရားစီရင်ကို နားလည်သူ လောကသားအချို့က NP News ထံ မှတ်ချက်ပြုသည်။
တစ်နည်းအားဖြင့် မိသားစုအမွေဆိုင် အိမ်ကိစ္စကို မိသားစုအမွေဆိုင် အိမ်ဆန်ဆန် စီရင်မှုမပြုစေဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအမည်နာမကို အသုံးချ၍ တရား သူကြီးအား သွယ်ဝိုက်ဖိအားပေးခြင်းမျိုး သက်ရောက်နေသည်ဟု ဆိုသည်။ အခြားတစ်ဖက်တွင်လည်း တရားနိုင် ဦးအောင်ဆန်းဦးဘက်က လိုအပ်ချက်အရ ဈေးနှုန်းသတ်မှတ်ခြင်းအပေါ် အနှောင့်အယှက်ပေးနေခြင်းမျိုးဖြစ်လာပြီး လေလံပစ်ခြင်းနှင့် တရားရုံး ဆုံးဖြတ်ချက်ကိုပါ နိုင်ငံရေးခေါင်းစဉ်တပ်၍ ရှုပ်ထွေး မှုဖြစ်လာစေပြန်သည်။ ခြံအမှတ် (၅၄)ကို လေးကြိမ်မြောက် လေလံပစ်ရန် ဦးအောင်ဆန်းဦးဘက်က ကျပ် (၂၇၀) ဘီလျံအဖြစ်သတ်မှတ်ခဲ့ခြင်း ကိုလည်း ဒေါ်စန်းမာလာညွန့်တို့ က ကန့်ကွက်မှုရှိနေသော်လည်း ၎င်းတို့တင်ပြခဲ့ဖူးသော တရားရုံးမှတ်တမ်း ဝင်စာတစ် စောင်အတွင်း၌ ကျပ် (၂၇၀) ဘီလျံထက်ပို၍နည်းသောပမာဏမျိုးဖြစ်နေသည်ဟု သိရသည်။
“တစ်စတုရန်းပေကို ကျပ်သိန်း(၃၀) လောက် ပေါက်ဈေးရှိပါတယ်လို့ သူတို့ တင်ခဲ့တဲ့စာမှာ ပါလာတာ ဖတ် လိုက်ရတယ်” ဟု ကိုယ်တိုင်မြင်ခဲ့သူ တစ်ဦးက ပြောသည်။ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ မြေ (၁ ဒသမ ၉၂၃) ဧက ကျယ်ဝန်းသော ခြံအမှတ် (၅၄) အတွက် ဒေါ်စန်းမာလာညွန့်တို့ဘက်မှ ပြင်ပ ဈေးကွက်တန်ဖိုးအဖြစ် တင်ပြဖူး သော တစ်စတုရန်းပေ ကျပ်သိန်း (၃၀) ဖြင့် တွက်ချက်မည်ဆိုလျှင် ကျပ် (၂၅၁) ဘီလျံကျော်သာ တန်ကြေးရှိမည် ဖြစ်သည်။ ဦးအောင်ဆန်းဦးဘက်က ပထမအကြိမ်၌ ကျပ် (၃၁၅)ဘီလျံ၊ ဒုတိယအကြိမ်၌ ကျပ်(၃၀ဝ) ဘီလျံ နှင့် တတိယအကြိမ်၌ (၂၉၇)ဘီလျံဟု သတ်မှတ်၍ လေလံပစ်ခဲ့သော်လည်း အစွန်းရောက်ခြိမ်း ခြောက်သူများ ကြောင့် သုံးကြိမ်စလုံးတွင် လေလံဆွဲ မည့်သူ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။ လေးကြိမ်မြောက် အတွက် ဈေးနှုန်း သတ်မှတ်ချက်တွင် ကျပ်(၂၇၀) ဘီလျံသတ်မှတ်ပေးပါရန် ဦးအောင်ဆန်းဦး၏ရှေ့ နေများကတင်ပြမှုကို တစ်စတုရန်းပေ ကျပ်သိန်း (၃၀)သာ တင်ပြခဲ့ဖူးသူ ဒေါ်စန်းမာလာညွန့်တို့ဘက်က ကန့်ကွက်ထားသော်လည်း ဈေးနှုန်းထည့်ပြောနိုင် ခြင်းမရှိသည်ကို တွေ့ရ သည်။
