ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ် စီမံခန့်ခွဲမှုစနစ်ကောင်းမွန်စေရန် ရှေ့ပြေးဥပဒေရုံးများကို တိုးချဲ့တည်ထောင်သွားမည်

477

စော (NP New) - မတ် ၂၄
ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ် စီမံခန့်ခွဲမှုစနစ်ကောင်းမွန်စေရန် ရှေ့ပြေးဥပဒေရုံးများကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။
ဒေါက်တာသီတာဦးက ယမန်နေ့ (မတ်လ ၂၃ ရက်)က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၌ တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ် စီမံခန့်ခွဲမှုစနစ် ကောင်းမွန်စေရန် ရှေ့ပြေးဥပဒေရုံး ၁၈ ရုံးအပြင် မဟာဗျူဟာစီမံကိန်း (၂၀၂၅ - ၂၀၂၉)အရ ရှေ့ပြေးဥပဒေရုံးများ ကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသီတာဦးက ထည့်သွင်းမှာကြားခဲ့သည်။
အဆိုပါစီမံကိန်းအရ ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းနှင့် တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေ ရှေ့ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ Grade- 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေ ဘာသာရပ်ထည့်သွင်းပို့ချနိုင်ရန် ဆောင်ရွက်ခြင်းနှင့် e-library တည်ထောင်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများကိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်နိုင်ရေးအတွက် Grade-11၊ Grade-12 ဆရာ/ဆရာမများကို ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဥပဒေအသိပညာပြန့်ပွားစေရေးအတွက် နိုင်ငံ့ဝန်ထမ်းပေါင်း (၃၁၀၁၀၂) ဦးကို ဗဟုသုတဖြန့်ဝေနိုင်ခဲ့ပြီး ဥပဒေအရာရှိများ၏ အရည်အသွေးမြင့်မားရေးဆိုင်ရာ သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဥပေဒ႐ုံးအဆင့္ဆင့္တြင္ အမႈကိစၥရပ္ စီမံခန႔္ခြဲမႈစနစ္ေကာင္းမြန္ေစရန္ ေရွ႕ေျပးဥပေဒ႐ုံးမ်ားကို တိုးခ်ဲ႕တည္ေထာင္သြားမည္
ေစာ (NP New) - မတ္ ၂၄
ဥပေဒ႐ုံးအဆင့္ဆင့္တြင္ အမႈကိစၥရပ္ စီမံခန႔္ခြဲမႈစနစ္ေကာင္းမြန္ေစရန္ ေရွ႕ေျပးဥပေဒ႐ုံးမ်ားကို တိုးခ်ဲ႕တည္ေထာင္သြားမည္ျဖစ္ေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက ေျပာသည္။
ေဒါက္တာသီတာဦးက ယမန္ေန႔ (မတ္လ ၂၃ ရက္)က ေနျပည္ေတာ္ရွိ ဥပေဒေရးရာဝန္ႀကီးဌာန၌ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ဥပေဒ႐ုံးအဆင့္ဆင့္တြင္ အမႈကိစၥရပ္ စီမံခန႔္ခြဲမႈစနစ္ ေကာင္းမြန္ေစရန္ ေရွ႕ေျပးဥပေဒ႐ုံး ၁၈ ႐ုံးအျပင္ မဟာဗ်ဴဟာစီမံကိန္း (၂၀၂၅ - ၂၀၂၉)အရ ေရွ႕ေျပးဥပေဒ႐ုံးမ်ား ကို တိုးခ်ဲ႕တည္ေထာင္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာသီတာဦးက ထည့္သြင္းမွာၾကားခဲ့သည္။
အဆိုပါစီမံကိန္းအရ ဥပေဒအသိပညာဆိုင္ရာ ဒီပလိုမာဘြဲ႕သင္တန္းႏွင့္ တကၠသိုလ္ေက်ာင္းသားမ်ားႏွင့္ ေရွ႕ေန ေရွ႕ရပ္မ်ားအတြက္ ဥပေဒပညာရပ္ဆိုင္ရာ သင္တန္းမ်ား ဖြင့္လွစ္ျခင္း၊ Grade- 12 သင္႐ိုးၫႊန္းတမ္းတြင္ ဥပေဒ ဘာသာရပ္ထည့္သြင္းပို႔ခ်ႏိုင္ရန္ ေဆာင္႐ြက္ျခင္းႏွင့္ e-library တည္ေထာင္ျခင္းတို႔ကို တိုးခ်ဲ႕ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အေျခခံပညာအဆင့္ ေက်ာင္းသားေက်ာင္းသူမ်ားကိုပါ ဥပေဒအသိပညာျပန႔္ပြားေရး ေဆာင္႐ြက္ႏိုင္ေရးအတြက္ Grade-11၊ Grade-12 ဆရာ/ဆရာမမ်ားကို ဥပေဒအသိပညာျပန႔္ပြားေရး ဆရာျဖစ္သင္တန္း ဖြင့္လွစ္ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ ဥပေဒအသိပညာျပန႔္ပြားေစေရးအတြက္ ႏိုင္ငံ့ဝန္ထမ္းေပါင္း (၃၁၀၁၀၂) ဦးကို ဗဟုသုတျဖန႔္ေဝႏိုင္ခဲ့ၿပီး ဥပေဒအရာရွိမ်ား၏ အရည္အေသြးျမင့္မားေရးဆိုင္ရာ သင္တန္းမ်ားကိုလည္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။