တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို အကြီးဆုံးမဟာဗျူဟာမြောက်စိန်ခေါ်မှုတစ်ခုဖြစ် ဂျပန်ဖော်ပြ

71

Pika (NP News) - ဇူလိုင် ၁၆
ဂျပန်နိုင်ငံ အနောက်တောင်ဘက်ကမ်းရိုးတန်းတွေကနေ ပစိဖိတ်အထိ ကျယ်ပြန့်တဲ့ဧရိယာတွေမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက သတိပေးမှုတွေလုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတာကို အကြီးဆုံးမဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ခုအဖြစ် ဂျပန်အစိုးရက ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်နဲ့ရုရှားတို့ရဲ့ပူးတွဲ စစ်ဆင်ရေးတွေကြီးထွားလာတာဟာ ဂျပန်အတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုဖြစ်ပေါ်စေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရမှုနဲ့ အတူ ခေတ်သစ်အကျပ်အတည်းကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်-အမေရိကန်ပြိုင်ဆိုင်မှုတွေပြင်းထန်လာမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ ကမ္ဘာလုံး ဆိုင်ရာထိန်းညှိမှုတွေမှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို ကိုးကားပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အဓိကဖြစ်ပေါ်နေပြီး လာမယ့်အနာဂါတ်မှာ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြကို အႀကီးဆုံးမဟာဗ်ဴဟာေျမာက္စိန္ေခၚမႈတစ္ခုျဖစ္ ဂ်ပန္ေဖာ္ျပ
Pika (NP News) - ဇူလိုင္ ၁၆
ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ဘက္ကမ္း႐ိုးတန္းေတြကေန ပစိဖိတ္အထိ က်ယ္ျပန႔္တဲ့ဧရိယာေတြမွာ တ႐ုတ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြ အရွိန္အဟုန္ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး ဂ်ပန္အစိုးရက သတိေပးမႈေတြလုပ္ေဆာင္ခဲ့ တယ္လို႔ သိရပါတယ္။ တ႐ုတ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြ ျမင့္တက္လာတာကို အႀကီးဆုံးမဟာဗ်ဴဟာေျမာက္ စိန္ေခၚမႈတစ္ခုအျဖစ္ ဂ်ပန္အစိုးရက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္နဲ႔႐ုရွားတို႔ရဲ႕ပူးတြဲ စစ္ဆင္ေရးေတြႀကီးထြားလာတာဟာ ဂ်ပန္အတြက္ လုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြကိုျဖစ္ေပၚေစတယ္လို႔ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံတကာလူ႔အဖြဲ႕အစည္းဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း အႀကီးမားဆုံးစိန္ေခၚမႈေတြကို ရင္ဆိုင္ေနရမႈနဲ႔ အတူ ေခတ္သစ္အက်ပ္အတည္းကာလကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။
တ႐ုတ္-အေမရိကန္ၿပိဳင္ဆိုင္မႈေတြျပင္းထန္လာမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြျမင့္တက္ေနခ်ိန္မွာပဲ ကမာၻလုံး ဆိုင္ရာထိန္းညႇိမႈေတြမွာ သိသာထင္ရွားတဲ့အေျပာင္းအလဲေတြကို ကိုးကားၿပီး ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈေတြဟာ အင္ဒို-ပစိဖိတ္ေဒသမွာ အဓိကျဖစ္ေပၚေနၿပီး လာမယ့္အနာဂါတ္မွာ ပိုမိုဆိုး႐ြားလာႏိုင္တယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။