အဆိုပါ ခြံအမှတ်(၅၄)အတွက် လေးကြိမ်မြောက်လေလံပစ်ရန် ဈေးနှုန်းကိစ္စကို မတ်လ (၂၅)ရက်တွင် ကမာရွတ် ခရိုင်တရားရုံးက အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ၿခံအမွတ္ (၅၄)ေဈးႏႈန္းႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ခြင့္ကိစၥ ေရွ႕ေနမ်ား၏ ႏိုင္ငံေရးလွည့္စားမႈရွိႏိုင္ ဟု သတင္းထြက္
Iris (NP News) - မတ္ ၂၄

ၿခံအမွတ္ (၅၄)အတြက္ တရားႏိုင္ပုဂၢိဳလ္ ဦးေအာင္ဆန္းဦးဘက္မွ ေရွ႕ေနမ်ားက ေဈးႏႈန္း ျပင္ဆင္သတ္မွတ္ မႈကို ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ားကန႔္ကြက္ထားေသာ္လည္း ၎တို႔ အၾကမ္းဖ်င္းတင္ျပခဲ့ဖူးေသာ ေဈးႏႈန္းက ပို၍နည္းပါးေနသည့္အျပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ခြင့္မရေသးေသာေၾကာင့္ဟု အေၾကာင္းျပခ်က္မွာ လည္း ႏိုင္ငံေရးအရလွည့္စားျခင္းသာ ျဖစ္ႏိုင္ေၾကာင္း စုံစမ္းသိရွိရသည္။
ၿခံအမွတ္(၅၄) အမႈအတြက္ NP News ဂ်ာနယ္က ေလ့လာစုံစမ္းထားမႈအရ ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ား ဘက္က တရား႐ုံး၏ ဆုံးျဖတ္ခ်က္ကိုပင္လ်င္ ကဏၬေကာစ တိုက္၍ ႏိုင္ငံေရးေခါင္းစဥ္သို႔ဆြဲသြင္းကာ မထီမဲ့ျမင္ ျပဳသကဲ့သို႔ျဖစ္လာေနၿပီဟု တရားစီရင္ေရးကိုနား လည္သူအခ်ိဳ႕ကဆိုသည္။ တရားႏိုင္ပုဂၢိဳလ္ ဦးေအာင္ဆန္း ဦးဘက္မွ ေရွ႕ေနမ်ားက ၿခံအမွတ္(၅၄) အတြက္ စတုတၳအႀကိမ္ ေလလံပစ္ရန္ ေဈးႏႈန္းကို က်ပ္ (၂၇၀)ဘီလ်ံအျဖစ္ သတ္မွတ္ေပးပါရန္ ေဖေဖာ္ဝါရီ(၂၇)က တင္သြင္းခဲ့ၿပီး အဆိုပါေဈးႏႈန္းႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ ၏ေရွ႕ေနမ်ားက မတ္လ (၂၀)ရက္႐ုံးခ်ိန္းတြင္ ကန႔္ကြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။ “တစ္ဖက္က တင္တဲ့ေဈးကို တစ္ဖက္က ကန႔္ကြက္တယ္ဆိုရင္ ဘယ္ေဈးျဖစ္သင့္ တယ္ဆိုတာမ်ိဳး ထည့္ၿပီးကန႔္ကြက္ဖို႔ လိုတာေပါ့။ အခုဟာက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနေတြက ကန႔္သာ ကန႔္ကြက္တာ၊ ျဖစ္သင့္တဲ့ေဈးကို က်ေတာ့ သူတို႔မေျပာႏိုင္ၾကဘူး။ တမင္ကန႔္လန႔္တိုက္သလို ျဖစ္ေနတာေပါ့။ ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရၿပီးမွ ေျပာႏိုင္မယ္ဆိုတဲ့ သေဘာမ်ိဳးႀကီး ေျပာေနတယ္” ဟု တရားခြင္ကိုေလ့လာခဲ့သူ သတင္းရင္းျမစ္ တစ္ဦးက NP News ကို မတ္လ (၂၁) ရက္တြင္ ေျပာသည္။
