ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်ရယူဖို့အတွက် အဆိုပြုချက်အသစ်တစ်ခုကို အီဂျစ်တင်သွင်း

 230

Pika (NP News) - မတ် ၂၅

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြန်လည်ရယူနိုင်ဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်အသစ်ကို အီဂျစ်အစိုးရက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အချိန်(၂၄)နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၆၅)ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုမှုနဲ့အတူ အီဂျစ်အစိုးရရဲ့ အဆိုပြုချက်အသစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

အစ္စရေးက ဟားမတ်လက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းနဲ့မြေပြင်စစ်ဆင်ရေးတွေကို ပြန်လည်စတင်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ အဆိုပါအဆိုပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြန်လည်စတင်လိုက်ပြီးနောက်ပိုင်းကတည်းက အမျိုးသမီးနဲ့ ကလေးငယ် အနည်းဆုံး(၄၀၀)ဦးအပါအဝင် ပါလက်စတိုင်း(၇၀၀)နီးပါး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ၎င်းတို့ရဲ့ အကြီးတန်းနိုင်ငံရေးနဲ့ လုံခြုံရေးအရာရှိ အများအပြားလည်း အသတ်ခံခဲ့ရတယ်လို့ ဟားမတ်လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။

အဆိုပြုချက်အသစ်မှာ ဟားမတ်လက်နက်ကိုင်အဖွဲ့ကို သီတင်းပတ်တစ်ပတ်မှာ အစ္စရေးဓားစာခံ(၅)ဦးကို လွှတ်ပေးဖို့တောင်းဆိုထားပြီး ပထမသီတင်းပတ်အပြီးမှာ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အစ္စရေးက အကောင်အထည်ဖော်လိမ့်မယ်လို့ လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပါတယ်။

zawgyi version
ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ျပန္လည္ရယူဖို႔အတြက္ အဆိုျပဳခ်က္အသစ္တစ္ခုကို အီဂ်စ္တင္သြင္း
Pika (NP News) - မတ္ ၂၅

ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ျပန္လည္ရယူႏိုင္ဖို႔ ရည္႐ြယ္တဲ့ အဆိုျပဳခ်က္အသစ္ကို အီဂ်စ္အစိုးရက တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့အခ်ိန္(၂၄)နာရီအတြင္း ဂါဇာကမ္းေျမာင္ေဒသအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၆၅)ဦးေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးအာဏာပိုင္ေတြက ထုတ္ျပန္ေျပာဆိုမႈနဲ႔အတူ အီဂ်စ္အစိုးရရဲ႕ အဆိုျပဳခ်က္အသစ္ထြက္ေပၚလာတာျဖစ္ပါတယ္။

အစၥေရးက ဟားမတ္လက္နက္ကိုင္အဖြဲ႕အေပၚ ေလေၾကာင္းနဲ႔ေျမျပင္စစ္ဆင္ေရးေတြကို ျပန္လည္စတင္လိုက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အဆိုပါအဆိုျပဳခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕ စစ္ဆင္ေရးေတြ ျပန္လည္စတင္လိုက္ၿပီးေနာက္ပိုင္းကတည္းက အမ်ိဳးသမီးနဲ႔ ကေလးငယ္ အနည္းဆုံး(၄၀၀)ဦးအပါအဝင္ ပါလက္စတိုင္း(၇၀၀)နီးပါး ေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြအတြင္း ၎တို႔ရဲ႕ အႀကီးတန္းႏိုင္ငံေရးနဲ႔ လုံၿခဳံေရးအရာရွိ အမ်ားအျပားလည္း အသတ္ခံခဲ့ရတယ္လို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

အဆိုျပဳခ်က္အသစ္မွာ ဟားမတ္လက္နက္ကိုင္အဖြဲ႕ကို သီတင္းပတ္တစ္ပတ္မွာ အစၥေရးဓားစာခံ(၅)ဦးကို လႊတ္ေပးဖို႔ေတာင္းဆိုထားၿပီး ပထမသီတင္းပတ္အၿပီးမွာ အပစ္အခတ္ရပ္စဲေရး ဒုတိယအဆင့္ကို အစၥေရးက အေကာင္အထည္ေဖာ္လိမ့္မယ္လို႔ လုံၿခဳံေရးသတင္းရင္းျမစ္ႏွစ္ခုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.