ေလလံၾကမ္းခင္းေဈးတင္ျပႏိုင္ရန္အတြက္ ေဒၚေအာင္ဆန္းစုၾကည္ထံမွ ၫႊန္ၾကားခ်က္ရယူႏိုင္ရန္ ေလ်ာက္ထား ျခင္း ေခါင္းစဥ္ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ားျဖစ္ေသာ ေဒၚစန္းမာလာၫြန႔္ႏွင့္ ဦးေက်ာ္စိန္လြင္တို႔က (၂၀၂၃)ခုႏွစ္ ဒီဇင္ဘာလကတည္းက ကမာ႐ြတ္ ခ႐ိုင္တရား႐ုံးထံသို႔ တင္ျပခဲ့ဖူးၿပီး အဆိုပါ တင္ျပလႊာကို ဖတ္ရႈ ဖူးသူတစ္ဦး၏ ေျပာၾကားခ်က္အရ ေဒၚစန္းမာ လာၫြန႔္တို႔အေနျဖင့္ ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ ႐ြက္ရန္အတြက္ ေရွ႕ေန ကိုယ္စားလွယ္လႊဲစာ ရရွိထား ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္ဟု ဆိုသည္။
ယင္းအျပင္ ၿခံအမွတ္ (၅၄)အမႈအတြက္ တရားႏိုင္/ တရား ရႈံးပုဂၢိဳလ္ႏွစ္ဦးလုံးထံသို႔ အေၾကာင္းၾကားစာ အသီးသီး ေပးပို႔ထားၿပီးျဖစ္ေၾကာင္းလည္း တရားခြင္စာ ႐ြက္စာတမ္းအခ်ိဳ႕၌ေဖာ္ျပထားသည္ဟု သိရသည္။ “တစ္နည္း အားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ သိရွိလက္ခံၿပီး သားဆိုတဲ့အဓိပၸာယ္ပဲ။ ၿပီးရင္ ေရွ႕ေန ကိုယ္စားလွယ္လႊဲစာ မွာ လည္း ေဒၚေအာင္ဆန္းစုၾကည္က ကြၽန္မကိုယ္စား တရားအတိုင္း ေလ်ာက္ထားေျပာဆိုရန္ လႊဲအပ္ေၾကာင္း၊ ေတာင္းခံယူထိုက္တဲ့ ေငြေၾကးမ်ား စာရင္းအင္းမ်ားကို ထည့္သြင္းရွင္းလင္း ေလွ်ာက္လဲႏိုင္ခြင့္၊ ကြၽန္မကိုယ္တိုင္ ေဆာင္႐ြက္ရန္ အခြင့္သင့္သမွ်ကို ေဆာင္႐ြက္ျခင္းမွစ၍ တရားလႊတ္ ေတာ္ေရွ႕ေနမ်ားက ျပဳလုပ္ ေဆာင္႐ြက္သမွ် အတိုင္း သေဘာတူၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားတယ္” ဟု စာ႐ြက္စာတမ္းဖတ္ရႈဖူးသူ သတင္းရင္းျမစ္က ေျပာသည္။ အဆိုပါအခ်က္မ်ားအရ ေဒၚစန္းမာလာ ၫြန႔္တို႔ထံ ေဒၚေအာင္ဆန္းစုၾကည္က အခြင့္အာဏာ အကုန္ လႊဲအပ္ခဲ့ၿပီးျဖစ္သည္ဟု နားလည္ရမည္ျဖစ္ၿပီး ယင္းအေျခအေနမ်ားရွိ ေနသည့္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္ရရန္လိုအပ္သည္ဟု တရားခြင္အတြင္း၌ေျပာဆိုေနျခင္းသည္ သက္ဆိုင္ရာတရား သူႀကီး၏ ဂုဏ္သိကၡာႏွင့္ တရား႐ုံးဆုံးျဖတ္ခ်က္မ်ားကို မထီမဲ့ျမင္ျပဳရာ ေရာက္သကဲ့သို႔ရွိေနသည္ဟု တရားစီရင္ကို နားလည္သူ ေလာကသားအခ်ိဳ႕က NP News ထံ မွတ္ခ်က္ျပဳသည္။
တစ္နည္းအားျဖင့္ မိသားစုအေမြဆိုင္ အိမ္ကိစၥကို မိသားစုအေမြဆိုင္ အိမ္ဆန္ဆန္ စီရင္မႈမျပဳေစဘဲ ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေရးအမည္နာမကို အသုံးခ်၍ တရား သူႀကီးအား သြယ္ဝိုက္ဖိအားေပးျခင္းမ်ိဳး သက္ေရာက္ေနသည္ဟု ဆိုသည္။ အျခားတစ္ဖက္တြင္လည္း တရားႏိုင္ ဦးေအာင္ဆန္းဦးဘက္က လိုအပ္ခ်က္အရ ေဈးႏႈန္းသတ္မွတ္ျခင္းအေပၚ အေႏွာင့္အယွက္ေပးေနျခင္းမ်ိဳးျဖစ္လာၿပီး ေလလံပစ္ျခင္းႏွင့္ တရား႐ုံး ဆုံးျဖတ္ခ်က္ကိုပါ ႏိုင္ငံေရးေခါင္းစဥ္တပ္၍ ရႈပ္ေထြး မႈျဖစ္လာေစျပန္သည္။ ၿခံအမွတ္ (၅၄)ကို ေလးႀကိမ္ေျမာက္ ေလလံပစ္ရန္ ဦးေအာင္ဆန္းဦးဘက္က က်ပ္ (၂၇၀) ဘီလ်ံအျဖစ္သတ္မွတ္ခဲ့ျခင္း ကိုလည္း ေဒၚစန္းမာလာၫြန႔္တို႔ က ကန႔္ကြက္မႈရွိေနေသာ္လည္း ၎တို႔တင္ျပခဲ့ဖူးေသာ တရား႐ုံးမွတ္တမ္း ဝင္စာတစ္ ေစာင္အတြင္း၌ က်ပ္ (၂၇၀) ဘီလ်ံထက္ပို၍နည္းေသာပမာဏမ်ိဳးျဖစ္ေနသည္ဟု သိရသည္။
“တစ္စတုရန္းေပကို က်ပ္သိန္း(၃၀) ေလာက္ ေပါက္ေဈးရွိပါတယ္လို႔ သူတို႔ တင္ခဲ့တဲ့စာမွာ ပါလာတာ ဖတ္ လိုက္ရတယ္” ဟု ကိုယ္တိုင္ျမင္ခဲ့သူ တစ္ဦးက ေျပာသည္။ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ေျမ (၁ ဒသမ ၉၂၃) ဧက က်ယ္ဝန္းေသာ ၿခံအမွတ္ (၅၄) အတြက္ ေဒၚစန္းမာလာၫြန႔္တို႔ဘက္မွ ျပင္ပ ေဈးကြက္တန္ဖိုးအျဖစ္ တင္ျပဖူး ေသာ တစ္စတုရန္းေပ က်ပ္သိန္း (၃၀) ျဖင့္ တြက္ခ်က္မည္ဆိုလွ်င္ က်ပ္ (၂၅၁) ဘီလ်ံေက်ာ္သာ တန္ေၾကးရွိမည္ ျဖစ္သည္။ ဦးေအာင္ဆန္းဦးဘက္က ပထမအႀကိမ္၌ က်ပ္ (၃၁၅)ဘီလ်ံ၊ ဒုတိယအႀကိမ္၌ က်ပ္(၃၀ဝ) ဘီလ်ံ ႏွင့္ တတိယအႀကိမ္၌ (၂၉၇)ဘီလ်ံဟု သတ္မွတ္၍ ေလလံပစ္ခဲ့ေသာ္လည္း အစြန္းေရာက္ၿခိမ္း ေျခာက္သူမ်ား ေၾကာင့္ သုံးႀကိမ္စလုံးတြင္ ေလလံဆြဲ မည့္သူ ေပၚေပါက္ခဲ့ျခင္းမရွိေပ။ ေလးႀကိမ္ေျမာက္ အတြက္ ေဈးႏႈန္း သတ္မွတ္ခ်က္တြင္ က်ပ္(၂၇၀) ဘီလ်ံသတ္မွတ္ေပးပါရန္ ဦးေအာင္ဆန္းဦး၏ေရွ႕ ေနမ်ားကတင္ျပမႈကို တစ္စတုရန္းေပ က်ပ္သိန္း (၃၀)သာ တင္ျပခဲ့ဖူးသူ ေဒၚစန္းမာလာၫြန႔္တို႔ဘက္က ကန႔္ကြက္ထားေသာ္လည္း ေဈးႏႈန္းထည့္ေျပာႏိုင္ ျခင္းမရွိသည္ကို ေတြ႕ရ သည္။
အဆိုပါ ၿခံအမွတ္(၅၄)အတြက္ ေလးႀကိမ္ေျမာက္ေလလံပစ္ရန္ ေဈးႏႈန္းကိစၥကို မတ္လ (၂၅)ရက္တြင္ ကမာ႐ြတ္ ခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Aung

25/03/2025 06:59

တရားတာ/မတရားတာတွေ ‌ောက််ရှက်မရှိ ပြောရဲသေးတယ်နော် ဦးနှောက်ကောင်းသူတိုင်း စိတ်ရင်းကောင်းသူတိုင်း သိကြပြီးသားကွာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ်ပေါ့ 🤧

Related news

© 2021. All rights reserved.